(၆၅)ႏွစ္ ၾကာျမင့္ခဲ့တဲ့ ကုိရီးယားႏွစ္ႏုိင္ငံရဲ႕စစ္ပြဲ တရားဝင္ၿပီးဆုံးသြားပါၿပီ

0
23302

(၆၅)ႏွစ္တုိင္ ၾကာျမင့္ခဲ့တဲ့ ကုိရီးယားႏွစ္ႏုိင္ငံရဲ႕ စစ္ပြဲႀကီးဟာ အခုအခါမွာ ႏွစ္ႏုိင္ငံ သမၼတေတြရဲ႕ တရားဝင္လက္မွတ္ေရးထုိး ဖ်က္သိမ္းမႈနဲ႔အတူ တရားဝင္ၿပီးဆုံးသြားၿပီ ျဖစ္ပါတယ္။ ေတာင္ကုိရီးယား ေျမာက္ကုိရီးယား ႏွစ္ႏုိင္ငံစစ္ပြဲဟာ (၁၉၅၀)ခုႏွစ္ ဇြန္လ (၂၅)ရက္မွာ ျဖစ္ပြားခဲ့တာပါ။

အပစ္အခတ္ရပ္စဲမႈကိုေတာ့ (၁၉၅၃) ဇူလုိင္ (၂၇)မွာ စစ္ေျပၿငိမ္းခဲ့ေပမယ့္ တရားဝင္တုိက္ပြဲရပ္တဲ့ သုိ႔မဟုတ္ ၿငိမ္းခ်မ္းေရးစာခ်ဳပ္ကိုေတာ့ ႏွစ္ႏုိင္ငံေခါင္းေဆာင္ေတြက လက္မွတ္ေရးထုိးခဲ့ျခင္း မရွိပါဘူး။ အဲဒီေနာက္ပိုင္း ႏွစ္ႏုိင္ငံ အမ်က္ေစာင္ ရန္စမႈေတြ၊ လက္နဲ႔ၿခိမ္းေျခာက္မႈေတြ၊ နယ္စပ္စည္း႐ုိးမွာ ဝါဒျဖန္႔အပုပ္ခ်မႈေတြ ရွိခဲ့ပါတယ္။

ဒါ့အျပင္ နယူကလီယားၿပိဳင္ဆုိင္မႈနဲ႔ စစ္ဘက္ဆုိင္ရာ နည္းပညာပုိင္းၿပိဳင္ဆုိင္မႈေတြဟာ (၂၀၁၇)အေစာပုိင္းအထိ ျပင္းထန္ခဲ့ပါတယ္။ သုိ႔ေသာ္လည္း ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ရဲ႕ အံ့မခန္းဖြယ္ရာ စိတ္ေျပာင္းမႈႀကီးဟာ (၂၀၁၈)မွာ စတင္အေကာင္အထည္ ေဖာ္လာခဲ့ၿပီး၊ ႏုိင္ငံကုိ ၿငိမ္းခ်မ္းၿပီး ခ်မ္းသာတဲ့ႏုိင္ငံတစ္ခုအျဖစ္ တည္ေထာင္လုိတယ္လုိ႔ ဆုိပါတယ္။

ဒီလုိနဲ႔ ေျ့မာက္ကုိရီးယားဟာ ကာလရွည္ရန္ၿငိႇဳးရန္စရွိတဲ့ ေတာင္ကုိရီးယားနဲ႔ ၿငိမ္းခ်မ္းေရးလမ္း ခင္းခဲ့ၿပီး အဲဒီေနာက္ အေမရိကန္၊ တ႐ုတ္၊ ႐ုရွ အစရွိတဲ့ စစ္ဘက္ဆုိင္ရာ အင္အားႀကီးႏုိင္ငံေတြနဲ႔ ပုိၿပီးပလဲပနံသင့္ေအာင္ ႀကိဳးစားလာပါတယ္။ အေမရိကန္ရဲ႕ဆႏၵအတုိင္း နယူကလီယားထုတ္လုပ္မႈေတြကို ရပ္ဆုိင္းခဲ့ၿပီး၊ ၿပီးခဲ့တဲ့ တပ္မေတာ္စစ္ေရးျပအခမ္းအနားမွာေတာင္ ျႏဴလက္နက္ေတြ ထုတ္မျပေတာ့ပါဘူး။

အဲဒီေနာက္ မၾကာမီမွာပဲ ေတာင္ကုိရီးယားသမၼတ မြန္ေဂ်အင္းကုိ ၿပဳံးယမ္းအထိ ထပ္မံဖိတ္ေခၚခဲ့ၿပီး အခုလုိ ႏွစ္ႏုိင္ငံၿငိမ္းခ်မ္းေရးစာခ်ဳပ္ကုိ ခ်ဳပ္ဆုိႏုိင္ခဲ့တာပါ။ ေျမာက္ကုိရီးယားဟာ အခုဆုိရင္ ႏုိင္ငံဖြံ႔ၿဖိဳးတုိးတက္ေရးအတြက္ စတင္ေျခလွမ္း လွမ္းေနၿပီျဖစ္ၿပီး အေမရိကန္သမၼတ ထရမ့္ကလည္း ကတိေတြသာ တည္မယ္ဆုိပါက ေျမာက္ကုိရီးယားကို အႏွစ္(၂၀)အတြင္း ခ်မ္းသာတဲ့နုိင္ငံ ျဖစ္လာေစရမယ္လုိ႔ ေျပာခဲ့ဖူးေၾကာင္း သိရပါတယ္။

လင္းေဇာ္ကို (MyanmarNote)

source : metro.co.uk

ယူနီကုဒ်ဖြင့် ဖတ်ရန်-

(၆၅)နှစ်တိုင် ကြာမြင့်ခဲ့တဲ့ ကိုရီးယားနှစ်နိုင်ငံရဲ့ စစ်ပွဲကြီးဟာ အခုအခါမှာ နှစ်နိုင်ငံ သမ္မတတွေရဲ့ တရားဝင်လက်မှတ်ရေးထိုး ဖျက်သိမ်းမှုနဲ့အတူ တရားဝင်ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ တောင်ကိုရီးယား မြောက်ကိုရီးယား နှစ်နိုင်ငံစစ်ပွဲဟာ (၁၉၅၀)ခုနှစ် ဇွန်လ (၂၅)ရက်မှာ ဖြစ်ပွားခဲ့တာပါ။

အပစ်အခတ်ရပ်စဲမှုကိုတော့ (၁၉၅၃) ဇူလိုင် (၂၇)မှာ စစ်ပြေငြိမ်းခဲ့ပေမယ့် တရားဝင်တိုက်ပွဲရပ်တဲ့ သို့မဟုတ် ငြိမ်းချမ်းရေးစာချုပ်ကိုတော့ နှစ်နိုင်ငံခေါင်းဆောင်တွေက လက်မှတ်ရေးထိုးခဲ့ခြင်း မရှိပါဘူး။ အဲဒီနောက်ပိုင်း နှစ်နိုင်ငံ အမျက်စောင် ရန်စမှုတွေ၊ လက်နဲ့ခြိမ်းခြောက်မှုတွေ၊ နယ်စပ်စည်းရိုးမှာ ဝါဒဖြန့်အပုပ်ချမှုတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် နယူကလီယားပြိုင်ဆိုင်မှုနဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာပိုင်းပြိုင်ဆိုင်မှုတွေဟာ (၂၀၁၇)အစောပိုင်းအထိ ပြင်းထန်ခဲ့ပါတယ်။ သို့သော်လည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ အံ့မခန်းဖွယ်ရာ စိတ်ပြောင်းမှုကြီးဟာ (၂၀၁၈)မှာ စတင်အကောင်အထည် ဖော်လာခဲ့ပြီး၊ နိုင်ငံကို ငြိမ်းချမ်းပြီး ချမ်းသာတဲ့နိုင်ငံတစ်ခုအဖြစ် တည်ထောင်လိုတယ်လို့ ဆိုပါတယ်။

ဒီလိုနဲ့ ေြ့မာက်ကိုရီးယားဟာ ကာလရှည်ရန်ငြိှုးရန်စရှိတဲ့ တောင်ကိုရီးယားနဲ့ ငြိမ်းချမ်းရေးလမ်း ခင်းခဲ့ပြီး အဲဒီနောက် အမေရိကန်၊ တရုတ်၊ ရုရှ အစရှိတဲ့ စစ်ဘက်ဆိုင်ရာ အင်အားကြီးနိုင်ငံတွေနဲ့ ပိုပြီးပလဲပနံသင့်အောင် ကြိုးစားလာပါတယ်။ အမေရိကန်ရဲ့ဆန္ဒအတိုင်း နယူကလီယားထုတ်လုပ်မှုတွေကို ရပ်ဆိုင်းခဲ့ပြီး၊ ပြီးခဲ့တဲ့ တပ်မတော်စစ်ရေးပြအခမ်းအနားမှာတောင် နြူလက်နက်တွေ ထုတ်မပြတော့ပါဘူး။

အဲဒီနောက် မကြာမီမှာပဲ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကို ပြုံးယမ်းအထိ ထပ်မံဖိတ်ခေါ်ခဲ့ပြီး အခုလို နှစ်နိုင်ငံငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာပါ။ မြောက်ကိုရီးယားဟာ အခုဆိုရင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စတင်ခြေလှမ်း လှမ်းနေပြီဖြစ်ပြီး အမေရိကန်သမ္မတ ထရမ့်ကလည်း ကတိတွေသာ တည်မယ်ဆိုပါက မြောက်ကိုရီးယားကို အနှစ်(၂၀)အတွင်း ချမ်းသာတဲ့နိုင်ငံ ဖြစ်လာစေရမယ်လို့ ပြောခဲ့ဖူးကြောင်း သိရပါတယ်။

လင်းဇော်ကို (MyanmarNote)

source : metro.co.uk