ေသနတ္ကုိ ေဘာင္းဘီၾကား ထုိးသြင္းစဥ္၊ ငယ္ပါကို ေသနတ္နဲ႔ပစ္သလုိျဖစ္ခဲ့တဲ့ အမ်ိဳးသား

0
19

လုိင္စင္မရွိဘဲ၊ ေသနတ္ကိုင္ေဆာင္ထားတဲ့ အမ်ိဳးသားတစ္ေယာက္ဟာ လမ္းေလွ်ာက္ထြက္စဥ္မွာ သူ႕ရဲ႕ ငယ္ပါကို မေတာ္တဆ ေသနတ္နဲ႔ ပစ္သလုိ ပစ္ခဲ့ရပါတယ္။ အေၾကာင္းကေတာ့ ေသနတ္အိတ္ မရွိလုိ႔၊ အတြင္းေဘာင္းဘီၾကားကို ထုိးသြင္းလုိက္တာပါ။

ေသနတ္ဟာ ေဘာင္းဘီအတြင္းပုိင္းအထိ က်သြားတာေၾကာင့္ လက္နဲ႔မမီမကန္း စမ္းၿပီး ျပင္ဆင္ဖုိ႔ ႀကိဳးစားစဥ္ ေသနတ္ေမာင္းကို ညႇစ္သလုိ ျဖစ္သြားတာေၾကာင့္ ေသနတ္က်ည္ဟာ ငယ္ပါအဖ်ားပိုင္းကို တိတိက်က် ထိမွန္ၿပီး ဒဏ္ရာ ျပင္းထန္စြာ ဒဏ္ရာရရွိခဲ့ေၾကာင္း သိရပါတယ္။

အမ်ိဳးသားရဲ႕နာမည္ကေတာ့ Mark Anthony Jones ျဖစ္ၿပီး အသက္(၄၆)ႏွစ္ပါ။ သူဟာ Marion မွာတည္ရွိတဲ့ Girl Scout အနီးမွာ မနက္ခင္း လမ္းေလွ်ာက္ထြက္စဥ္ ေသနတ္ကုိ ပုိပုိလုိလုိ ေဆာင္သြားတာျဖစ္ၿပီး၊ အခုလုိ မေတာ္တဆမႈ ျဖစ္ခဲ့ရတာပါ။ သူ႕ကုိ အေရးေပၚေဆးကုသႏုိင္ဖုိ႔ ေဆး႐ုံကို ပုိ႔ေပးခဲ့ရပါတယ္။

ရဲတပ္ဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာေတာ့ Jones မွာ ေဒသခံေသနတ္ကုိင္ လုိင္စင္မရွိဘဲ ေသနတ္ကုိင္ေဆာင္ထားေၾကာင္း ေဖာ္ျပထားၿပီး၊ တရားမဝင္ လက္နက္ပုိင္ဆုိင္မႈနဲ႔ပါ အေရးယူခံရဖုိ႔ ရွိေနပါတယ္။ ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့လ ေဖေဖာ္ဝါရီ (၂၈)မွာ  ျဖစ္ခဲ့တာပါ။

လင္းသုတ (MyanmarNote)

source : 9gag.com

ယူနီကုဒ်ဖြင့် ဖတ်ရန်-

လိုင်စင်မရှိဘဲ၊ သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသားတစ်ယောက်ဟာ လမ်းလျှောက်ထွက်စဉ်မှာ သူ့ရဲ့ ငယ်ပါကို မတော်တဆ သေနတ်နဲ့ ပစ်သလို ပစ်ခဲ့ရပါတယ်။ အကြောင်းကတော့ သေနတ်အိတ် မရှိလို့၊ အတွင်းဘောင်းဘီကြားကို ထိုးသွင်းလိုက်တာပါ။

သေနတ်ဟာ ဘောင်းဘီအတွင်းပိုင်းအထိ ကျသွားတာကြောင့် လက်နဲ့မမီမကန်း စမ်းပြီး ပြင်ဆင်ဖို့ ကြိုးစားစဉ် သေနတ်မောင်းကို ညှစ်သလို ဖြစ်သွားတာကြောင့် သေနတ်ကျည်ဟာ ငယ်ပါအဖျားပိုင်းကို တိတိကျကျ ထိမှန်ပြီး ဒဏ်ရာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

အမျိုးသားရဲ့နာမည်ကတော့ Mark Anthony Jones ဖြစ်ပြီး အသက်(၄၆)နှစ်ပါ။ သူဟာ Marion မှာတည်ရှိတဲ့ Girl Scout အနီးမှာ မနက်ခင်း လမ်းလျှောက်ထွက်စဉ် သေနတ်ကို ပိုပိုလိုလို ဆောင်သွားတာဖြစ်ပြီး၊ အခုလို မတော်တဆမှု ဖြစ်ခဲ့ရတာပါ။ သူ့ကို အရေးပေါ်ဆေးကုသနိုင်ဖို့ ဆေးရုံကို ပို့ပေးခဲ့ရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ Jones မှာ ဒေသခံသေနတ်ကိုင် လိုင်စင်မရှိဘဲ သေနတ်ကိုင်ဆောင်ထားကြောင်း ဖော်ပြထားပြီး၊ တရားမဝင် လက်နက်ပိုင်ဆိုင်မှုနဲ့ပါ အရေးယူခံရဖို့ ရှိနေပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့လ ဖေဖော်ဝါရီ (၂၈)မှာ  ဖြစ်ခဲ့တာပါ။

လင်းသုတ (MyanmarNote)

source : 9gag.com