ကားပ်ံကို ကုိယ္တုိင္တီထြင္ျပဳလုပ္ႏုိင္ခဲ့တဲ့ ဖိလစ္ပုိင္လူငယ္ အင္ဂ်င္နီယာတစ္ဦး

0
345

အနာဂတ္ကာလမွာ UBER ကဲ့သုိ႔ေသာ ခရီးသည္ဝန္ေဆာင္မႈ ကုမၸဏီေတြဟာ ကားပ်ံေတြနဲ႔ ခရီးသည္ေတြကို စိတ္ႀကိဳက္ဝန္ေဆာင္မႈေပးႏုိင္ဖုိ႔ အၿပိဳင္အဆုိင္ ျပင္ဆင္ေနၾကပါတယ္။ ဒါေပမယ့္ စီမံခ်က္နဲ႔ျပဳလုပ္ရတဲ့ လုပ္ငန္းျဖစ္လုိ႔ အမွားအယြင္းလုံးဝ ကင္းစြာနဲ႔ ျပည္သူကို တရားဝင္မိတ္ဆက္ဖုိ႔ အေတာ္ေလး ၾကန္႔ၾကာေနဦးမွာပါ။

အခုမွာေတာ့ ဖိလစ္ပုိင္ လူငယ္အင္ဂ်င္နီယာတစ္ဦးက တစ္ကိုယ္ေရအသုံးျပဳႏုိင္တဲ့ အဆင့္ျမင့္ကားပ်ံကုိ Drone ကုိ အေျခခံၿပီး တီထြင္ႏုိင္ခဲ့ပါတယ္။ ဒီသတင္းဟာ အေနာက္ဥေရာပ စီးပြားေရးလုပ္ငန္းရွင္ေတြဆီကုိပင္ ေရာက္ရွိသြားခဲ့ၿပီး အခုဆုိ အဲဒီလူငယ္အင္ဂ်င္နီယားေလးရဲ႕ တက္လမ္းဟာ အလြန္ေျဖာင့္ျဖဴး သာယာေနပါၿပီ။

လူငယ္အင္ဂ်င္နီယာေလးရဲ႕ အမည္ကေတာ့ Kyxz Mendiola ျဖစ္ၿပီး သူဟာ ျပင္ပလူေနမႈဘဝမွာ နယ္နယ္ရရ မဟုတ္ပါဘူူး။ Philippine Allstars အမည္ရ အကအဖြဲ႕ရဲ႕ တည္ေထာင္သူလည္း ျဖစ္ၿပီး (၂၀၁၆)ခုႏွစ္က က်င္းပခဲ့တဲ့ World Hip Hop Championships မွာလည္း အဖြဲ႕နဲ႔အတူ ေရႊတံဆိပ္ဆြတ္ခူးႏုိင္ခဲ့သူပါ။

သူဟာ လြန္ခဲ့တဲ့(၆)ႏွစ္ကတည္းက ဒီကားပ်ံတီထြင္မႈကို စိတ္ကူးယဥ္ ႀကိဳးစားခဲ့သူျဖစ္ၿပီး၊ မၾကာေသးခင္ကမွ သူရဲ႕စိတ္ကူးဟာ လုံးလုံးလွ်ားလွ်ား ေအာင္ျမင္ခဲ့တာ ျဖစ္ပါတယ္။ Kyxz ဟာ သူ႕ရဲ႕ကားပ်ံေလးကို Koncepto Millenya လုိ႔ အမည္ေပးထားၿပီး အျမင့္ (၂၅)ေပကေန ေကာင္းေကာင္းပ်ံသန္းႏုိင္တဲ့ ကားပ်ံျဖစ္ပါတယ္။

သူရဲ႕ကားကို သတင္းစာေတြမွာေတာ့ Drone Sports Car လုိ႔ တင္စားေခၚေဝၚၾကၿပီး၊ တကယ္လည္း Drone တစ္ခုရဲ႕လုပ္ေဆာင္ခ်က္ေတြအတုိင္း သိပ္ၿပီးျခားနားမႈ မရွိပါဘူး။ ဒါေပမယ့္ ဒီကားမွာ လုိသလုိ စီစဥ္ျပဳလုပ္ႏုိင္တဲ့ Manual စနစ္ထည့္သြင္းထားတဲ့အျပင္၊ အျမင့္(၂၅)ေပေလာက္ကသာ ကန္႔သတ္ပ်ံသန္းရမွာျဖစ္လုိ႔ တစ္ျခားယာဥ္ပ်ံေတြေလာက္ အႏၱရာယ္မမ်ားတာကို ေတြ႔ရပါတယ္။

ကားရဲ႕စြမ္းအင္စနစ္က အားသြင္းတဲ့စနစ္ျဖစ္ၿပီး အားနည္းခ်က္အေနနဲ႔ေတာ့ (၂)နာရီခြဲေလာက္အားသြင္းမွ (၁၂)မိနစ္နဲ႔ (၁၅)မိနစ္အတြင္းသာ ေမာင္းႏွင္ပ်ံသန္းႏုိင္တာမုိ႔၊ ကီလုိမီတာခပ္ေဝးေဝးကို ပ်ံသန္းဖုိ႔ဆုိတာကေတာ့ လုိအပ္ခ်က္ေတြရွိေနဆဲပဲ ျဖစ္ပါတယ္။ ဆုိရရင္ အားအျမန္သြင္းတဲ့စနစ္နဲ႔၊ ဒီထက္ပုိေကာင္းတဲ့ ဘက္ထရီစနစ္ေတြ ထည့္သြင္းႏုိင္ပါက သူ႕ရဲ႕ ကားပ်ံဟာ ကမာၻမွာ ေၾကာက္ခမန္းလိလိ ေစ်းႏႈန္း ရရွိမွာဆုိတာ မလြဲပါဘူး။

နတ္စည္ေတာ္ (MyanmarNote)

source : nextshark.com/

ယူနီကုဒ်ဖြင့် ဖတ်ရန်-

အနာဂတ်ကာလမှာ UBER ကဲ့သို့သော ခရီးသည်ဝန်ဆောင်မှု ကုမ္ပဏီတွေဟာ ကားပျံတွေနဲ့ ခရီးသည်တွေကို စိတ်ကြိုက်ဝန်ဆောင်မှုပေးနိုင်ဖို့ အပြိုင်အဆိုင် ပြင်ဆင်နေကြပါတယ်။ ဒါပေမယ့် စီမံချက်နဲ့ပြုလုပ်ရတဲ့ လုပ်ငန်းဖြစ်လို့ အမှားအယွင်းလုံးဝ ကင်းစွာနဲ့ ပြည်သူကို တရားဝင်မိတ်ဆက်ဖို့ အတော်လေး ကြန့်ကြာနေဦးမှာပါ။

အခုမှာတော့ ဖိလစ်ပိုင် လူငယ်အင်ဂျင်နီယာတစ်ဦးက တစ်ကိုယ်ရေအသုံးပြုနိုင်တဲ့ အဆင့်မြင့်ကားပျံကို Drone ကို အခြေခံပြီး တီထွင်နိုင်ခဲ့ပါတယ်။ ဒီသတင်းဟာ အနောက်ဥရောပ စီးပွားရေးလုပ်ငန်းရှင်တွေဆီကိုပင် ရောက်ရှိသွားခဲ့ပြီး အခုဆို အဲဒီလူငယ်အင်ဂျင်နီယားလေးရဲ့ တက်လမ်းဟာ အလွန်ဖြောင့်ဖြူး သာယာနေပါပြီ။

လူငယ်အင်ဂျင်နီယာလေးရဲ့ အမည်ကတော့ Kyxz Mendiola ဖြစ်ပြီး သူဟာ ပြင်ပလူနေမှုဘဝမှာ နယ်နယ်ရရ မဟုတ်ပါဘူူး။ Philippine Allstars အမည်ရ အကအဖွဲ့ရဲ့ တည်ထောင်သူလည်း ဖြစ်ပြီး (၂၀၁၆)ခုနှစ်က ကျင်းပခဲ့တဲ့ World Hip Hop Championships မှာလည်း အဖွဲ့နဲ့အတူ ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့သူပါ။

သူဟာ လွန်ခဲ့တဲ့(၆)နှစ်ကတည်းက ဒီကားပျံတီထွင်မှုကို စိတ်ကူးယဉ် ကြိုးစားခဲ့သူဖြစ်ပြီး၊ မကြာသေးခင်ကမှ သူရဲ့စိတ်ကူးဟာ လုံးလုံးလျှားလျှား အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ Kyxz ဟာ သူ့ရဲ့ကားပျံလေးကို Koncepto Millenya လို့ အမည်ပေးထားပြီး အမြင့် (၂၅)ပေကနေ ကောင်းကောင်းပျံသန်းနိုင်တဲ့ ကားပျံဖြစ်ပါတယ်။

သူရဲ့ကားကို သတင်းစာတွေမှာတော့ Drone Sports Car လို့ တင်စားခေါ်ဝေါ်ကြပြီး၊ တကယ်လည်း Drone တစ်ခုရဲ့လုပ်ဆောင်ချက်တွေအတိုင်း သိပ်ပြီးခြားနားမှု မရှိပါဘူး။ ဒါပေမယ့် ဒီကားမှာ လိုသလို စီစဉ်ပြုလုပ်နိုင်တဲ့ Manual စနစ်ထည့်သွင်းထားတဲ့အပြင်၊ အမြင့်(၂၅)ပေလောက်ကသာ ကန့်သတ်ပျံသန်းရမှာဖြစ်လို့ တစ်ခြားယာဉ်ပျံတွေလောက် အန္တရာယ်မများတာကို တွေ့ရပါတယ်။

ကားရဲ့စွမ်းအင်စနစ်က အားသွင်းတဲ့စနစ်ဖြစ်ပြီး အားနည်းချက်အနေနဲ့တော့ (၂)နာရီခွဲလောက်အားသွင်းမှ (၁၂)မိနစ်နဲ့ (၁၅)မိနစ်အတွင်းသာ မောင်းနှင်ပျံသန်းနိုင်တာမို့၊ ကီလိုမီတာခပ်ဝေးဝေးကို ပျံသန်းဖို့ဆိုတာကတော့ လိုအပ်ချက်တွေရှိနေဆဲပဲ ဖြစ်ပါတယ်။ ဆိုရရင် အားအမြန်သွင်းတဲ့စနစ်နဲ့၊ ဒီထက်ပိုကောင်းတဲ့ ဘက်ထရီစနစ်တွေ ထည့်သွင်းနိုင်ပါက သူ့ရဲ့ ကားပျံဟာ ကမ္ဘာမှာ ကြောက်ခမန်းလိလိ စျေးနှုန်း ရရှိမှာဆိုတာ မလွဲပါဘူး။

နတ်စည်တော် (MyanmarNote)

source : nextshark.com/