ဟာရဲရားေနရာအစားထိုးဖို႔ မန္ယူေခၚႏိုင္ေခ်ရွိတဲ့ ကစားသမားမ်ား

0
22

ယူႏုိက္တက္အသင္းရဲ႕ ကြင္းလယ္ကစားသမား ဟာရဲရားတစ္ေယာက္ အသင္းနဲ႔ စာခ်ဳပ္သစ္မခ်ဳပ္ေတာ့ဘဲ ရာသီကုန္ရင္ထြက္ခြာေတာ့မယ္လို႕ သတင္းေတြထြက္ေနပါတယ္။ ကြင္းလယ္ပိုင္းမွာ အသားက်ေနျပီး အထူးသျဖင့္ မာတစ္နဲ႕ အတြဲညီညီေဆာ့ႏိုင္တဲ့ ဟာရဲရားတစ္ေယာက္ အသင္းကထြက္သြားရင္ မန္ယူတို႔ အေနအထားပ်က္သြားႏုိင္ပါတယ္။

ဒီအေျခအေနကို ထိန္းဖို႔အတြက္ ကစားေပါက္တူတဲ့ ကစားသမားကို ေခၚမွရပါမယ္။ ေရရွည္နဲ႕ အသင္းနဲ႔ လိုက္တဲ့ ကစားသမားေတြကလည္း ေစ်းကြက္ထဲ ရွိေနတဲ့အတြက္ ဘယ္သူေတြ ေရာက္လာႏုိင္မလဲ ၾကည္႔လိုက္ရေအာင္။

(၃)ေဟာက္ဆန္ အုိရာ (လိုင္ယြန္)
လိုင္ယြန္အသင္းရဲ႕ ကြင္းလယ္မွာ သူမတူေအာင္ ေျခစြမ္းျပေနတဲ့ ကစားသမားပါ။ သူအားသန္တာက ဗဟိုကြင္းလယ္နဲ႔ ဘယ္ကြင္းလယ္ေနရာေတြမွာျဖစ္ျပီး တိက်တဲ့ ေပးပိုမႈေတြနဲ႔ ကစားသမားပါ။ လီဂူး၀မ္းမွာဆိုရင္ တစ္ပြဲကို ပွ်မ္းမွ် (၁.၆)ၾကိမ္ ရွင္းထုတ္မႈရွိပါတယ္။ ခ်န္ပီယံလိဂ္မွာေတာ့ သူ႕ေျခစြမ္းက ပိုေကာင္းေနျပီး တစ္ပြဲကို ရွင္းထုတ္မႈ (၂.၄)ၾကိမ္၊ အေရးပါတဲ့ ေပးပို႔မႈ (၁.၂)ၾကိမ္နဲ႔ (၂.၂)ၾကိမ္ဂိုးေပါက္ကန္ႏႈန္းရွိပါတယ္။ လီဂူး၀မ္းမွာ (၇)ဂိုးသြင္း (၂)ၾကိမ္ထိ ပံ့ပိုးထားႏိုင္တဲ့ ကြင္းလယ္ေျခစြမ္းက မဆိုးဘူးေျပာရမွာပါပဲ။

(၂)အန္ဒြန္ဘလီ (လိုင္ယြန္)
သူကေတာ့ ကြင္းလယ္ခံစစ္ကို အားသန္တဲ့ ကစားသမားပါ။ အသက္ (၂၂)ပဲ ရွိေသးေပမယ့္ ေဘာလံုးပိုင္ဆိုင္မႈအသာရယူရာမွာေတာ့ ေတာ္ေတာ္ေလးကို ေကာင္းမြန္ပါတယ္။ တစ္ပြဲကို ပွ်မ္းမွ်ကြင္းလယ္မွာ (၂.၄)ၾကိမ္ရွင္းထုတ္ထားႏိုင္တဲ့ စြမ္းေဆာင္ရည္က ခံစစ္ပိုင္းအတြက္ စိတ္ခ်ရသလို အလိမ္အေခါက္နဲ႕ ျဖတ္ေက်ာ္ျပမႈက (၁.၆)ၾကိမ္ရွိတဲ့အတြက္ ဗဟိုကြင္းလယ္လူစစ္စစ္ပါပဲ။ သူေပးပို႔ျပထားတဲ့ ေဘာလံုးပံုစံကေတာ့ တိက်တဲ့ ေျမလွိမ့္ေဘာေပးပို႔ဟန္ေတြပါ။

(၁)နီကိုလို ဇာနီရိုလို (ရိုးမား)
သူကေတာ့ ကြင္းလယ္ညာျခမ္းကစားသမားျဖစ္ျပီး (၁၉)ႏွစ္ပဲ ရွိေသးတဲ့ ကစားသမားေလးပါ။ ခ်န္ပီယံလိဂ္မွာ (၂)ဂိုးသြင္းျပခဲ့ျပီး တစ္ပြဲကို (၁.၆)ၾကိမ္ ေဘာလံုး ရွင္းထုတ္ျပခဲ့ပါတယ္။ ေပါ့ဘာလို တစ္ခ်က္ထိေပးစနစ္စေကးေတြျပထားတဲ့အျပင္ စြမ္းေဆာင္ရည္ျပလို႔မရတဲ့ အေရးပါတဲ့ တိုက္စစ္အစဆင္မႈ ေဘာလံုးေတြကို ေပးပို႔ထားႏိုင္ပါတယ္။ ဒါဟာ မန္ယူလိုေနတဲ့ ကစားသမားျဖစ္ျပီး ခ်န္ပီယံလိဂ္ေတြမွာ ေျခစြမ္းျပထားႏိုင္တဲ့ ကစားသမားကို ေခၚယူစာခ်ဳပ္ခ်ဳပ္သင့္ပါတယ္။

ေရႊရင္ေအး
MyanmarNote

Unicode

ဟာရဲရားနေရာအစားထိုးဖို့ မန်ယူခေါ်နိုင်ချေရှိတဲ့ ကစားသမားများ

ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဟာရဲရားတစ်ယောက် အသင်းနဲ့ စာချုပ်သစ်မချုပ်တော့ဘဲ ရာသီကုန်ရင်ထွက်ခွာတော့မယ်လို့ သတင်းတွေထွက်နေပါတယ်။ ကွင်းလယ်ပိုင်းမှာ အသားကျနေပြီး အထူးသဖြင့် မာတစ်နဲ့ အတွဲညီညီဆော့နိုင်တဲ့ ဟာရဲရားတစ်ယောက် အသင်းကထွက်သွားရင် မန်ယူတို့ အနေအထားပျက်သွားနိုင်ပါတယ်။

ဒီအခြေအနေကို ထိန်းဖို့အတွက် ကစားပေါက်တူတဲ့ ကစားသမားကို ခေါ်မှရပါမယ်။ ရေရှည်နဲ့ အသင်းနဲ့ လိုက်တဲ့ ကစားသမားတွေကလည်း ဈေးကွက်ထဲ ရှိနေတဲ့အတွက် ဘယ်သူတွေ ရောက်လာနိုင်မလဲ ကြည့်လိုက်ရအောင်။

(၃)ဟောက်ဆန် အိုရာ (လိုင်ယွန်)
လိုင်ယွန်အသင်းရဲ့ ကွင်းလယ်မှာ သူမတူအောင် ခြေစွမ်းပြနေတဲ့ ကစားသမားပါ။ သူအားသန်တာက ဗဟိုကွင်းလယ်နဲ့ ဘယ်ကွင်းလယ်နေရာတွေမှာဖြစ်ပြီး တိကျတဲ့ ပေးပိုမှုတွေနဲ့ ကစားသမားပါ။ လီဂူးဝမ်းမှာဆိုရင် တစ်ပွဲကို ပျှမ်းမျှ (၁.၆)ကြိမ် ရှင်းထုတ်မှုရှိပါတယ်။ ချန်ပီယံလိဂ်မှာတော့ သူ့ခြေစွမ်းက ပိုကောင်းနေပြီး တစ်ပွဲကို ရှင်းထုတ်မှု (၂.၄)ကြိမ်၊ အရေးပါတဲ့ ပေးပို့မှု (၁.၂)ကြိမ်နဲ့ (၂.၂)ကြိမ်ဂိုးပေါက်ကန်နှုန်းရှိပါတယ်။ လီဂူးဝမ်းမှာ (၇)ဂိုးသွင်း (၂)ကြိမ်ထိ ပံ့ပိုးထားနိုင်တဲ့ ကွင်းလယ်ခြေစွမ်းက မဆိုးဘူးပြောရမှာပါပဲ။

(၂)အန်ဒွန်ဘလီ (လိုင်ယွန်)
သူကတော့ ကွင်းလယ်ခံစစ်ကို အားသန်တဲ့ ကစားသမားပါ။ အသက် (၂၂)ပဲ ရှိသေးပေမယ့် ဘောလုံးပိုင်ဆိုင်မှုအသာရယူရာမှာတော့ တော်တော်လေးကို ကောင်းမွန်ပါတယ်။ တစ်ပွဲကို ပျှမ်းမျှကွင်းလယ်မှာ (၂.၄)ကြိမ်ရှင်းထုတ်ထားနိုင်တဲ့ စွမ်းဆောင်ရည်က ခံစစ်ပိုင်းအတွက် စိတ်ချရသလို အလိမ်အခေါက်နဲ့ ဖြတ်ကျော်ပြမှုက (၁.၆)ကြိမ်ရှိတဲ့အတွက် ဗဟိုကွင်းလယ်လူစစ်စစ်ပါပဲ။ သူပေးပို့ပြထားတဲ့ ဘောလုံးပုံစံကတော့ တိကျတဲ့ မြေလှိမ့်ဘောပေးပို့ဟန်တွေပါ။

(၁)နီကိုလို ဇာနီရိုလို (ရိုးမား)
သူကတော့ ကွင်းလယ်ညာခြမ်းကစားသမားဖြစ်ပြီး (၁၉)နှစ်ပဲ ရှိသေးတဲ့ ကစားသမားလေးပါ။ ချန်ပီယံလိဂ်မှာ (၂)ဂိုးသွင်းပြခဲ့ပြီး တစ်ပွဲကို (၁.၆)ကြိမ် ဘောလုံး ရှင်းထုတ်ပြခဲ့ပါတယ်။ ပေါ့ဘာလို တစ်ချက်ထိပေးစနစ်စကေးတွေပြထားတဲ့အပြင် စွမ်းဆောင်ရည်ပြလို့မရတဲ့ အရေးပါတဲ့ တိုက်စစ်အစဆင်မှု ဘောလုံးတွေကို ပေးပို့ထားနိုင်ပါတယ်။ ဒါဟာ မန်ယူလိုနေတဲ့ ကစားသမားဖြစ်ပြီး ချန်ပီယံလိဂ်တွေမှာ ခြေစွမ်းပြထားနိုင်တဲ့ ကစားသမားကို ခေါ်ယူစာချုပ်ချုပ်သင့်ပါတယ်။

ရွှေရင်အေး
MyanmarNote