0
608
Lwin Phay Oo
ပြည့်တန်ဆာ အပေါများဆုံး နိုင်ငံ (၁၀) နိုင်ငံ
လူကြီးလူငယ်မရွေး အပျော်ရှာတတ်ကြပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံကိုအလည်အပတ်ရောက်ရှိကြတဲ့ ကမ္ဘာအနှံအပြားက လူတော်တော်များက အဲ့ဒီဟာအတွက်ပဲ ဖြစ်ကြတယ်ဆိုတာ မသိသူမရှိလောက်ပါဘူးနော်။
လူတစ်သောင်းမှာ လိင်လုပ်သားအများဆုံးရှိတဲ့ နိုင်ငံ (၁၀) နိုင်ငံကို Live & Invest Overseas News ထုတ်ပြန်ကြောညာလိုက်ပါတယ်။ ကဲ ဘယ်နိုင်ငံတွေလဲဆိုတာ ဆက်ပြီးကြည့်လိုက်ရအောင်နော်…
ထိုင်းနိုင်ငံ (လူတစ်သောင်းမှာ ၄၅ ဟာလိင်လုပ်သားအဖြစ်လုပ်ကိုင်နေ )
အံသြစရာကောင်းလောက်အောင်ပဲထိုင်းနိုင်မှာ ပြည့််တန်ဆာလုပ်ခြင်းကိုတရားဝင်ခွင့်ပြုထားတဲ့နိုင်ငံပဲဖြစ်ပါတယ်။ ဒါပေမယ့် တရားမဝင်လုပ်ကိုင်တာတွေစည်းမဲ့ကမ်းမဲ့ များပြားနေပြီ အနည်းငယ်လောက်သာ စည်းစနစ်ကျကျထိန်းချုပ်ထားနိုင်ပါသေးတယ်။
ဂျာမနီ(လူတစ်သောင်းမှာ ၄၉ဟာလိင်လုပ်သားအဖြစ်လုပ်ကိုင်နေ)
AD ၁၂၀၀ ခန့်ကတည်းက ပြည့်တန်ဆာလုပ်ငန်းကို ထိန်းချုပ်လုပ်ကိုင်ခွင့််ပြုထားတာပါ။ တစ်ခြား ဥရောပနိုင်ငံတွေနဲ့မတူညီပဲ ဂျာမနီနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းက တွင်ကျယ်စွာနဲ့ တရားဝင်လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေလျက်ရှိပါတယ်။
မလေးရှား (လူတစ်သောင်းမှာ ၅၂ ယောက်ဟာလိင်လုပ်သားအဖြစ်လုပ်ကိုင်နေ)
လူ့အခွင့်အရေးချိးဖောက်မှု၊ လူကုန်ကူးမှုတွေနှင့် အသက်မပြည့်သူများကို လိင်လုပ်သားအဖြစ် စေခိုင်းမှုတွေကြောင့် အမေရိကန်နိုင်ငံက မလေးရှားနိုင်ငံကို နာမည်ပျက်စာရင်းသွင်းထားပါတယ်။
ဘရားဇီးလ်(လူတစ်သောင်းမှာ ၅၃ ယောက်ဟာလိင်လုပ်သားအဖြစ်လုပ်ကိုင်နေ)
ဘရာဇီးလ်နိုင်ငံမှာ မိမိကိုယ်မိမိ လိင်လုပ်သားအဖြစ်လုပ်ကိုင်ခြင်းက တရားဝင်ပေမယ့်၊ ပြည့်တန်ဆာလုပ်ငန်းကြီးအနေနဲ့ လုပ်ကိုင်ခြင်းတွေကိုတော့ တရားဝင်ခွင့်ပြုမထားတဲ့အချက်ကတော့ ဝိရောဓိဖြစ်စရာပါ။
တရုတ်နိုင်ငံ(လူတစ်သောင်းမှာ ၆၀ ယောက်ဟာလိင်လုပ်သားအဖြစ်လုပ်ကိုင်နေ)
လေ့လာခန့်မှန်းချက်များအရ တရုတ်နိုင်ငံရဲ့ ပျမ်းမျှဝင်ငွေ (၅)ရာခိုင်နှုန်းက ပြည့်တန်ဆာလုပ်ငန်းတွေကရရှိ သော်ခြားလည်း တရားဝင်တော့မဟုတ်ပါဘူး။
နိုင်ဂျီရီးယား (လူတစ်သောင်းမှာ ၆၃ယောက်ဟာလိင်လုပ်သားအဖြစ်လုပ်ကိုင်နေ)
နိုင်ဂျီရီးယားနိုင်ငံရဲ့ လိင်လုပ်ငန်းဈေးကွက်တွေက အနောက်နိုင်ငံရဲ့ အိမ်ထောင်ကွဲအမျိုးသမီးများ အပေါ်အားထားရပါတယ်။ လာဂိုစ် မြို့ဖောက်သည်တွေက သာမန်အားဖြင့်တော့ခုံတန်းရှည်တွေမှာမဟုတ်ဘဲ မွေ့ရာအစရှိတဲ့ ဇိမ်ခံပစ္စည်းတွေပေါ် ခပ်မြန်မြန်ချစ်တင်းနှောလေ့ရှိသလို ရပ်နေလျက်ပင် ပြုလုပ်လေ့ရှိကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံ(လူတစ်သောင်းမှာ ၈၅ယောက်ဟာ လိင်လုပ်သားဖြင်လုပ်ကိုင်နေ)
ဒီနိုင်ငံရဲ့ ပြည့်တန်ဆာအများစုဟာ ဘားမိန်းကလေးအဖြစ်နဲ့ မြင်လွယ်တဲ့နေရာတွေမှာလုပ်ကိုင်နေကြသလို၊ လိင်ရောဂါတွေ ရှိမရှိ ပုံမှန်ဆေးစစ်မူတွေလဲရှိပါတယ်။
ပီရူးနိုင်ငံ (လူတစ်သောင်းမှာ ၁၀၂ ယောက်ဟာလိင်လုပ်သားအဖြစ်လုပ်ကိုင်နေ)
အသက် (၁၈) နှစ်ပြည့်ပြီးတဲ့ မိန်းကလေးတွေဟာ သက်ဆိုင်ရာအုပ်ချုပ်ရေးနယ်ကနေ ကျန်းမာရေးကောင်းကြောင်းလက်မှတ်ရရှိတာနဲ့ ပြည့်တန်ဆာအဖြစ် တရားဝင်လုပ်ကိုင်ခွင့်ရှိပါတယ်။
တောင်ကိုရီးယား(လူတစ်သောင်းမှာ ၁၁၀ ယောက်ဟာလိင်လုပ်သားအဖြစ်လုပ်ကိုင်နေ)
တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးကိုကြည့်မယ်ဆိုရင်တော့ ဂီတ တစ်ခုတည်းကြောင့် ဝင်ငွေတွေမြှင့်တက်လာမဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အန္တာရယ်ဖြစ်ခြင်းတွေကို ဥပဒေအရ ကာကွယ်နိုင်မှုရှိပေမဲ့ လိင်လုပ်ငန်းတွေကတော့ တရားမဝင်အဖြစ်ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။
ဗင်နီဇွဲလား(လူတစ်သောင်းမှာ ၁၁၉ယောက်ဟာလိင်လုပ်သားအဖြစ်လုပ်ကိုင်နေ)
တိုင်းပြည်ရဲ့ ဆင်းရဲမွဲတေ မှုတွေကြောင့် ဒီလို လိင်လုပ်ငန်းတွေဖြစ်ပေါ်လာတာဖြစ်ပြီး လုပ်ကိုင်နေသူ (၂၀) ရာခိုင်နှုန်းလောက်သာ ဗင်နီဇွဲလားမှာ မွေးဖွားလာတာဖြစ်ပါတယ်။
Lwin Phay Oo