ကုိယ္ဝန္အရင့္အမာနဲ႔ ဇနီးသည္ကို ဖုန္း PW မေျပာလုိ႔ ဓားနဲ႔ခုတ္သတ္ခဲ့တဲ့ ခင္ပြန္း

0
28

အင္ဒုိနီးရွားႏုိင္ငံ၊ Bengkulu ၿမိဳ႕မွာ ခင္ပြန္းသည္ အမ်ိဳးသားတစ္ဦးဟာ၊ ဇနီးသည္နဲ႔ အခ်င္းမ်ား ရန္ျဖစ္ၿပီးေနာက္ ဇနီးျဖစ္သူကို ဓားနဲ႔ခုတ္သတ္ခဲ့ေၾကာင္း သိရပါတယ္။ တရားခံအမ်ိဳးသားအမည္မွာ Romi Sepriawan ျဖစ္ၿပီး အသက္(၃၀)ႏွစ္ ျဖစ္ပါတယ္။ ေသဆုံးသူကေတာ့ Erni Susanti ျဖစ္ၿပီး၊ (၂၉)ႏွစ္ပါ။

Erni ဟာ ကိုယ္ဝန္အရင့္အမာကို လြယ္ထားရၿပီး၊ ခင္ပြန္းသည္အမ်ိဳးသားက သဝန္တုိတတ္သူျဖစ္ေၾကာင္း၊ မၾကာခဏ ျပႆနာရွာေလ့ရွိၿပီး၊ အေၾကာင္းမရွိအေၾကာင္းရွာ စြပ္စြဲမႈေတြ ျပဳလုပ္တတ္ေၾကာင္း နီးစပ္ရာ အသုိင္းအဝုိင္းက ဆုိပါတယ္။ အခင္းျဖစ္တဲ့ေန႔ကလည္း Romi ဟာ ဇနီးကုိ မယုံလုိ႔ ဖုန္းကို စစ္ဖုိ႔ႀကိဳးစားခဲ့တာပါ။

Erni က ဖုန္း PW ကုိ လုံးဝ မေျပာတာေၾကာင့္ အခ်င္းမ်ား ရန္ျဖစ္ခဲ့ၾကၿပီး၊ Romi ဟာ ေနအိမ္ကေန ထြက္သြားခဲ့ပါတယ္။ အဲဒီေနာက္ ျပန္လာစဥ္မွာ ကိုင္းခုတ္ဓားကို ယူေဆာင္လာၿပီး၊ ဇနီးကို ရန္ျပဳတုိက္ခုိက္ခဲ့ပါတယ္။ အိမ္နီးနားခ်င္းေတြက သိရွိၿပီး၊ Romi ကုိ လက္ရဖမ္းဆီးေပးခဲ့ပါတယ္။ Erni ကေတာ့ ေဆး႐ုံမွာပင္ ေသဆုံးသြားခဲ့ေပမယ့္- ကေလးကုိေတာ့ ဆရာဝန္ေတြက ေအာင္ျမင္စြာ ေမြးေပးႏုိင္ခဲ့ပါတယ္။

လင္းေဇာ္ကို (MyanmarNote)

source : worldofbuzz.com

ယူနီကုဒ်ဖြင့် ဖတ်ရန်-

အင်ဒိုနီးရှားနိုင်ငံ၊ Bengkulu မြို့မှာ ခင်ပွန်းသည် အမျိုးသားတစ်ဦးဟာ၊ ဇနီးသည်နဲ့ အချင်းများ ရန်ဖြစ်ပြီးနောက် ဇနီးဖြစ်သူကို ဓားနဲ့ခုတ်သတ်ခဲ့ကြောင်း သိရပါတယ်။ တရားခံအမျိုးသားအမည်မှာ Romi Sepriawan ဖြစ်ပြီး အသက်(၃၀)နှစ် ဖြစ်ပါတယ်။ သေဆုံးသူကတော့ Erni Susanti ဖြစ်ပြီး၊ (၂၉)နှစ်ပါ။

Erni ဟာ ကိုယ်ဝန်အရင့်အမာကို လွယ်ထားရပြီး၊ ခင်ပွန်းသည်အမျိုးသားက သဝန်တိုတတ်သူဖြစ်ကြောင်း၊ မကြာခဏ ပြဿနာရှာလေ့ရှိပြီး၊ အကြောင်းမရှိအကြောင်းရှာ စွပ်စွဲမှုတွေ ပြုလုပ်တတ်ကြောင်း နီးစပ်ရာ အသိုင်းအဝိုင်းက ဆိုပါတယ်။ အခင်းဖြစ်တဲ့နေ့ကလည်း Romi ဟာ ဇနီးကို မယုံလို့ ဖုန်းကို စစ်ဖို့ကြိုးစားခဲ့တာပါ။

Erni က ဖုန်း PW ကို လုံးဝ မပြောတာကြောင့် အချင်းများ ရန်ဖြစ်ခဲ့ကြပြီး၊ Romi ဟာ နေအိမ်ကနေ ထွက်သွားခဲ့ပါတယ်။ အဲဒီနောက် ပြန်လာစဉ်မှာ ကိုင်းခုတ်ဓားကို ယူဆောင်လာပြီး၊ ဇနီးကို ရန်ပြုတိုက်ခိုက်ခဲ့ပါတယ်။ အိမ်နီးနားချင်းတွေက သိရှိပြီး၊ Romi ကို လက်ရဖမ်းဆီးပေးခဲ့ပါတယ်။ Erni ကတော့ ဆေးရုံမှာပင် သေဆုံးသွားခဲ့ပေမယ့်- ကလေးကိုတော့ ဆရာဝန်တွေက အောင်မြင်စွာ မွေးပေးနိုင်ခဲ့ပါတယ်။

လင်းဇော်ကို (MyanmarNote)

source : worldofbuzz.com