(၁၂)ႏွစ္ၾကာ ေပ်ာက္ဆုံးေနတဲ့ ေရႊလက္စြပ္ကို ထူးဆန္းစြာျပန္ေတြ႕ခဲ့တဲ့ ဇနီးေမာင္ႏွံ

0
130

စုိက္ပ်ိဳးေရးအလုပ္နဲ႔ အသက္ေမြးဝမ္းေၾကာင္းျပဳတဲ့ အသက္(၆၉)ႏွစ္အရြယ္ Lin Keitch တုိ႔စုံတြဲဟာ အဂၤလန္ႏုိင္ငံ၊ Monkton Heathfield, Somerset မွာ ေနထုိင္ၾကပါတယ္။ အဖြား Lin ဟာ ခင္ပြန္းသည္ Dave ႏႈတ္ေပးတဲ့ မုန္လာဥဝါေတြကို ေဆးေၾကာရင္း ထင္မွတ္မထားတဲ့ အရာတစ္ခုကုိ ေတြ႕လုိက္ရပါတယ္။

ၿပီးခဲ့တဲ့ (၁၂)ႏွစ္က ၿခံေျမထံမွာ (သမီးျဖစ္သူ) မေတာ္တဆကၽြတ္က်ခဲ့တဲ့ ေရႊလက္စြပ္ကုိ တစ္ခုေသာ မုန္လာဥဝါရဲ႕ ေအာက္ပုိင္းကို စြပ္လွ်က္အေနအထားနဲ႔ ေတြ႕ခဲ့ရတာပါ။ Lin ဟာ ဒီလက္စြပ္ကုိ လုံးဝဆုံးၿပီလုိ႔ ထင္ထားခဲ့ေပမယ့္ အခုအခါမွာေတာ့ သူမရဲ႕ အမွတ္တရ လက္စြပ္ေလးကို ျပန္ရလုိက္ပါၿပီ။

အဖြား Lin က ” ေျပာရရင္ ဒီလုိအခြင့္အေရးမ်ိဳးက အႀကိမ္တစ္သန္းမွာ တစ္ႀကိမ္ ေတြ႕ဖုိ႔ မလြယ္ပါဘူး … မုန္လာဥက လက္စြပ္ရဲ႕အဝန္းအဝုိင္းအတြင္းမွာ စတင္ႀကီးထြားလာၿပီး ေနာက္ဆုံး လုံးလုံးလွ်ားလွ်ာ စြပ္မိသြားေစတာ ေနမွာပါ … “လုိ႔ ေျပာပါတယ္။ အဆုိပါ လက္စြပ္ကုိ ခင္ပြန္းသည္ Dave က သူမ အသက္(၄၀)ျပည့္ ေမြးေန႔တုန္းက ဝယ္ေပးခဲ့တာပါ။

အဲဒီတုန္းက လြန္ခဲ့တဲ့ (၂၉)ႏွစ္က ျဖစ္ၿပီး ေနာက္ပုိင္းမွာေတာ့ လက္က ပုိတုတ္လာလုိ႔ သူမအေနနဲ႔ လက္စြပ္ကုိ ဝတ္လုိ႔ မရေတာ့ပါဘူး။ ဒါေၾကာင့္ သမီးႀကီးျဖစ္တဲ့ Sarah (၃၇)ႏွစ္ကို အဲဒီလက္စြပ္ကုိ တစ္ဆင့္ျပန္ေပးခဲ့ပါတယ္။ ဒါေပမယ့္ (၂၀၀၆)ခုႏွစ္မွာ Sarah ဟာ လက္စြပ္ကို ဥယ်ာဥ္ၿခံမွာ မေတာ္တဆ ေပ်ာက္သြားခဲ့တာ ျဖစ္ပါတယ္။

နတ္စည္ေတာ္ (MyanmarNote)

source : thesun.co.uk

ယူနီကုဒ်ဖြင့် ဖတ်ရန်-

စိုက်ပျိုးရေးအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုတဲ့ အသက်(၆၉)နှစ်အရွယ် Lin Keitch တို့စုံတွဲဟာ အင်္ဂလန်နိုင်ငံ၊ Monkton Heathfield, Somerset မှာ နေထိုင်ကြပါတယ်။ အဖွား Lin ဟာ ခင်ပွန်းသည် Dave နှုတ်ပေးတဲ့ မုန်လာဥဝါတွေကို ဆေးကြောရင်း ထင်မှတ်မထားတဲ့ အရာတစ်ခုကို တွေ့လိုက်ရပါတယ်။

ပြီးခဲ့တဲ့ (၁၂)နှစ်က ခြံမြေထံမှာ (သမီးဖြစ်သူ) မတော်တဆကျွတ်ကျခဲ့တဲ့ ရွှေလက်စွပ်ကို တစ်ခုသော မုန်လာဥဝါရဲ့ အောက်ပိုင်းကို စွပ်လျှက်အနေအထားနဲ့ တွေ့ခဲ့ရတာပါ။ Lin ဟာ ဒီလက်စွပ်ကို လုံးဝဆုံးပြီလို့ ထင်ထားခဲ့ပေမယ့် အခုအခါမှာတော့ သူမရဲ့ အမှတ်တရ လက်စွပ်လေးကို ပြန်ရလိုက်ပါပြီ။

အဖွား Lin က ” ပြောရရင် ဒီလိုအခွင့်အရေးမျိုးက အကြိမ်တစ်သန်းမှာ တစ်ကြိမ် တွေ့ဖို့ မလွယ်ပါဘူး … မုန်လာဥက လက်စွပ်ရဲ့အဝန်းအဝိုင်းအတွင်းမှာ စတင်ကြီးထွားလာပြီး နောက်ဆုံး လုံးလုံးလျှားလျှာ စွပ်မိသွားစေတာ နေမှာပါ … “လို့ ပြောပါတယ်။ အဆိုပါ လက်စွပ်ကို ခင်ပွန်းသည် Dave က သူမ အသက်(၄၀)ပြည့် မွေးနေ့တုန်းက ဝယ်ပေးခဲ့တာပါ။

အဲဒီတုန်းက လွန်ခဲ့တဲ့ (၂၉)နှစ်က ဖြစ်ပြီး နောက်ပိုင်းမှာတော့ လက်က ပိုတုတ်လာလို့ သူမအနေနဲ့ လက်စွပ်ကို ဝတ်လို့ မရတော့ပါဘူး။ ဒါကြောင့် သမီးကြီးဖြစ်တဲ့ Sarah (၃၇)နှစ်ကို အဲဒီလက်စွပ်ကို တစ်ဆင့်ပြန်ပေးခဲ့ပါတယ်။ ဒါပေမယ့် (၂၀၀၆)ခုနှစ်မှာ Sarah ဟာ လက်စွပ်ကို ဥယျာဉ်ခြံမှာ မတော်တဆ ပျောက်သွားခဲ့တာ ဖြစ်ပါတယ်။

နတ်စည်တော် (MyanmarNote)

source : thesun.co.uk