Smartphone ဝယ္ေတာ့မယ္ဆိုရင္ ေရွာင္ရမယ့္အခ်က္ ၇ ခ်က္

0
30

နည္းပညာေတြတိုးတက္လာတာနဲ႔အမွ် နည္းပညာသုံး IT ပစၥည္းေတြကလည္း အမ်ားအျပားေပၚေပါက္ေနပါၿပီ။ ဒီထဲမွာမွ ဒီေန႔ေခတ္ ျမန္မာႏိုင္ငံသား အေတာ္မ်ားမ်ားရဲ႕ လက္ထဲမွာ အေတြ႕ျမင္ရဆုံး IT Device က Smartphone ပါပဲ။ သူသူကိုယ္ကိုယ္ Smartphone လွလွေလး ကိုင္ၿပီး စတိုင္က်က် ေနခ်င္ၾကတာ သဘာဝပါ။ စာဖတ္သူေရာ Smartphone တစ္လုံးကို မျဖစ္မေန ဝယ္ေတာ့မယ္လို႔ ဆုံးျဖတ္ထားၿပီလား။ မဝယ္ခင္မွာ ဒီေဆာင္းပါးေလးကို ဖတ္ၾကည့္ပါ။ နည္းနည္းပါးပါးေတာ့ အသုံးတည့္ပါလိမ့္မယ္။

၁။ ေၾကာ္ျငာေကာင္းတိုင္း ပစၥည္းေကာင္းမယ္လို႔ မထင္ပါနဲ႔

ေၾကာ္ျငာ ဆိုတာ ေက်ာ္ၾကားေအာင္ညာတာတဲ့။ ဒီစကားကို နားမခါးလိုက္ပါနဲ႔။ လုပ္ငန္းရွင္တိုင္းက ေၾကာ္ျငာတိုင္းမွာ သူတို႔ကုန္ပစၥည္းရဲ႕ အားသာခ်က္ေတြကိုပဲ ေဖာ္ျပေလ့ရွိပါတယ္။ အားနည္းခ်က္ကို ဘယ္ေတာ့မွ မေဖာ္ျပပါဘူး။ ဒါေၾကာင့္ ေၾကာ္ျငာကိုၾကည့္လိုက္ရင္ေတာ့ လုံးဝကို ေႂကြသြားပါလိမ့္မယ္။ ေၾကာ္ျငာေကာင္းရင္ ေကာင္းသေလာက္ ဝယ္ခ်င္စိတ္ေတြ ျဖစ္ေနပါလိမ့္မယ္။ မလိမ္တမ္း၊ မညာတမ္းေျပာေၾကးဆိုရင္ ဒီေန႔ေခတ္ Smartphone ေၾကာ္ျငာအေတာ္မ်ားမ်ားမွာျပသေနတဲ့ ကင္မရာဘယ္ေလာက္ေကာင္းေၾကာင္း ျပကြက္ေတြကို ႐ိုက္ကူးထားတာက သူတို႔ေၾကာ္ျငာေနတဲ့ ဖုန္းကင္မရာနဲ႔ ႐ိုက္ကူးထားတာမဟုတ္ပါဘူး။

၂။ အေရာင္းဝန္ထမ္းေတြရဲ႕ စကားေတြၾကားမွာ ေမ်ာမသြားလိုက္ပါနဲ႔

အေရာင္းဝန္ထမ္းတိုင္းကလည္း ေၾကာ္ျငာသမားေတြပါပဲ။ သူတို႔တာဝန္ယူေရာင္းခ်တဲ့ ကုန္ပစၥည္းရဲ႕ အားသာခ်က္ကိုပဲ သင့္ကိုေျပာျပပါလိမ့္မယ္။ အားနည္းခ်က္ကို ေျပာတတ္တဲ့ ရွားပါး အေရာင္းဝန္ထမ္းရွိတယ္ဆိုရင္ေတာင္ တကယ့္ႀကီးမားတဲ့ အားနည္းခ်က္ကို ေျပာတာမဟုတ္ဘူးဆိုတာကို သင္နားလည္ထားရပါလိမ့္မယ္။ သူတို႔ဆီက အမ်ားဆုံးၾကားရမယ့္ စကားကေတာ့ ဒီ Smartphone ရဲ႕ စြမ္းေဆာင္ရည္ဟာ ဘယ္ေလာက္ထိ ေကာင္းတယ္၊ ကုမၸဏီအေနနဲ႔ ဘယ္ေလာက္ထိ အာမခံေပးတယ္၊ ေရာင္းခ်ၿပီးသြားရင္လည္း ေဖာက္သည္ကို ဘယ္ေလာက္ထိ ဂ႐ုစိုက္ေပးတယ္ ဆိုတာေတြပါပဲ။ သင့္လိုအပ္ခ်က္နဲ႔ သူတို႔ေရာင္းခ်တဲ့ ကုန္ပစၥည္း ကိုက္ညီမႈရွိမရွိက သင္ကိုယ္တိုင္ ဆုံးျဖတ္ရမွာပါ။

၃။ ပထမဦးဆုံးေရာက္သြားတဲ့ဆိုင္မွာတင္ မဝယ္လိုက္ပါနဲ႔

လူ႔စိတ္ဆိုတာ ထိန္းခ်ဳပ္ရခက္ပါတယ္။ တစ္ခုခုကို လိုခ်င္ေနၿပီဆိုရင္လည္း ဒီလိုပါပဲ။ ဒါေၾကာင့္ မွားယြင္းတဲ့ ဝယ္ယူမႈေတြက မၾကာခဏ ျဖစ္တတ္ၾကတာပါ။ Smartphone ေရာင္းခ်တဲ့ဆိုင္ေတြ အမ်ားႀကီးပါပဲ။ တစ္ဆိုင္နဲ႔တစ္ဆိုင္ ေဈးခ်င္းတူတယ္ဆိုရင္ေတာင္ ဝန္ေဆာင္မႈခ်င္း တူခ်င္မွ တူတာပါ။ ဖုန္းနဲ႔ပတ္သက္ၿပီးေပးတဲ့ အခ်က္အလက္ခ်င္းလည္း တူခ်င္မွတူတာပါ။ ဒီမွာ အမ်ားဆုံးျဖစ္တတ္တာကေတာ့ Showroom မဟုတ္တဲ့ အေရာင္းဆိုင္ေတြဆိုရင္ တစ္ဆိုင္နဲ႔ တစ္ဆိုင္ ဝန္ေဆာင္မႈခ်င္း မတူတတ္ပါဘူး။ ဥပမာေျပာရရင္ လက္ေဆာင္ေပးတာခ်င္းမတူတာမ်ိဳးေပါ့။ သင့္အေနနဲ႔ Smartphone နဲ႔ ပတ္သက္ၿပီး မ်ားမ်ားစားစား ေလ့လာထားျခင္းမရွိဘူးဆိုရင္ “ပထမဦးဆုံး ေရာက္သြားတဲ့ ဆိုင္မွာတင္ မဝယ္လိုက္ပါနဲ႔” ဆိုတဲ့ ဒီအခ်က္ကို ပိုလို႔ေတာင္ သတိထားသင့္ပါတယ္။ ျဖစ္ႏိုင္ရင္ အင္တာနက္မွာ အခ်က္အလက္ေတြ ရွာၾကည့္ပါ။ ေဈးႏႈန္းေတြ ႏႈိင္းယွဥ္ၾကည့္ပါ။ ကိုယ္ေရာက္ေနတဲ့ဆိုင္နဲ႔ ပတ္သက္တဲ့ သတင္းစကားေတြ ရွာေဖြဖတ္ရႈပါ။

၄။ ေဈးအႀကီးဆုံးနဲ႔ ေဈးအသက္သာဆုံးကို မေ႐ြးပါနဲ႔

ေဈးအႀကီးဆုံးဆိုတိုင္းလည္း အေကာင္းဆုံး မဟုတ္ပါဘူး။ ေဈးသက္သာတိုင္းလည္း အေကာင္းဆုံး မဟုတ္ပါဘူး။ ေဈးႀကီးေပးရေပမယ့္ ကိုယ္ေပးရတဲ့ ေငြေၾကးနဲ႔ ကိုယ္ဝယ္လိုက္တဲ့ပစၥည္းကေန ျပန္ရတဲ့ တန္ဖိုးက ညီမွ်ခ်င္မွ ညီမွ်ပါလိမ့္မယ္။ ဒီအခ်က္ကို သတိႀကီးႀကီးနဲ႔ လိုက္နာရင္ေတာ့ ေဈးႀကီးေပးဝယ္ထားရၿပီး မတန္လိုက္တာကြာ ဆိုတဲ့ စကားမ်ိဳးကို သင္ေျပာရမွာ မဟုတ္ပါဘူး။ ေနာက္တစ္ခုက ေဈးသက္သာတယ္ဆိုၿပီး ဝယ္လိုက္ျပန္ရင္လည္း ထိုက္သင့္တဲ့ အရည္အေသြးမ်ိဳး မရတာနဲ႔ ႀကဳံရတတ္ျပန္ပါတယ္။ ေနာက္ဆုံးေတာ့ အဖိုးနည္း အိုးကြဲ ပဲကြာဆိုတဲ့ စကားမ်ိဳးနဲ႔ ျပန္ၿပီးႏွစ္သိမ့္ေနရပါလိမ့္မယ္။

၅။ နာမည္ႀကီးတံဆိပ္ေနာက္ကိုပဲ မလိုက္ပါနဲ႔

လူဆိုတာကလည္း အစြဲကိုယ္စီနဲ႔ပါ။ Brand တစ္ခုကို ႏွစ္သက္သြားၿပီဆိုရင္ တျခား Brand ကို ေျပာင္းကိုင္ဖို႔ ေႏွာင့္ေႏွးတတ္ၾကပါတယ္။ ေနာက္တစ္ခုက အမ်ားစကားနဲ႔ ေကာင္းေနတာပါ။ လူတိုင္းက ဒီ Brand ေကာင္းတယ္လို႔ ေျပာလိုက္တာနဲ႔ သင္ကလည္း အလိုလို ေကာင္းတယ္လို႔ လက္ခံမိတာမ်ိဳးေပါ့။ နာမည္ႀကီး Brand ကထုတ္တိုင္းလည္း မေကာင္းပါဘူး။ အမ်ားအားျဖင့္ Brand တိုင္းမွာ Series လိုက္ ကုန္ပစၥည္းအရည္အေသြးကို ခြဲျခားထားပါတယ္။ နာမည္ႀကီး Brand မဟုတ္ေပမယ့္ အရည္အေသြးေကာင္းတဲ့ ကုန္ပစၥည္းကို ထုတ္လုပ္ေရာင္းခ်ေနတာေတြလည္း ရွိပါေသးတယ္။ သူတို႔ဟာ နာမည္မရေသးတဲ့အတြက္ အရည္အေသြးေကာင္းတဲ့ ကုန္ပစၥည္းကို အျမတ္နည္းနည္းသာယူၿပီး သက္သာတဲ့ ေဈးႏႈန္းနဲ႔ ေရာင္းခ်တတ္ၾကပါတယ္။

၆။ ေနာက္ဆုံးထြက္က အေကာင္းဆုံးပဲလို႔ တရားေသ မသတ္မွတ္ပါနဲ႔

ေယဘုယ်အားျဖင့္ေတာ့ ေနာက္ဆုံးေပၚျဖစ္ေလေလ ပိုၿပီးအဆင့္ျမင္တဲ့ အစိတ္အပိုင္းနဲ႔ ပိုၿပီးအဆင့္ျမင္တဲ့ နည္းပညာေတြကို အသုံးျပဳထားေလေလပါပဲ။ ဒါေပမယ့္ ၿပီးျပည့္စုံေနတယ္လို႔ေတာ့ မဆိုသာပါဘူး။ လိုအပ္ခ်က္ေတြ ရွိေနတတ္ပါတယ္။ ဥပမာေျပာရရင္ Software ပိုင္း Error ရွိတတ္တာမ်ိဳး၊ Hardware ပိုင္း Error ရွိတတ္တာမ်ိဳးေပါ့။ ေနာက္ဆုံးေပၚေတြရဲ႕ ထုံးစံအတိုင္း ဒီဇိုင္းေရာ၊ Specification ပိုင္းပါ လန္းပါလိမ့္မယ္။ ေပးလိုက္ရတဲ့ ေငြကလည္း လန္းမွာ အေသအခ်ာပါ။ လြန္ခဲ့တဲ့ ေျခာက္လေလာက္က ထြက္ခဲ့ေပမယ့္ ေလ်ာ့ေဈးနဲ႔ရႏိုင္ၿပီး အရည္အေသြးပိုင္းက သိပ္မကြာတာမ်ိဳးလည္း ရွိႏိုင္တာကို သတိရလိုက္ပါ။

၇။ ကိုယ့္အတြက္လိုအပ္တာ ဘာလဲဆိုတာ မသိဘဲ မဝယ္ပါနဲ႔

ေနာက္ဆုံးအေနနဲ႔ မွာခ်င္တာက ကိုယ္ဘာအတြက္ ဖုန္းဝယ္တာလဲဆိုတာ ရွင္းရွင္းလင္းလင္း သိေအာင္ အရင္လုပ္ဖို႔ပါပဲ။ ဂိမ္းကစားဖို႔ ဝယ္တာလား။ Selfie ႐ိုက္ဖို႔ဝယ္တာလား။ အေနာက္ကင္မရာကို အဓိကအသုံးျပဳၿပီး ဓါတ္ပုံ႐ိုက္ဖို႔ ဝယ္တာလား။ ေဖ်ာ္ေျဖေရးအတြက္ အသုံးခ်ဖို႔သက္သက္ပဲ ဝယ္တာလား။ ဒါမွမဟုတ္ ဖုန္းေျပာ႐ုံ၊ Smartphone တစ္လုံးမွာရွိတဲ့ ေထာက္ပံ့မႈကို သုံး႐ုံသက္သက္ဝယ္တာလား ဆိုတဲ့ ေမးခြန္းေတြကို အရင္အေျဖရွာထားဖို႔ လိုပါတယ္။
ဂိမ္းကစားဖို႔ဝယ္တာဆိုရင္ေတာ့ အနည္းဆုံး RAM, CPU, Battery, Resolution စတဲ့ အခ်က္ေတြကို အဓိကထားၾကည့္ရပါမယ္။ Selfie အတြက္သက္သက္ ဝယ္တာဆိုရင္ေတာ့ Selfie camera ရဲ႕ အရည္အေသြးကို အဓိက ထားၿပီးၾကည့္ေပါ့။ ၿပီးေတာ့ ကိုယ့္ဓါတ္ပုံေတြမ်ားမ်ားသိမ္းႏိုင္ဖို႔ Storage ကိုေ႐ြးရမွာေပါ့။ Smartphone photographer ဆိုရင္ေတာ့ ကင္မရာအရည္အေသြး၊ မွန္ဘီလူးအရည္အေသြး၊ လုပ္ေဆာင္ခ်က္ စတာေတြကို ၾကည့္ၿပီးေ႐ြးခ်ယ္ပါလိမ့္မယ္။

ကိုယ္လိုခ်င္တာ ဘာမွန္းမသိဘူးဆိုရင္ေတာ့ အဝယ္မွားတတ္ပါတယ္။ ကိုယ္က ဂိမ္းကစားခ်င္တဲ့သူျဖစ္ေပမယ့္ ေၾကာ္ျငာေကာင္းလို႔ဝယ္လိုက္တဲ့ဖုန္းက Selfie ပဲေကာင္းၿပီး ဂိမ္းေကာင္းေကာင္းကစားဖို႔ လုံေလာက္တဲ့ Battery, RAM, CPU, Relolution မဟုတ္လို႔ စိတ္ေက်နပ္မႈမရတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ ဝယ္လိုက္မိတာက ထိတ္ထိတ္က်ဲ Flagship ႀကီးေပမယ့္ ကိုယ္တကယ္သုံးတာက ဖုန္းေျပာ႐ုံေလာက္၊ Facebook ၾကည့္႐ုံေလာက္ပဲသုံးတာဆိုရင္ေတာ့ ေငြေတြကို မလိုအပ္ဘဲ ပိုသုံးလိုက္သလို ျဖစ္သြားႏိုင္ပါတယ္။

ဆန္းေရာင္နီ@MyanmarNote

(Unicode)

Smartphone ဝယ်တော့မယ်ဆိုရင် ရှောင်ရမယ့်အချက် ၇ ချက်

နည်းပညာတွေတိုးတက်လာတာနဲ့အမျှ နည်းပညာသုံး IT ပစ္စည်းတွေကလည်း အများအပြားပေါ်ပေါက်နေပါပြီ။ ဒီထဲမှာမှ ဒီနေ့ခေတ် မြန်မာနိုင်ငံသား အတော်များများရဲ့ လက်ထဲမှာ အတွေ့မြင်ရဆုံး IT Device က Smartphone ပါပဲ။ သူသူကိုယ်ကိုယ် Smartphone လှလှလေး ကိုင်ပြီး စတိုင်ကျကျ နေချင်ကြတာ သဘာဝပါ။ စာဖတ်သူရော Smartphone တစ်လုံးကို မဖြစ်မနေ ဝယ်တော့မယ်လို့ ဆုံးဖြတ်ထားပြီလား။ မဝယ်ခင်မှာ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ။ နည်းနည်းပါးပါးတော့ အသုံးတည့်ပါလိမ့်မယ်။

၁။ ကြော်ငြာကောင်းတိုင်း ပစ္စည်းကောင်းမယ်လို့ မထင်ပါနဲ့
ကြော်ငြာ ဆိုတာ ကျော်ကြားအောင်ညာတာတဲ့။ ဒီစကားကို နားမခါးလိုက်ပါနဲ့။ လုပ်ငန်းရှင်တိုင်းက ကြော်ငြာတိုင်းမှာ သူတို့ကုန်ပစ္စည်းရဲ့ အားသာချက်တွေကိုပဲ ဖော်ပြလေ့ရှိပါတယ်။ အားနည်းချက်ကို ဘယ်တော့မှ မဖော်ပြပါဘူး။ ဒါကြောင့် ကြော်ငြာကိုကြည့်လိုက်ရင်တော့ လုံးဝကို ကြွေသွားပါလိမ့်မယ်။ ကြော်ငြာကောင်းရင် ကောင်းသလောက် ဝယ်ချင်စိတ်တွေ ဖြစ်နေပါလိမ့်မယ်။ မလိမ်တမ်း၊ မညာတမ်းပြောကြေးဆိုရင် ဒီနေ့ခေတ် Smartphone ကြော်ငြာအတော်များများမှာပြသနေတဲ့ ကင်မရာဘယ်လောက်ကောင်းကြောင်း ပြကွက်တွေကို ရိုက်ကူးထားတာက သူတို့ကြော်ငြာနေတဲ့ ဖုန်းကင်မရာနဲ့ ရိုက်ကူးထားတာမဟုတ်ပါဘူး။

၂။ အရောင်းဝန်ထမ်းတွေရဲ့ စကားတွေကြားမှာ မျောမသွားလိုက်ပါနဲ့
အရောင်းဝန်ထမ်းတိုင်းကလည်း ကြော်ငြာသမားတွေပါပဲ။ သူတို့တာဝန်ယူရောင်းချတဲ့ ကုန်ပစ္စည်းရဲ့ အားသာချက်ကိုပဲ သင့်ကိုပြောပြပါလိမ့်မယ်။ အားနည်းချက်ကို ပြောတတ်တဲ့ ရှားပါး အရောင်းဝန်ထမ်းရှိတယ်ဆိုရင်တောင် တကယ့်ကြီးမားတဲ့ အားနည်းချက်ကို ပြောတာမဟုတ်ဘူးဆိုတာကို သင်နားလည်ထားရပါလိမ့်မယ်။ သူတို့ဆီက အများဆုံးကြားရမယ့် စကားကတော့ ဒီ Smartphone ရဲ့ စွမ်းဆောင်ရည်ဟာ ဘယ်လောက်ထိ ကောင်းတယ်၊ ကုမ္ပဏီအနေနဲ့ ဘယ်လောက်ထိ အာမခံပေးတယ်၊ ရောင်းချပြီးသွားရင်လည်း ဖောက်သည်ကို ဘယ်လောက်ထိ ဂရုစိုက်ပေးတယ် ဆိုတာတွေပါပဲ။ သင့်လိုအပ်ချက်နဲ့ သူတို့ရောင်းချတဲ့ ကုန်ပစ္စည်း ကိုက်ညီမှုရှိမရှိက သင်ကိုယ်တိုင် ဆုံးဖြတ်ရမှာပါ။

၃။ ပထမဦးဆုံးရောက်သွားတဲ့ဆိုင်မှာတင် မဝယ်လိုက်ပါနဲ့
လူ့စိတ်ဆိုတာ ထိန်းချုပ်ရခက်ပါတယ်။ တစ်ခုခုကို လိုချင်နေပြီဆိုရင်လည်း ဒီလိုပါပဲ။ ဒါကြောင့် မှားယွင်းတဲ့ ဝယ်ယူမှုတွေက မကြာခဏ ဖြစ်တတ်ကြတာပါ။ Smartphone ရောင်းချတဲ့ဆိုင်တွေ အများကြီးပါပဲ။ တစ်ဆိုင်နဲ့တစ်ဆိုင် ဈေးချင်းတူတယ်ဆိုရင်တောင် ဝန်ဆောင်မှုချင်း တူချင်မှ တူတာပါ။ ဖုန်းနဲ့ပတ်သက်ပြီးပေးတဲ့ အချက်အလက်ချင်းလည်း တူချင်မှတူတာပါ။ ဒီမှာ အများဆုံးဖြစ်တတ်တာကတော့ Showroom မဟုတ်တဲ့ အရောင်းဆိုင်တွေဆိုရင် တစ်ဆိုင်နဲ့ တစ်ဆိုင် ဝန်ဆောင်မှုချင်း မတူတတ်ပါဘူး။ ဥပမာပြောရရင် လက်ဆောင်ပေးတာချင်းမတူတာမျိုးပေါ့။ သင့်အနေနဲ့ Smartphone နဲ့ ပတ်သက်ပြီး များများစားစား လေ့လာထားခြင်းမရှိဘူးဆိုရင် “ပထမဦးဆုံး ရောက်သွားတဲ့ ဆိုင်မှာတင် မဝယ်လိုက်ပါနဲ့” ဆိုတဲ့ ဒီအချက်ကို ပိုလို့တောင် သတိထားသင့်ပါတယ်။ ဖြစ်နိုင်ရင် အင်တာနက်မှာ အချက်အလက်တွေ ရှာကြည့်ပါ။ ဈေးနှုန်းတွေ နှိုင်းယှဉ်ကြည့်ပါ။ ကိုယ်ရောက်နေတဲ့ဆိုင်နဲ့ ပတ်သက်တဲ့ သတင်းစကားတွေ ရှာဖွေဖတ်ရှုပါ။

၄။ ဈေးအကြီးဆုံးနဲ့ ဈေးအသက်သာဆုံးကို မရွေးပါနဲ့
ဈေးအကြီးဆုံးဆိုတိုင်းလည်း အကောင်းဆုံး မဟုတ်ပါဘူး။ ဈေးသက်သာတိုင်းလည်း အကောင်းဆုံး မဟုတ်ပါဘူး။ ဈေးကြီးပေးရပေမယ့် ကိုယ်ပေးရတဲ့ ငွေကြေးနဲ့ ကိုယ်ဝယ်လိုက်တဲ့ပစ္စည်းကနေ ပြန်ရတဲ့ တန်ဖိုးက ညီမျှချင်မှ ညီမျှပါလိမ့်မယ်။ ဒီအချက်ကို သတိကြီးကြီးနဲ့ လိုက်နာရင်တော့ ဈေးကြီးပေးဝယ်ထားရပြီး မတန်လိုက်တာကွာ ဆိုတဲ့ စကားမျိုးကို သင်ပြောရမှာ မဟုတ်ပါဘူး။ နောက်တစ်ခုက ဈေးသက်သာတယ်ဆိုပြီး ဝယ်လိုက်ပြန်ရင်လည်း ထိုက်သင့်တဲ့ အရည်အသွေးမျိုး မရတာနဲ့ ကြုံရတတ်ပြန်ပါတယ်။ နောက်ဆုံးတော့ အဖိုးနည်း အိုးကွဲ ပဲကွာဆိုတဲ့ စကားမျိုးနဲ့ ပြန်ပြီးနှစ်သိမ့်နေရပါလိမ့်မယ်။

၅။ နာမည်ကြီးတံဆိပ်နောက်ကိုပဲ မလိုက်ပါနဲ့
လူဆိုတာကလည်း အစွဲကိုယ်စီနဲ့ပါ။ Brand တစ်ခုကို နှစ်သက်သွားပြီဆိုရင် တခြား Brand ကို ပြောင်းကိုင်ဖို့ နှောင့်နှေးတတ်ကြပါတယ်။ နောက်တစ်ခုက အများစကားနဲ့ ကောင်းနေတာပါ။ လူတိုင်းက ဒီ Brand ကောင်းတယ်လို့ ပြောလိုက်တာနဲ့ သင်ကလည်း အလိုလို ကောင်းတယ်လို့ လက်ခံမိတာမျိုးပေါ့။ နာမည်ကြီး Brand ကထုတ်တိုင်းလည်း မကောင်းပါဘူး။ အများအားဖြင့် Brand တိုင်းမှာ Series လိုက် ကုန်ပစ္စည်းအရည်အသွေးကို ခွဲခြားထားပါတယ်။ နာမည်ကြီး Brand မဟုတ်ပေမယ့် အရည်အသွေးကောင်းတဲ့ ကုန်ပစ္စည်းကို ထုတ်လုပ်ရောင်းချနေတာတွေလည်း ရှိပါသေးတယ်။ သူတို့ဟာ နာမည်မရသေးတဲ့အတွက် အရည်အသွေးကောင်းတဲ့ ကုန်ပစ္စည်းကို အမြတ်နည်းနည်းသာယူပြီး သက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းချတတ်ကြပါတယ်။

၆။ နောက်ဆုံးထွက်က အကောင်းဆုံးပဲလို့ တရားသေ မသတ်မှတ်ပါနဲ့
ယေဘုယျအားဖြင့်တော့ နောက်ဆုံးပေါ်ဖြစ်လေလေ ပိုပြီးအဆင့်မြင်တဲ့ အစိတ်အပိုင်းနဲ့ ပိုပြီးအဆင့်မြင်တဲ့ နည်းပညာတွေကို အသုံးပြုထားလေလေပါပဲ။ ဒါပေမယ့် ပြီးပြည့်စုံနေတယ်လို့တော့ မဆိုသာပါဘူး။ လိုအပ်ချက်တွေ ရှိနေတတ်ပါတယ်။ ဥပမာပြောရရင် Software ပိုင်း Error ရှိတတ်တာမျိုး၊ Hardware ပိုင်း Error ရှိတတ်တာမျိုးပေါ့။ နောက်ဆုံးပေါ်တွေရဲ့ ထုံးစံအတိုင်း ဒီဇိုင်းရော၊ Specification ပိုင်းပါ လန်းပါလိမ့်မယ်။ ပေးလိုက်ရတဲ့ ငွေကလည်း လန်းမှာ အသေအချာပါ။ လွန်ခဲ့တဲ့ ခြောက်လလောက်က ထွက်ခဲ့ပေမယ့် လျော့ဈေးနဲ့ရနိုင်ပြီး အရည်အသွေးပိုင်းက သိပ်မကွာတာမျိုးလည်း ရှိနိုင်တာကို သတိရလိုက်ပါ။

၇။ ကိုယ့်အတွက်လိုအပ်တာ ဘာလဲဆိုတာ မသိဘဲ မဝယ်ပါနဲ့
နောက်ဆုံးအနေနဲ့ မှာချင်တာက ကိုယ်ဘာအတွက် ဖုန်းဝယ်တာလဲဆိုတာ ရှင်းရှင်းလင်းလင်း သိအောင် အရင်လုပ်ဖို့ပါပဲ။ ဂိမ်းကစားဖို့ ဝယ်တာလား။ Selfie ရိုက်ဖို့ဝယ်တာလား။ အနောက်ကင်မရာကို အဓိကအသုံးပြုပြီး ဓါတ်ပုံရိုက်ဖို့ ဝယ်တာလား။ ဖျော်ဖြေရေးအတွက် အသုံးချဖို့သက်သက်ပဲ ဝယ်တာလား။ ဒါမှမဟုတ် ဖုန်းပြောရုံ၊ Smartphone တစ်လုံးမှာရှိတဲ့ ထောက်ပံ့မှုကို သုံးရုံသက်သက်ဝယ်တာလား ဆိုတဲ့ မေးခွန်းတွေကို အရင်အဖြေရှာထားဖို့ လိုပါတယ်။
ဂိမ်းကစားဖို့ဝယ်တာဆိုရင်တော့ အနည်းဆုံး RAM, CPU, Battery, Resolution စတဲ့ အချက်တွေကို အဓိကထားကြည့်ရပါမယ်။ Selfie အတွက်သက်သက် ဝယ်တာဆိုရင်တော့ Selfie camera ရဲ့ အရည်အသွေးကို အဓိက ထားပြီးကြည့်ပေါ့။ ပြီးတော့ ကိုယ့်ဓါတ်ပုံတွေများများသိမ်းနိုင်ဖို့ Storage ကိုရွေးရမှာပေါ့။ Smartphone photographer ဆိုရင်တော့ ကင်မရာအရည်အသွေး၊ မှန်ဘီလူးအရည်အသွေး၊ လုပ်ဆောင်ချက် စတာတွေကို ကြည့်ပြီးရွေးချယ်ပါလိမ့်မယ်။
ကိုယ်လိုချင်တာ ဘာမှန်းမသိဘူးဆိုရင်တော့ အဝယ်မှားတတ်ပါတယ်။ ကိုယ်က ဂိမ်းကစားချင်တဲ့သူဖြစ်ပေမယ့် ကြော်ငြာကောင်းလို့ဝယ်လိုက်တဲ့ဖုန်းက Selfie ပဲကောင်းပြီး ဂိမ်းကောင်းကောင်းကစားဖို့ လုံလောက်တဲ့ Battery, RAM, CPU, Relolution မဟုတ်လို့ စိတ်ကျေနပ်မှုမရတာမျိုး ဖြစ်နိုင်ပါတယ်။ ဝယ်လိုက်မိတာက ထိတ်ထိတ်ကျဲ Flagship ကြီးပေမယ့် ကိုယ်တကယ်သုံးတာက ဖုန်းပြောရုံလောက်၊ Facebook ကြည့်ရုံလောက်ပဲသုံးတာဆိုရင်တော့ ငွေတွေကို မလိုအပ်ဘဲ ပိုသုံးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။

ဆန်းရောင်နီ@MyanmarNote