ေလလည္ျပီးအႏုိင္က်င့္တဲ့ အထက္အရာရွိကုိ ေလ်ာ္ေၾကးေတာင္းေပမယ့္ ျငင္းပယ္ခံခဲ့ရသူ

0
81

ၾသစေၾတးလ်ကအမ်ိဳးသားတစ္ေယက္ကေတာ့ သူရဲ႕ အထက္အရာရွိက တစ္ေန႕ကို အႀကိမ္မ်ားစြာ ေလလည္ၿပီး အႏုိင္က်င့္တာေၾကာင့္ တရားစြဲဆုိ ေလ်ာ္ေၾကးေတာင္းခဲ့ေပမယ့္ ျငင္းပယ္ခံခဲ့ရတယ္လုိ႕သိရပါတယ္။

ေဒးဗစ္ဟင့္ခ်္ ဆုိသူ ၾသစေၾတးလ်ႏုိင္ငံသားတစ္ေယာက္က သူရဲ႕ အထက္အရာရွိေဟာင္း ေဆာက္လုပ္ေရးအင္ဂ်င္နီယာပိုင္းက သူရဲ႕ ထိခုိက္နစ္နာမႈအတြက္ အေမရိကန္ေဒၚလာ ၁.၂၇ သန္းေတာင္းဆုိခဲ့ပါတယ္။

အေၾကာင္းကေတာ့ သူရဲ႕ အထက္အရာရွိျဖစ္သူ ေဂ်ာ့ေရွာ့က ျပတင္းေပါက္မရွိတဲ့ အမ်ားသံုးရံုးခန္းအတြင္းမွာ အႀကိမ္မ်ားစြာေလလည္ၿပီး ရံုးခန္းအသစ္ကိုေျပာင္းေအာင္ ဖိအားေပးခဲ့တာေၾာင့္လုိ႕သိရပါတယ္။ ေဒးဗစ္က ‘ သူက က်ြန္ေတာ္အေနာက္မွာလာ အီးေပါက္ၿပီး ထြက္ေျပးသြားတာ ဒါမ်ိဳး တစ္ေန႕ကို ၅ ႀကိမ္ ၆ ႀကိမ္ေလာက္လုပ္တယ္။ အလုပ္ခ်ိန္အတြင္းမွာကို သူကသူ႕တင္ပါးကို ကြ်န္ေတာ္ဘက္လွည့္ၿပီးကို အီးေပါက္တာ’ လုိ႕ ေျပာဆုိခဲပါတယ္။

ဒီလုိမ်ိဳး မစၥတာေရွာ႕ရဲ႕ လုပ္ရပ္ေၾကာင့္ ေဒးဗစ္အေနနဲ႕ စိတ္ဒုကၡေရာက္ခဲ့ရတယ္လုိ႔ဆိုပါတယ္။ ဒါေၾကာင့္သူက အဲ့အမႈအတြက္ တုိင္ၾကားခဲ့ၿပီး ေဒၚလာ ၁.၂၇ သန္း ေတာင္းဆုိခဲ့တာပါ။ ဒါေပမယ့္ တရားရံုးကေတာ့ လုပ္ေဖာ္ကုိင္ဖက္ၾကားမွာ ေလလည္တာမ်ိဳးက အႏိုင္က်င့္တာမ်ိုဳးမဟုတ္တဲ့အတြက္ ေဒးဗစ္ရဲ႕ တုိင္ၾကားမႈကို ပယ္ခ်ခဲ့ပါတယ္။

Lwin Phay Oo
MyanmarNote
Ref: mirror.co.uk

Unicode Version
လေလည်ပြီးအနိုင်ကျင့်တဲ့ အထက်အရာရှိကို လျော်ကြေးတောင်းပေမယ့် ငြင်းပယ်ခံခဲ့ရသူ

သြစတြေးလျကအမျိုးသားတစ်ယေက်ကတော့ သူရဲ့ အထက်အရာရှိက တစ်နေ့ကို အကြိမ်များစွာ လေလည်ပြီး အနိုင်ကျင့်တာကြောင့် တရားစွဲဆို လျော်ကြေးတောင်းခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရတယ်လို့သိရပါတယ်။

ဒေးဗစ်ဟင့်ချ် ဆိုသူ သြစတြေးလျနိုင်ငံသားတစ်ယောက်က သူရဲ့ အထက်အရာရှိဟောင်း ဆောက်လုပ်ရေးအင်ဂျင်နီယာပိုင်းက သူရဲ့ ထိခိုက်နစ်နာမှုအတွက် အမေရိကန်ဒေါ်လာ ၁.၂၇ သန်းတောင်းဆိုခဲ့ပါတယ်။

အကြောင်းကတော့ သူရဲ့ အထက်အရာရှိဖြစ်သူ ဂျော့ရှော့က ပြတင်းပေါက်မရှိတဲ့ အများသုံးရုံးခန်းအတွင်းမှာ အကြိမ်များစွာလေလည်ပြီး ရုံးခန်းအသစ်ကိုပြောင်းအောင် ဖိအားပေးခဲ့တာေြာင့်လို့သိရပါတယ်။ ဒေးဗစ်က ‘ သူက ကျွန်တော်အနောက်မှာလာ အီးပေါက်ပြီး ထွက်ပြေးသွားတာ ဒါမျိုး တစ်နေ့ကို ၅ ကြိမ် ၆ ကြိမ်လောက်လုပ်တယ်။ အလုပ်ချိန်အတွင်းမှာကို သူကသူ့တင်ပါးကို ကျွန်တော်ဘက်လှည့်ပြီးကို အီးပေါက်တာ’ လို့ ပြောဆိုခဲပါတယ်။

ဒီလိုမျိုး မစ္စတာရှော့ရဲ့ လုပ်ရပ်ကြောင့် ဒေးဗစ်အနေနဲ့ စိတ်ဒုက္ခရောက်ခဲ့ရတယ်လို့ဆိုပါတယ်။ ဒါကြောင့်သူက အဲ့အမှုအတွက် တိုင်ကြားခဲ့ပြီး ဒေါ်လာ ၁.၂၇ သန်း တောင်းဆိုခဲ့တာပါ။ ဒါပေမယ့် တရားရုံးကတော့ လုပ်ဖော်ကိုင်ဖက်ကြားမှာ လေလည်တာမျိုးက အနိုင်ကျင့်တာမျိုုးမဟုတ်တဲ့အတွက် ဒေးဗစ်ရဲ့ တိုင်ကြားမှုကို ပယ်ချခဲ့ပါတယ်။

Lwin Phay Oo
MyanmarNote
Ref: mirror.co.uk