ေရႊဆြဲႀကိဳး၊ စိန္နာရီ၊ ေငြထုပ္ေတြနဲ႔ လုိင္းေပၚမွာၾကြားလုံးထုတ္ခဲ့သူ မူးယစ္မႈနဲ႔အဖမ္းခံခဲ့ရ

0
216

ၾကြက္တတ္တဲ့ လူေတြကေတာ့ ၾကြားစရာမရွိ ႀကံဖန္ၾကြားၾကတာပါဘဲ။ ဘယ္လုိမွ ၾကြားစရာမရွိရင္ ၿပီးခဲ့တဲ့ အပတ္ေလာက္က ခ်က္စားထားတဲ့ ၾကက္သားဟင္းနံ႔က အိမ္ထဲမွာ အခုထက္ထိ ေမႊးေနတုန္းဆုိၿပီးေတာ့ေတာင္ ၾကြားတတ္ၾကပါတယ္။ အခုလည္း လူတစ္ေယာက္ဟာ လုိင္းေပၚမွာ အၾကြားလြန္ေတာ့ သက္ဆုိင္ရာက မသကၤာမႈနဲ႔ ေခၚစစ္ခံရၿပီး၊ ေနာက္ကြယ္က မူးယစ္ေဆးဝါးမႈေတြကုိ ေဖာ္ထုတ္ႏုိင္ခဲ့ပါတယ္။

အဆုိပါ အမ်ိဳးသားရဲ႕နာမည္ကေတာ့ Mark Wainfur ျဖစ္ၿပီး အသက္ကေတာ့ (၂၉)ႏွစ္ပါ။ သူဟာ တန္ဖုိးႀကီး ဇိမ္ခံနာရီေတြ၊ အလြန္ႀကီးမားတဲ့ ဆြဲႀကိဳးႀကီးေတြ၊ ေငြထုပ္ေငြထည္ေတြနဲ႔ လုိင္းေပၚမွာ မၾကာခဏ ၾကြားလုံးထုတ္တတ္သူပါ။ တစ္ခါတေလမွာ စုိက္ပ်ိဴးထားတဲ့ ေဆးေျခာက္ခင္းေတြနဲ႔လည္း သူက ဓာတ္ပုံေတြ တင္တတ္ပါေသးတယ္။

သူ႕အိမ္ကို ရဲက ဝင္စီးနင္းခ်ိန္မွာ သူ႕ကုတ္အက်ႌထဲမွာ ေပါင္ (၂၇၀၀၀)တန္ေၾကးရွိ ေငြေတြကိုပါ သိမ္းဆည္းရမိခဲ့ပါတယ္။ သူ႕ရဲ႕အေကာင္းကို စစ္ေဆးတဲ့အခါမွာ မူးယစ္ေဆးဝါးနဲ႔ဆက္စပ္တဲ့ ဓာတ္ပုံ (၂၆၀၀)၊ ဗြီဒီယုိ (၄၀၀)၊ မက္ေဆ့အသြားအျပန္ (၇၀၀)ကုိ ေတြ႕ရွိခဲ့ရပါတယ္။

ကုတ္အက်ႌထဲမွာထည့္ထားတဲ့ ေငြသားက ေပါင္ (၁၃၀၀၀)ျဖစ္ၿပီး၊ အခန္းတြင္းကုိ ဆက္လက္ရွာေဖြရာမွာ ေပါင္ (၁၄၀၀၀)ကို ထပ္မံေတြ႕ရွိခဲ့ပါတယ္။ အဖုိးတန္အဝတ္အစားမ်ား၊ လက္ဝတ္လက္စား ရတနာမ်ား၊ တန္ဖုိးႀကီး ဇိမ္ခံနာရီျဖစ္တဲ့ ႐ုိးစ္လက္နာရီမ်ား၊ မူးယစ္ေဆးဝါး ခ်ိန္တြယ္ဖုိ႔အတြက္ ဒီဂ်စ္တယ္ ခ်ိန္ခြင္စတာေတြ ပါဝင္ပါတယ္။

Mark ကုိ ဖမ္းဆီးၿပီးေနာက္ ေထာင္ဒဏ္ (၃)ႏွစ္နဲ႔ (၄)လ ခ်မွတ္ႏုိင္ခဲ့ပါတယ္။ သူ႕ကို မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားမႈနဲ႔ ကနဦးအမႈဖြင့္ခဲ့ေပမယ့္ အလြန္သက္ညႇာတဲ့ ျပစ္ဒဏ္ကိုသာ စီရင္ခဲ့လုိ႔ အမ်ားက ေဝဖန္ခဲ့ၾကပါေသးတယ္။ တရားသူႀကီးက “ဒီလူဟာ သူ မူးယစ္ေဆးဝါး ေရာင္းဝယ္ေနတာကို ဂုဏ္ယူေနတဲ့သူ၊ ၾကြားလုံးထုတ္ေနတဲ့သူပါ “လုိ႔ ေျပာခဲ့ပါတယ္။

နတ္စည္ေတာ္ (MyanmarNote)

source : mirror.co.uk

ယူနီကုဒ်ဖြင့် ဖတ်ရန်-

ကြွက်တတ်တဲ့ လူတွေကတော့ ကြွားစရာမရှိ ကြံဖန်ကြွားကြတာပါဘဲ။ ဘယ်လိုမှ ကြွားစရာမရှိရင် ပြီးခဲ့တဲ့ အပတ်လောက်က ချက်စားထားတဲ့ ကြက်သားဟင်းနံ့က အိမ်ထဲမှာ အခုထက်ထိ မွှေးနေတုန်းဆိုပြီးတော့တောင် ကြွားတတ်ကြပါတယ်။ အခုလည်း လူတစ်ယောက်ဟာ လိုင်းပေါ်မှာ အကြွားလွန်တော့ သက်ဆိုင်ရာက မသင်္ကာမှုနဲ့ ခေါ်စစ်ခံရပြီး၊ နောက်ကွယ်က မူးယစ်ဆေးဝါးမှုတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အဆိုပါ အမျိုးသားရဲ့နာမည်ကတော့ Mark Wainfur ဖြစ်ပြီး အသက်ကတော့ (၂၉)နှစ်ပါ။ သူဟာ တန်ဖိုးကြီး ဇိမ်ခံနာရီတွေ၊ အလွန်ကြီးမားတဲ့ ဆွဲကြိုးကြီးတွေ၊ ငွေထုပ်ငွေထည်တွေနဲ့ လိုင်းပေါ်မှာ မကြာခဏ ကြွားလုံးထုတ်တတ်သူပါ။ တစ်ခါတလေမှာ စိုက်ပျိူးထားတဲ့ ဆေးခြောက်ခင်းတွေနဲ့လည်း သူက ဓာတ်ပုံတွေ တင်တတ်ပါသေးတယ်။

သူ့အိမ်ကို ရဲက ဝင်စီးနင်းချိန်မှာ သူ့ကုတ်အကျႌထဲမှာ ပေါင် (၂၇၀၀၀)တန်ကြေးရှိ ငွေတွေကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။ သူ့ရဲ့အကောင်းကို စစ်ဆေးတဲ့အခါမှာ မူးယစ်ဆေးဝါးနဲ့ဆက်စပ်တဲ့ ဓာတ်ပုံ (၂၆၀၀)၊ ဗွီဒီယို (၄၀၀)၊ မက်ဆေ့အသွားအပြန် (၇၀၀)ကို တွေ့ရှိခဲ့ရပါတယ်။

ကုတ်အကျႌထဲမှာထည့်ထားတဲ့ ငွေသားက ပေါင် (၁၃၀၀၀)ဖြစ်ပြီး၊ အခန်းတွင်းကို ဆက်လက်ရှာဖွေရာမှာ ပေါင် (၁၄၀၀၀)ကို ထပ်မံတွေ့ရှိခဲ့ပါတယ်။ အဖိုးတန်အဝတ်အစားများ၊ လက်ဝတ်လက်စား ရတနာများ၊ တန်ဖိုးကြီး ဇိမ်ခံနာရီဖြစ်တဲ့ ရိုးစ်လက်နာရီများ၊ မူးယစ်ဆေးဝါး ချိန်တွယ်ဖို့အတွက် ဒီဂျစ်တယ် ချိန်ခွင်စတာတွေ ပါဝင်ပါတယ်။

Mark ကို ဖမ်းဆီးပြီးနောက် ထောင်ဒဏ် (၃)နှစ်နဲ့ (၄)လ ချမှတ်နိုင်ခဲ့ပါတယ်။ သူ့ကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ ကနဦးအမှုဖွင့်ခဲ့ပေမယ့် အလွန်သက်ညှာတဲ့ ပြစ်ဒဏ်ကိုသာ စီရင်ခဲ့လို့ အများက ဝေဖန်ခဲ့ကြပါသေးတယ်။ တရားသူကြီးက “ဒီလူဟာ သူ မူးယစ်ဆေးဝါး ရောင်းဝယ်နေတာကို ဂုဏ်ယူနေတဲ့သူ၊ ကြွားလုံးထုတ်နေတဲ့သူပါ “လို့ ပြောခဲ့ပါတယ်။

နတ်စည်တော် (MyanmarNote)

source : mirror.co.uk