ေအာ္ပရာေတးဂီတေဖ်ာ္ေျဖကုိ ေရေအာက္မွာျပဳလုပ္မယ့္ ဝစ္စ္ကြိဳင္ဆင္ျပည္နယ္တကၠသိုလ္တစ္ခု

ဝစ္စ္ကြိဳင္ဆင္ျပည္နယ္က တကၠသိုလ္တစ္ခုကေတာ့ ေတးဂီတေဖ်ာ္ျေဖမႈပြဲကို ရွားရွားပါးပါးေရေအာက္မွာက်င္းပျပဳလုပ္ဖုိ႕ ျပင္ဆင္ေနတယ္လုိ႕သိရပါတယ္။

ထုိတကၠသုိလ္က ေလာရန္႕တကၠသုိလ္လုိအမည္ရၿပီး ‘Multi-disciplinary Water Opera’ ေတးဂီတေဖ်ာ္ေျဖပြဲကုိ ေက်ာင္းရဲ႕ ေရကူးအနီးမွာေရာ ေရကူးကန္ထဲမွာေရာပါ က်င္းပျပဳလုပ္မယ္လုိ႕ ေၾကညာထားပါတယ္။ အဆုိပါတကၠသုိလ္ေက်ာင္းက ဝစ္စ္ကြိဳင္ဆင္ျပည္နယ္ အဲလ္ပယ္တန္ၿမိဳ႕မွာတည္ရွိတာပါ။

အခုလုိေတြ႕ရခဲ့တဲ့ ေဖ်ာ္ေျဖမႈမွာ အကသမား၊ စည္းခ်က္တူရိယာတီးခတ္သူ၊ အဆုိေတာ္၊ ထရမ့္ပတ္ခ္မႈတ္သူ၊ ပေလြဆရာ၊ ဆယ္လိုဖုန္းတီးသူ၊ စႏၵရားကြ်မ္းက်င္ပညာရွင္ႏွင့္ ေဘ့စ္တီးခတ္သူတို႕ပါဝင္မယ္လုိ႕သိရပါတယ္။

ေတးေရးဆရာႏွင့္ဂီတမွဴးျဖစ္သူ ေလာရန္႕ကီယုိရွီက သူတုိ႕အေနနဲ႕ ဒီပြဲကုိ ပံုမွန္အတုိင္း စင္ေပၚမွာ ေဖ်ာ္ေျဖဖုိ႕ရွိေပမယ့္ ပရိသတ္ေတြကို ထူးထူးျခားျခားေဖ်ာ္ေျဖတင္ဆက္ေပးခ်င္တဲ့အတြက္ အခုုလိုမ်ိဳး စီစဥ္လုိက္ရတာျဖစ္ေၾကာင္း ‘WFRV’ တီဗီြခ်န္နယ္ကို ေျပာျပခဲ့ပါတယ္။ အခုအစီအစဥ္ကို စေနေန႕ႏွင့္ တနဂၤေႏြ ည (၈)နာရီမွာက်င္းပျပဳလုပ္မယ္လုိ႕လည္းသိရပါတယ္။

Lwin Phay Oo
MyanmarNote
Ref: Upi

Unicode Version
အော်ပရာတေးဂီတဖျော်ဖြေကို ရေအောက်မှာပြုလုပ်မယ့် ဝစ်စ်ကွိုင်ဆင်ပြည်နယ်တက္ကသိုလ်တစ်ခု

ဝစ်စ်ကွိုင်ဆင်ပြည်နယ်က တက္ကသိုလ်တစ်ခုကတော့ တေးဂီတဖျော်ြဖေမှုပွဲကို ရှားရှားပါးပါးရေအောက်မှာကျင်းပပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။

ထိုတက္ကသိုလ်က လောရန့်တက္ကသိုလ်လိုအမည်ရပြီး ‘Multi-disciplinary Water Opera’ တေးဂီတဖျော်ဖြေပွဲကို ကျောင်းရဲ့ ရေကူးအနီးမှာရော ရေကူးကန်ထဲမှာရောပါ ကျင်းပပြုလုပ်မယ်လို့ ကြေညာထားပါတယ်။ အဆိုပါတက္ကသိုလ်ကျောင်းက ဝစ်စ်ကွိုင်ဆင်ပြည်နယ် အဲလ်ပယ်တန်မြို့မှာတည်ရှိတာပါ။

အခုလိုတွေ့ရခဲ့တဲ့ ဖျော်ဖြေမှုမှာ အကသမား၊ စည်းချက်တူရိယာတီးခတ်သူ၊ အဆိုတော်၊ ထရမ့်ပတ်ခ်မှုတ်သူ၊ ပလွေဆရာ၊ ဆယ်လိုဖုန်းတီးသူ၊ စန္ဒရားကျွမ်းကျင်ပညာရှင်နှင့် ဘေ့စ်တီးခတ်သူတို့ပါဝင်မယ်လို့သိရပါတယ်။

တေးရေးဆရာနှင့်ဂီတမှူးဖြစ်သူ လောရန့်ကီယိုရှီက သူတို့အနေနဲ့ ဒီပွဲကို ပုံမှန်အတိုင်း စင်ပေါ်မှာ ဖျော်ဖြေဖို့ရှိပေမယ့် ပရိသတ်တွေကို ထူးထူးခြားခြားဖျော်ဖြေတင်ဆက်ပေးချင်တဲ့အတွက် အခုလိုမျိုး စီစဉ်လိုက်ရတာဖြစ်ကြောင်း ‘WFRV’ တီဗွီချန်နယ်ကို ပြောပြခဲ့ပါတယ်။ အခုအစီအစဉ်ကို စနေနေ့နှင့် တနင်္ဂနွေ ည (၈)နာရီမှာကျင်းပပြုလုပ်မယ်လို့လည်းသိရပါတယ်။

Lwin Phay Oo
MyanmarNote
Ref: Upi