သတ္လတ္ပိုင္းေရာက္ရင္ ဘယ္လိုေတြးေခၚျပီး ဘာေတြလုပ္သင့္လဲ

0
233

သင္ဟာ အသက္အရြယ္ အလတ္ပိုင္းထဲဝင္လာျပီဆိုရင္ ဘဝရဲ႕တစ္ဝက္ကို အေတြ႕အႀကံဳမ်ားစြာ အခက္အခဲမ်ားစြာနဲ႕ ေက်ာ္ျဖတ္လာခဲ့ျပီျဖစ္ပါတယ္။ တခ်ိဳ႕လူေတြက်ေတာ့လဲ အေရွ႕ပိုင္းကာလမွာ အခက္အခဲသိပ္မရွိခဲ့ေပမယ့္ ေနာက္ပိုင္းကာလမွသာ အခက္အခဲေတြကို ရင္ဆိုင္ၾကရတတ္ပါတယ္။ ဒီလိုအခက္အခဲေတြႀကံဳလာျပီဆိုရင္ ဘယ္လိုရင္ဆိုင္မလဲ ဘယ္လိုဖယ္ရွားႏိုင္မလဲဆိုတာ ေဖာ္ျပေပးပါမယ္။

၁။ အရမ္းႀကီးေနာက္မက်ေသးဘူးဆိုတာ ယံုၾကည္ထားပါ

သင္ဟာအသက္အရြယ္အလတ္ပိုင္း ေရာက္ျပီဆိုရင္ ဘယ္အရာမဆို ေစ့ေစ့စပ္စပ္ေသေသခ်ာခ်ာ လုပ္ကိုင္ရေတာ့မွာ ျဖစ္ပါတယ္။ အခ်ိန္အတိုင္းအတာတြက္ စိတ္မပူဘဲ ေနာက္မက်ေသးဘူးဆိုတာ ယံုၾကည္ထားလိုက္ပါ။ စာေရးတာေတြ ေတာင္တက္တာေတြ ငယ္ရြယ္တဲ့အခ်ိန္ေတြတုန္းက မသြားျဖစ္ခဲ့တဲ့ ခရီးေတြကို အခ်ိန္ရတုန္း သြားပါ။ လည္ပတ္ပါ။

၂။ ဦးစားေပးတဲ့အစီအစဥ္ေတြကို အကဲျဖတ္ပါ

ကိုယ္ခ်မွတ္ထားတဲ့အစီအစဥ္ေတြဟာ အခ်ိန္ေက်ာ္လြန္မႈ နဲ႕ ေကာင္းတဲ့ရည္ရြယ္ခ်က္ေတြကို ေျပာင္းလဲေစႏိုင္ပါ တယ္။ တခ်ိဳ႕ကိုယ္ေမ်ွာ္လင့္ထားတဲ့ အိမ္မက္ေတြဟာ လက္ေတြ႕မွာ ကိုယ္နဲ႕မကိုက္ညီတာေတြလဲရွိပါတယ္။ ဥပမာ ေပၚေရွးကား တစ္စီးဝယ္စီးႏိုင္ရမယ္ဆိုတဲ့ ရည္ရြယ္ခ်က္ဟာ မျပည့္ဝဘဲ အခုလက္ရွိမွာ တခုခုေၾကာင့္ အျငိမ္းစားယူ ေနရသလိုေပါ့။

၃။ အရာရာကို ေစာင့္ဆိုင္းေနျခင္းအား ရပ္ပါ

ကိုယ္ဘာလုပ္ခ်င္တယ္ ကိုယ္ဘာျဖစ္ခ်င္တယ္ဆိုတာ ေသခ်ာဆံုးျဖတ္ျပီး ခ်က္ခ်င္းလုပ္ပါ။ အဲ့လိုမ်ိဳးမလုပ္ဘဲနဲ႕ အခ်ိန္ေတြသာ ဆြဲေနမယ္ဆိုရင္ေတာ့ သင့္ဆႏၵေတြမျပည့္ဝႏိုင္ဘဲ စိုးရိမ္ပူပန္မႈေတြလဲ ရွိလာပါလိမ့္မယ္။

၄။ သင့္ရဲ႕ေနာင္တရမႈေတြကို ကိုင္တြယ္ေျဖရွင္းပါ

ေျပာခ်င္တာက ကြ်န္ေတာ္တို႔အားလံုးမွာ ေနာင္တဆိုတာရွိၾက ၾကံဳဖူးၾကပါတယ္။ ကိုယ္ရတဲ့ ေနာင္တေတြ အမွားေတြကို ျပန္လည္ျပင္ဆင္လို႔မရေတာ့ေပမယ့္ သင္ခန္းစာယူလို႔ရပါတယ္။ ေနာက္အဲလိုမျဖစ္ေအာင္ ဆင္ျခင္ ေနထိုင္သင့္ပါတယ္။ မာနတခြဲသားနဲ႕မေနဘဲ ေတာင္းပန္စရာရွိတာာကို ေတာင္းပန္လိုက္ပါ။

၅။ သူငယ္ခ်င္းေတြနဲ႔ အဆက္အသြယ္မျပတ္ေနပါ

သင့္မွာသူငယ္ခ်င္းေကာင္းတစ္ေယာက္ေတာ့ရွိသင့္ပါတယ္။ ဘယ္အရာမဆို တစ္ေယာက္ထဲ လုပ္ကိုင္လို႔မရပါ။ အေပါင္းအသင္းမ်ားေလ အႀကံေတြလဲအမ်ားႀကီးရႏိုင္ပါတယ္။ သူငယ္ခ်င္းေတြဟာ သင့္ကို အႀကံဥာဏ္ေတြ ေပ်ာ္ရႊင္မႈေတြ ေပးႏိုင္ပါတယ္။ အေပါင္းအသင္း သူငယ္ခ်င္းေတြရဲ႕ စြမ္းအားကို ေလ်ွာ့မတြက္ပါနဲ႕။

၆။ ကိုယ့္ပံုစံေလးနဲ႕ကိုယ္ ေနထိုင္ပါ။

က်န္းမာျခင္းဟာ လာဘ္တစ္ပါးပါ။ က်န္းမာေစဖို႔ ေလ့က်င့္ခန္းမ်ားမ်ားလုပ္ပါ။ ကိုယ္ပိုင္းဆိုင္ရာ က်န္းမာမွ စိတ္ပိုင္းဆိုင္ရာ က်န္းမာျပီး ခြန္အားေတြလဲ တိုးပြားေစမွာပါ။ ေလ့က်င့္ခန္းပံုမွန္လုပ္ေပးျခင္းရဲ႕ အက်ိဳးေက်းဇူး ေတြကေတာ့ သင့္ကိုခႏၶာကိုယ္ၾကံ႕ခိုင္ေစ႐ံုသာမက စိတ္ဓါတ္လဲႀကံ႕ခိုင္လာေစမွာ အမွန္ပါပဲ။
Cool
MyanmarNote

Unicode Veresion
သတ်လတ်ပိုင်းရောက်ရင် ဘယ်လိုတွေးခေါ်ပြီး ဘာတွေလုပ်သင့်လဲ

သင်ဟာ အသက်အရွယ် အလတ်ပိုင်းထဲဝင်လာပြီဆိုရင် ဘဝရဲ့တစ်ဝက်ကို အတွေ့အကြုံများစွာ အခက်အခဲများစွာနဲ့ ကျော်ဖြတ်လာခဲ့ပြီဖြစ်ပါတယ်။ တချို့လူတွေကျတော့လဲ အရှေ့ပိုင်းကာလမှာ အခက်အခဲသိပ်မရှိခဲ့ပေမယ့် နောက်ပိုင်းကာလမှသာ အခက်အခဲတွေကို ရင်ဆိုင်ကြရတတ်ပါတယ်။ ဒီလိုအခက်အခဲတွေကြုံလာပြီဆိုရင် ဘယ်လိုရင်ဆိုင်မလဲ ဘယ်လိုဖယ်ရှားနိုင်မလဲဆိုတာ ဖော်ပြပေးပါမယ်။

၁။ အရမ်းကြီးနောက်မကျသေးဘူးဆိုတာ ယုံကြည်ထားပါ

သင်ဟာအသက်အရွယ်အလတ်ပိုင်း ရောက်ပြီဆိုရင် ဘယ်အရာမဆို စေ့စေ့စပ်စပ်သေသေချာချာ လုပ်ကိုင်ရတော့မှာ ဖြစ်ပါတယ်။ အချိန်အတိုင်းအတာတွက် စိတ်မပူဘဲ နောက်မကျသေးဘူးဆိုတာ ယုံကြည်ထားလိုက်ပါ။ စာရေးတာတွေ တောင်တက်တာတွေ ငယ်ရွယ်တဲ့အချိန်တွေတုန်းက မသွားဖြစ်ခဲ့တဲ့ ခရီးတွေကို အချိန်ရတုန်း သွားပါ။ လည်ပတ်ပါ။

၂။ ဦးစားပေးတဲ့အစီအစဉ်တွေကို အကဲဖြတ်ပါ

ကိုယ်ချမှတ်ထားတဲ့အစီအစဉ်တွေဟာ အချိန်ကျော်လွန်မှု နဲ့ ကောင်းတဲ့ရည်ရွယ်ချက်တွေကို ပြောင်းလဲစေနိုင်ပါ တယ်။ တချို့ကိုယ်မျှော်လင့်ထားတဲ့ အိမ်မက်တွေဟာ လက်တွေ့မှာ ကိုယ်နဲ့မကိုက်ညီတာတွေလဲရှိပါတယ်။ ဥပမာ ပေါ်ရှေးကား တစ်စီးဝယ်စီးနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ဟာ မပြည့်ဝဘဲ အခုလက်ရှိမှာ တခုခုကြောင့် အငြိမ်းစားယူ နေရသလိုပေါ့။

၃။ အရာရာကို စောင့်ဆိုင်းနေခြင်းအား ရပ်ပါ

ကိုယ်ဘာလုပ်ချင်တယ် ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ သေချာဆုံးဖြတ်ပြီး ချက်ချင်းလုပ်ပါ။ အဲ့လိုမျိုးမလုပ်ဘဲနဲ့ အချိန်တွေသာ ဆွဲနေမယ်ဆိုရင်တော့ သင့်ဆန္ဒတွေမပြည့်ဝနိုင်ဘဲ စိုးရိမ်ပူပန်မှုတွေလဲ ရှိလာပါလိမ့်မယ်။

၄။ သင့်ရဲ့နောင်တရမှုတွေကို ကိုင်တွယ်ဖြေရှင်းပါ

ပြောချင်တာက ကျွန်တော်တို့အားလုံးမှာ နောင်တဆိုတာရှိကြ ကြုံဖူးကြပါတယ်။ ကိုယ်ရတဲ့ နောင်တတွေ အမှားတွေကို ပြန်လည်ပြင်ဆင်လို့မရတော့ပေမယ့် သင်ခန်းစာယူလို့ရပါတယ်။ နောက်အဲလိုမဖြစ်အောင် ဆင်ခြင် နေထိုင်သင့်ပါတယ်။ မာနတခွဲသားနဲ့မနေဘဲ တောင်းပန်စရာရှိတာာကို တောင်းပန်လိုက်ပါ။

၅။ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်နေပါ

သင့်မှာသူငယ်ချင်းကောင်းတစ်ယောက်တော့ရှိသင့်ပါတယ်။ ဘယ်အရာမဆို တစ်ယောက်ထဲ လုပ်ကိုင်လို့မရပါ။ အပေါင်းအသင်းများလေ အကြံတွေလဲအများကြီးရနိုင်ပါတယ်။ သူငယ်ချင်းတွေဟာ သင့်ကို အကြံဉာဏ်တွေ ပျော်ရွှင်မှုတွေ ပေးနိုင်ပါတယ်။ အပေါင်းအသင်း သူငယ်ချင်းတွေရဲ့ စွမ်းအားကို လျှော့မတွက်ပါနဲ့။

၆။ ကိုယ့်ပုံစံလေးနဲ့ကိုယ် နေထိုင်ပါ။

ကျန်းမာခြင်းဟာ လာဘ်တစ်ပါးပါ။ ကျန်းမာစေဖို့ လေ့ကျင့်ခန်းများများလုပ်ပါ။ ကိုယ်ပိုင်းဆိုင်ရာ ကျန်းမာမှ စိတ်ပိုင်းဆိုင်ရာ ကျန်းမာပြီး ခွန်အားတွေလဲ တိုးပွားစေမှာပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းရဲ့ အကျိုးကျေးဇူး တွေကတော့ သင့်ကိုခန္ဓာကိုယ်ကြံ့ခိုင်စေရုံသာမက စိတ်ဓါတ်လဲကြံ့ခိုင်လာစေမှာ အမှန်ပါပဲ။
Cool
MyanmarNote