သရဲနဲ႔ေမတၱာမွ်ေနတယ္ဆုိတဲ့ အမ်ိဳးသမီး၊ သရဲနဲ႔ ကေလးယူဖုိ႔ပါ ေဆြးေႏြးေနၿပီဟုဆုိ

0
457

သရဲနဲ႔ ေမတၱာမွ်ကာ ခ်စ္သူေတြျဖစ္ေနၿပီလုိ႔ အတည္ျပဳဝန္ခံထားတဲ့ အမ်ိဳးသမီးဟာ အခုဆုိရင္ သူ႕ခ်စ္သူ သရဲနဲ႔ ကေလးတစ္ေယာက္ယူဖုိ႔ တုိင္ပင္ေနၿပီလုိ႔ ဆုိပါတယ္။ ဒီလုိ ထူးဆန္းတဲ့ဝန္ခံမႈေတြကုိ ျပဳလုပ္ခဲ့သူကေတာ့ Amethyst Realm ျဖစ္ၿပီး သူမရဲ႕ ပုံမွန္မဟုတ္တဲ့ ဝန္ခံမႈေတြေၾကာင့္ ၾသစေတးလွ်တစ္ခြင္မွာေတာ့ နာမည္ႀကီးေနသူပါ။

Realm ဟာ လြန္ခဲ့တဲ့ႏွစ္ကတည္းက အခုလုိ အမ်ားအျမင္မွာ ယုံၾကည္ႏုိင္ဖြယ္ရာ မရွိတဲ့ ထူးဆန္းတဲ့ဝန္ခံမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ သူမဟာ ထုိစဥ္တုန္းက သရဲ(၁၅)ေကာင္နဲ႔အထိ အတူတူ အိပ္စက္ခဲ့ဖူးေၾကာင္း ဝန္ခံခဲ့ပါတယ္။ သူမဟာ လြန္ခဲ့တဲ့ (၁၂)ႏွစ္ေလာက္ကတည္းက ခင္ပြန္းသည္နဲ႔ ကြာရွင္းခဲ့သူပါ။

အဲဒီတုန္းကတည္းက Realm ဟာ လူေတြနဲ႔တည္ေဆာက္ရတဲ့ အခ်စ္ေရးကို ယုံၾကည္မႈမရွိေတာ့ေၾကာင္း၊ ဒါေၾကာင့္ နာနာဘာဝေတြနဲ႔သာ ေမတၱာမွ်ဖုိ႔ ႀကိဳးစားခဲ့ေၾကာင္း ဝန္ခံခဲ့ပါတယ္။ ဒါေၾကာင့္ သူမဟာ ခင္ပြန္းသည္နဲ႔ ကြဲကြာၿပီးတဲ့ေနာက္မွာ ပရေလာကသားေတြနဲ႔သာ အခ်စ္ဇာတ္လမ္းေတြ ရွာေဖြခဲ့ေၾကာင္း ဆုိပါတယ္။

Realm က သူမဟာ သရဲေတြနဲ႔ ဆက္သြယ္ေျပာဆုိႏုိင္တဲ့ စြမ္းရည္ရွိၿပီး၊ သူမဟာ သရဲေတြနဲ႔ တုိ႔ထိဆက္ဆံႏုိင္႐ုံသာမက လိင္ပိုင္းဆုိင္ရာအေပ်ာ္ကိုပါ ရွာေဖြႏုိင္သူျဖစ္တယ္လုိ႔လည္း ဝင့္ၾကြားထားပါတယ္။ အခုဆုိရင္ သူမဟာ ယခင္ သရဲ(၁၅)ေကာင္နဲ႔ အခ်စ္ေရးပ်က္ဆဲခဲ့ၿပီးေနာက္၊ ခ်စ္သူသရဲအသစ္ ရထားတယ္လုိ႔ ေျပာပါတယ္။

ဒီသရဲအသစ္နဲ႔ေတာ့ သူမဟာ ကေလးရဖုိ႔အထိ ရည္စူးေနၿပီး ကာယကံရွင္သရဲနဲ႔လည္း အဲဒီကိစၥကုိ တုိင္ပင္ေနတယ္လုိ႔ ေျပာပါတယ္။ ဘာပဲျဖစ္ျဖစ္ Realm ဟာ ဒီလုိထူးဆန္းတဲ့ဝန္ခံမႈေတြေၾကာင့္ အားေပးတဲ့ကိုယ္ပုိင္ပရိသတ္ကိုလည္း ပုိင္ဆုိင္ထားရၿပီး ဆယ္လီတစ္ေယာက္ ျဖစ္ေနပါၿပီ။ သူမဟာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလကပင္ This Morning အစီအစဥ္မွာ ပါဝင္ခြင့္ ရရွိခဲ့ၿပီး လူစိတ္ဝင္စားမႈ ျမင့္တက္ခဲ့ပါတယ္။ Realm ဟာ အခုဆုိ အသက္(၂၉)ႏွစ္ ရွိေနပါၿပီ။

နတ္စည္ေတာ္ (MyanmarNote)

source : metro.co.uk

ယူနီကုဒ်ဖြင့် ဖတ်ရန်-

သရဲနဲ့ မေတ္တာမျှကာ ချစ်သူတွေဖြစ်နေပြီလို့ အတည်ပြုဝန်ခံထားတဲ့ အမျိုးသမီးဟာ အခုဆိုရင် သူ့ချစ်သူ သရဲနဲ့ ကလေးတစ်ယောက်ယူဖို့ တိုင်ပင်နေပြီလို့ ဆိုပါတယ်။ ဒီလို ထူးဆန်းတဲ့ဝန်ခံမှုတွေကို ပြုလုပ်ခဲ့သူကတော့ Amethyst Realm ဖြစ်ပြီး သူမရဲ့ ပုံမှန်မဟုတ်တဲ့ ဝန်ခံမှုတွေကြောင့် သြစတေးလျှတစ်ခွင်မှာတော့ နာမည်ကြီးနေသူပါ။

Realm ဟာ လွန်ခဲ့တဲ့နှစ်ကတည်းက အခုလို အများအမြင်မှာ ယုံကြည်နိုင်ဖွယ်ရာ မရှိတဲ့ ထူးဆန်းတဲ့ဝန်ခံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူမဟာ ထိုစဉ်တုန်းက သရဲ(၁၅)ကောင်နဲ့အထိ အတူတူ အိပ်စက်ခဲ့ဖူးကြောင်း ဝန်ခံခဲ့ပါတယ်။ သူမဟာ လွန်ခဲ့တဲ့ (၁၂)နှစ်လောက်ကတည်းက ခင်ပွန်းသည်နဲ့ ကွာရှင်းခဲ့သူပါ။

အဲဒီတုန်းကတည်းက Realm ဟာ လူတွေနဲ့တည်ဆောက်ရတဲ့ အချစ်ရေးကို ယုံကြည်မှုမရှိတော့ကြောင်း၊ ဒါကြောင့် နာနာဘာဝတွေနဲ့သာ မေတ္တာမျှဖို့ ကြိုးစားခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါကြောင့် သူမဟာ ခင်ပွန်းသည်နဲ့ ကွဲကွာပြီးတဲ့နောက်မှာ ပရလောကသားတွေနဲ့သာ အချစ်ဇာတ်လမ်းတွေ ရှာဖွေခဲ့ကြောင်း ဆိုပါတယ်။

Realm က သူမဟာ သရဲတွေနဲ့ ဆက်သွယ်ပြောဆိုနိုင်တဲ့ စွမ်းရည်ရှိပြီး၊ သူမဟာ သရဲတွေနဲ့ တို့ထိဆက်ဆံနိုင်ရုံသာမက လိင်ပိုင်းဆိုင်ရာအပျော်ကိုပါ ရှာဖွေနိုင်သူဖြစ်တယ်လို့လည်း ဝင့်ကြွားထားပါတယ်။ အခုဆိုရင် သူမဟာ ယခင် သရဲ(၁၅)ကောင်နဲ့ အချစ်ရေးပျက်ဆဲခဲ့ပြီးနောက်၊ ချစ်သူသရဲအသစ် ရထားတယ်လို့ ပြောပါတယ်။

ဒီသရဲအသစ်နဲ့တော့ သူမဟာ ကလေးရဖို့အထိ ရည်စူးနေပြီး ကာယကံရှင်သရဲနဲ့လည်း အဲဒီကိစ္စကို တိုင်ပင်နေတယ်လို့ ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် Realm ဟာ ဒီလိုထူးဆန်းတဲ့ဝန်ခံမှုတွေကြောင့် အားပေးတဲ့ကိုယ်ပိုင်ပရိသတ်ကိုလည်း ပိုင်ဆိုင်ထားရပြီး ဆယ်လီတစ်ယောက် ဖြစ်နေပါပြီ။ သူမဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကပင် This Morning အစီအစဉ်မှာ ပါဝင်ခွင့် ရရှိခဲ့ပြီး လူစိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။ Realm ဟာ အခုဆို အသက်(၂၉)နှစ် ရှိနေပါပြီ။

နတ်စည်တော် (MyanmarNote)

source : metro.co.uk