သစ်တုံးကို ဖြတ်လိုက်စဉ်မှာ အသည်းယားဖွယ်ရာ သတ္တဝါကြီးကို တွေ့ခဲ့ရသူ

0
2135

ကောင်လေးတစ်ဦးဟာ သစ်တုံးတစ်တုံးကို လွှနဲ့အလယ်ကနေ ပိုင်းဖြတ်လိုက်စဉ်မှာ ထင်မှတ်မထားတဲ့ မြင်ကွင်းတစ်ခုကို အသည်းယားဖွယ်ရာ တွေ့မြင်ခဲ့ရတယ်လို့ သိရပါတယ်။ သစ်တုံးအတွင်းထဲက အလယ်အူကြောင်းထဲမှာ မြွေတစ်ကောင်ရဲ့ အရွယ်အစားတိုင်း အကောင်ကြီးတစ်ကောင် ရောက်နေပါတယ်။

လွှဟာ အဲဒီသတ္တဝါကိုပါ ပိုင်းဖြတ်သွားခဲ့ပြီး၊ နောက်ဆုံးမှာတော့ အဲဒီသတ္တဝါဟာ အပြင်ဘက်ကို တဖြည်းဖြည်း လျောကျလာတာကို တွေ့ရပါတယ်။ ဗွီဒီယိုရဲ့မူလပိုင်ရှင်တွေကတော့ သစ်တုံးထဲကတွေ့တဲ့အရာကို မြွေလို့ အတိအလင်းရေးမထားဘဲ large snake-like creature လို့သာ ပရိယာယ်နဲ့ ဖော်ပြထားပါတယ်။

သို့သော်လည်း သစ်တုံးထဲမှာ တွေ့ရတဲ့အရာဟာ မြွေတစ်ကောင်ဆိုတာ သေချာနေကြောင်း လူတော်တော်များများက မှတ်ချက်ရေးခဲ့ပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ သစ်တုံးကိုဖြတ်တဲ့ ကာယကံရှင်အမျိုးသားက ” အိုဘုရားရေ .. ငါ မြွေတစ်ကောင်ကို ထက်ပိုင်း ပိုင်းမိသွားပြီ … အခု သူ့ဘာသာသူ အပြင်ကို ထွက်လာနေပြီ “ဆိုတဲ့အသံကို ကြားရပါတယ်။

ယင်းနောက် အခြားတစ်ဖက်မှာ မြွေရဲ့ နောက်ထပ် တစ်ဝက်ဖြစ်နေတဲ့ အစိတ်အပိုင်းကို တွေ့ခဲ့ရပါတယ်။ အဆိုပါဗွီဒီယိုဟာ YouTube ပေါ်မှာ လူပေါင်း (၃)သန်းခန့် ဝင်ရောက်ကြည့်ရှုခဲ့ကြပါတယ်။ ဗွီဒီယိုကို ကြည့်သူတစ်ချို့ကတော့ အခုတွေ့ရှိရတဲ့သတ္တဝါကို Woodworm သို့မဟဟုတ် Shipworm ပါလို့ ပြောနေကြပါတယ်။

ဒါပေမယ့် ကျွမ်းကျင်ပညာရှင်တစ်ဦးကတော့ ဒီမြွေဟာ တောင်ပိုင်း အနက်ရောင် Racer snake တစ်ကောင်သာဖြစ်ပြီး၊ အဆိပ်မဲ့မျိုးဖြစ်ကြောင်းဆိုပါတယ်။ ဒါပေမယ့် Shipworm သို့မဟုတ် Teredo လို့ခေါ်တဲ့ သစ်ပိုးကောင်တွေထဲမှာ လူလက်ကောက်ဝတ်အရွယ်အစားလောက်ထိရှိတဲ့ ပိုးကောင်းတွေလည်း ရှိတတ်ကြောင်း သိရပါတယ်။

အခု ဗွီဒီယိုဖိုင်နဲ့ပတ်သက်ပြီး မြွေလား သစ်ပိုးလားဆိုတာ လူတွေ ငြင်းခုန်နေကြဆဲပါ။ ဧရာမသစ်ပိုးကြီးတွေရဲ့ ဓာတ်ပုံကိုလည်း ဗဟုသုတအဖြစ် ဖော်ပြပေးထားပါတယ်။

နတ်စည်တော် (MyanmarNote)

source : unilad.co.uk