လူေတြ၊ သတၱဝါေတြထဲမွာ လက္ရွိအသက္အႀကီးဆုံးအျဖစ္ ရပ္တည္ေနတဲ့ လိပ္ဖုိးဖုိး

0
43

အခုအခ်ိန္မွာ အသ္(၁၈၇)ႏွစ္ကို ေရာက္ေနၿပီျဖစ္တဲ့ ဖုိးသက္ရွည္ လိပ္ဖုိးဖုိးႀကီးတစ္ေကာင္ဟာ လက္ရွိအသက္ရွင္ေနထုိင္ၾကတဲ့ သတၱဝါေတြ၊ လူေတြထဲမွာေတာ့ အသက္အႀကီးဆုံးအျဖစ္ ရပ္တည္ေနေၾကာင္း သိရပါတယ္။ လိပ္ႀကီးရဲဲ႕နာမည္ကေတာ့ Jonathan  ျဖစ္ၿပီး (၁၈၃၂)မွာ ေမြးဖြားခဲ့တဲ့ လိပ္ႀကီးပါ။

Jonathan ရဲ႕မ်ိဳး႐ုိးကေတာ့ Seychelles giant tortoise (Aldabra giant tortoise) ျဖစ္ပါတယ္။ လိပ္ႀကီးဟာ လက္ရွိအခ်ိန္မွာေတာ့ အျခားလိပ္ေတြေလာက္ လွ်င္ျမန္ျဖတ္လက္မႈ မရွိေတာ့သလုိ၊ ႀကီးလာတဲ့အရြယ္ေၾကာင့္ မ်က္လုံးလည္း မျမင္ရေတာ့ဘူးလုိ႔ သူ႕ကို ေစာင့္ေရွာက္တဲ့ တိ/ကုက ေျပာပါတယ္။

လိပ္ဖုိးဖုိး Jonathan  ဟာ ေတာင္အတၱလႏၱိတ္ရွိ St. Helena ကၽြန္းမွာ ေနထုိင္ဆဲျဖစ္ပါတယ္။ Jonathan ဟာ ေမာ္ေတာ္ကားေတြ၊ လွ်ပ္စစ္မီးသီးေတြထက္ေတာင္ အသက္ပိုႀကီးေနသူျဖစ္ၿပီး၊ သူတုိ႔တစ္ေတြ ကမာၻေပၚမွာ လူလားမေျမာက္ခင္ကတည္းက Jonathan က ကမာၻႀကီးအေၾကာင္း ေတာ္ေတာ္ သိေနၿပီျဖစ္တဲ့ လိပ္ႀကီးပါ။

လိပ္ဖုိးဖုိး Jonathan မွာ သူငယ္ခ်င္းတစ္ေယာက္ ရွိပါေသးတယ္။ အဲဒီလိပ္ႀကီးကေတာ့ David ျဖစ္ၿပီး၊ အသက္(၈၀)ပါ။ မ်ိဳးတူလိပ္ ျဖစ္တာေၾကာင့္၊ သူငယ္ခ်င္းဆုိတာထက္၊ ေျမးအဖုိး ဆက္ဆံေရးကို ပိုင္ဆုိင္ထားၾကသူေတြလုိ႔ ဆုိရမွာပါ။ Jonathan ဟာ ၿပီးခဲ့တဲ့ႏွစ္က က်န္းမာေရး စုိးရိမ္ခဲ့ရေပမယ့္၊ အစားအစာ အေျပာင္းအလဲ လုပ္ခဲ့တာေၾကာင့္ ျပန္လည္က်န္းမာလာခဲ့တယ္လုိ႔ သိရပါတယ္။

လင္းသူရိန္ (MyanmarNote)

source : unilad.co.uk

ယူနီကုဒ်ဖြင့် ဖတ်ရန်-

အခုအချိန်မှာ အသ်(၁၈၇)နှစ်ကို ရောက်နေပြီဖြစ်တဲ့ ဖိုးသက်ရှည် လိပ်ဖိုးဖိုးကြီးတစ်ကောင်ဟာ လက်ရှိအသက်ရှင်နေထိုင်ကြတဲ့ သတ္တဝါတွေ၊ လူတွေထဲမှာတော့ အသက်အကြီးဆုံးအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။ လိပ်ကြီးရဲဲ့နာမည်ကတော့ Jonathan  ဖြစ်ပြီး (၁၈၃၂)မှာ မွေးဖွားခဲ့တဲ့ လိပ်ကြီးပါ။

Jonathan ရဲ့မျိုးရိုးကတော့ Seychelles giant tortoise (Aldabra giant tortoise) ဖြစ်ပါတယ်။ လိပ်ကြီးဟာ လက်ရှိအချိန်မှာတော့ အခြားလိပ်တွေလောက် လျှင်မြန်ဖြတ်လက်မှု မရှိတော့သလို၊ ကြီးလာတဲ့အရွယ်ကြောင့် မျက်လုံးလည်း မမြင်ရတော့ဘူးလို့ သူ့ကို စောင့်ရှောက်တဲ့ တိ/ကုက ပြောပါတယ်။

လိပ်ဖိုးဖိုး Jonathan  ဟာ တောင်အတ္တလန္တိတ်ရှိ St. Helena ကျွန်းမှာ နေထိုင်ဆဲဖြစ်ပါတယ်။ Jonathan ဟာ မော်တော်ကားတွေ၊ လျှပ်စစ်မီးသီးတွေထက်တောင် အသက်ပိုကြီးနေသူဖြစ်ပြီး၊ သူတို့တစ်တွေ ကမ္ဘာပေါ်မှာ လူလားမမြောက်ခင်ကတည်းက Jonathan က ကမ္ဘာကြီးအကြောင်း တော်တော် သိနေပြီဖြစ်တဲ့ လိပ်ကြီးပါ။

လိပ်ဖိုးဖိုး Jonathan မှာ သူငယ်ချင်းတစ်ယောက် ရှိပါသေးတယ်။ အဲဒီလိပ်ကြီးကတော့ David ဖြစ်ပြီး၊ အသက်(၈၀)ပါ။ မျိုးတူလိပ် ဖြစ်တာကြောင့်၊ သူငယ်ချင်းဆိုတာထက်၊ မြေးအဖိုး ဆက်ဆံရေးကို ပိုင်ဆိုင်ထားကြသူတွေလို့ ဆိုရမှာပါ။ Jonathan ဟာ ပြီးခဲ့တဲ့နှစ်က ကျန်းမာရေး စိုးရိမ်ခဲ့ရပေမယ့်၊ အစားအစာ အပြောင်းအလဲ လုပ်ခဲ့တာကြောင့် ပြန်လည်ကျန်းမာလာခဲ့တယ်လို့ သိရပါတယ်။

လင်းသူရိန် (MyanmarNote)

source : unilad.co.uk