သင့္ကို ႀကိဳးတုပ္ၿပီး ေရထဲကို ပစ္ခ်လိုက္မယ္ဆုိ၊ ဘယ္လုိလြတ္ေျမာက္ေအာင္ လုပ္မလဲ ???

0
24240

လူတုိင္းမွာ အနည္းဆုံး အေျခခံကိုယ္ခံပညာေလာက္ေတာ့ တတ္ေျမာက္သင့္ၿပီး၊ အေရးႀကဳံလာပါက ကုိယ့္အသက္အႏၱရာယ္ကို ဘယ္လုိကာကြယ္ရမယ္၊ ဘယ္လုိ ႐ုန္းထြက္ရမယ္ဆုိတဲ့ ေရွးဦးကယ္ဆယ္ေရးနည္းလမ္းေတြကိုလည္း သိထားသင့္ပါတယ္။

အခုေဖာ္ျပထားတဲ့ နည္းလမ္းေတြကေတာ့ သင့္ကုိ တစ္စုံတစ္ေယာက္က ေျခထိပ္၊ လက္ထိပ္ခတ္ၿပီး ေရနစ္တဲ့အပိုင္းမွာ ပစ္ခ်ခဲ့မယ္ဆုိရင္ ဘယ္လုိ႐ုန္းထြက္ရမယ္ဆုိတာကို အေမရိကန္ ေရတပ္စစ္သားေတြရဲ႕ နည္းလမ္းအတုိင္း ပုံေတြနဲ႔ေဖာ္ျပထားပါတယ္။

ပုံ(၁) Bottom Bounce

ပုံ(၁)မွာေဖာ္ျပထားတာကေတာ့ ေရထဲကို စတင္ေရာက္ရွိစဥ္အေနအထားကေန ေရေပၚကို ေရာက္ေအာက္လုပ္တဲ့နည္းပါ။ အေရးနဲ႔အေၾကာင္းဆုိ လူေတြဟာ ေၾကာက္အားလန္႔အားနဲ႔ ေျခေတြလက္ေတြ ႀကိဳးနဲ႔ခ်ည္ထားတဲ့ ၾကားထဲမွာ ဘယ္လုိ႐ုန္းထြက္ရမွန္း သိဖုိ႔မလြယ္ပါဘူး။ စိတ္ေအးေအးထားၿပီး အဲဒီနည္းအတုိင္း ေျခေထာက္ကို ျမစ္ၾကမ္းျပင္ကေန အားနဲ႔ေထာက္ကန္ၿပီး ေရပၚကို ေရာက္ေအာင္လုပ္ပါ။ ေရျပင္ေပၚကို ဦးေခါင္းေပၚသြားတာနဲ႔ အသက္ကိုဝေအာင္​ ႐ွဴပါ။

ပုံ(၂) Float

ပုံ(၂)မွာေတာ့ ေရျပင္ေပၚကို ေရာက္သြားတဲ့အခါ ေစာေစာက ႐ွဴသြင္းထားတဲ့ အသက္ကုိျပန္ ထုတ္လုိက္ၿပီး ဒူးကုိေကြးကာ ေရွ႕သုိ႔အားျပဳၿပီး ဒူးေကြးကိုဆန္႔၊ ဦးေခါင္းပုိင္းကို ဆန္႔ထုတ္လုိက္ပါ။ တစ္ဆက္တည္းမွာပဲ ေရျပင္ေပၚေရာက္သြားတဲ့ ဦးေခါင္းကေန အသက္ကို ဝေအာင္ရွဴလုိက္ပါ။

ပုံ(၃) Travel ကလည္း ပုံ(၂)မွာ ျပသထားတဲ့နည္းအတုိင္းပါဘဲ။ ပုံေလး (၄) Back to Front ကေတာ့ ေရကူးတတ္သူေတြ၊ ေရထဲမွာ ကုိယ္ကုိေဖာ့တတ္တဲ့သူေတြအတြက္ အလြန္အသုံးတည့္တဲ့နည္းလမ္းျဖစ္ၿပီး အသက္ကို ဝေအာင္႐ွဴၿပီး ပတ္လက္အေနအထားကေန ေမွာက္လွ်က္အေနအထား ေျပာင္းကာ ေျခေထာက္ကုိ ေနာက္သုိ႔ဆန္႕ထုတ္ၿပီး ကူးခတ္ပါ။

နတ္စည္ေတာ္ (MyanmarNote)

source : unilad.co.uk

ယူနီကုဒ်ဖြင့် ဖတ်ရန်-

လူတိုင်းမှာ အနည်းဆုံး အခြေခံကိုယ်ခံပညာလောက်တော့ တတ်မြောက်သင့်ပြီး၊ အရေးကြုံလာပါက ကိုယ့်အသက်အန္တရာယ်ကို ဘယ်လိုကာကွယ်ရမယ်၊ ဘယ်လို ရုန်းထွက်ရမယ်ဆိုတဲ့ ရှေးဦးကယ်ဆယ်ရေးနည်းလမ်းတွေကိုလည်း သိထားသင့်ပါတယ်။

အခုဖော်ပြထားတဲ့ နည်းလမ်းတွေကတော့ သင့်ကို တစ်စုံတစ်ယောက်က ခြေထိပ်၊ လက်ထိပ်ခတ်ပြီး ရေနစ်တဲ့အပိုင်းမှာ ပစ်ချခဲ့မယ်ဆိုရင် ဘယ်လိုရုန်းထွက်ရမယ်ဆိုတာကို အမေရိကန် ရေတပ်စစ်သားတွေရဲ့ နည်းလမ်းအတိုင်း ပုံတွေနဲ့ဖော်ပြထားပါတယ်။

ပုံ(၁) Bottom Bounce
ပုံ(၁)မှာဖော်ပြထားတာကတော့ ရေထဲကို စတင်ရောက်ရှိစဉ်အနေအထားကနေ ရေပေါ်ကို ရောက်အောက်လုပ်တဲ့နည်းပါ။ အရေးနဲ့အကြောင်းဆို လူတွေဟာ ကြောက်အားလန့်အားနဲ့ ခြေတွေလက်တွေ ကြိုးနဲ့ချည်ထားတဲ့ ကြားထဲမှာ ဘယ်လိုရုန်းထွက်ရမှန်း သိဖို့မလွယ်ပါဘူး။ စိတ်အေးအေးထားပြီး အဲဒီနည်းအတိုင်း ခြေထောက်ကို မြစ်ကြမ်းပြင်ကနေ အားနဲ့ထောက်ကန်ပြီး ရေပါ်ကို ရောက်အောင်လုပ်ပါ။ ရေပြင်ပေါ်ကို ဦးခေါင်းပေါ်သွားတာနဲ့ အသက်ကိုဝအောင်​ ရှူပါ။

ပုံ(၂) Float
ပုံ(၂)မှာတော့ ရေပြင်ပေါ်ကို ရောက်သွားတဲ့အခါ စောစောက ရှူသွင်းထားတဲ့ အသက်ကိုပြန် ထုတ်လိုက်ပြီး ဒူးကိုကွေးကာ ရှေ့သို့အားပြုပြီး ဒူးကွေးကိုဆန့်၊ ဦးခေါင်းပိုင်းကို ဆန့်ထုတ်လိုက်ပါ။ တစ်ဆက်တည်းမှာပဲ ရေပြင်ပေါ်ရောက်သွားတဲ့ ဦးခေါင်းကနေ အသက်ကို ဝအောင်ရှူလိုက်ပါ။

ပုံ(၃) Travel ကလည်း ပုံ(၂)မှာ ပြသထားတဲ့နည်းအတိုင်းပါဘဲ။ ပုံလေး (၄) Back to Front ကတော့ ရေကူးတတ်သူတွေ၊ ရေထဲမှာ ကိုယ်ကိုဖော့တတ်တဲ့သူတွေအတွက် အလွန်အသုံးတည့်တဲ့နည်းလမ်းဖြစ်ပြီး အသက်ကို ဝအောင်ရှူပြီး ပတ်လက်အနေအထားကနေ မှောက်လျှက်အနေအထား ပြောင်းကာ ခြေထောက်ကို နောက်သို့ဆန့်ထုတ်ပြီး ကူးခတ်ပါ။

နတ်စည်တော် (MyanmarNote)

source : unilad.co.uk