ဗီဒီယုိဂိမ္းေခြအမ်ားႀကီးစုေဆာင္းထားတာေၾကာင့္ ဂရင္းနစ္စံခ်ိန္ဝင္သြားတဲ့ အမ်ိဳးသား

တကၠဆပ္ျပည္နယ္က အမ်ိဳးသားတစ္ေယာက္ကေတာ့ ဗီဒီယုိဂိမ္းေခြ (၂၀၁၃၉) ေခြပုိင္ဆုိင္ထားတယ္လုိ႕သိရပါတယ္။ ဂရင္းနစ္စံခ်ိန္ဝင္ဖုိ႕ အတြက္ သူစုေဆာင္းထားတဲ့ ဂိမ္းေခြကို ေရတြက္ရာမွာ (၈) ရက္ၾကာခဲ့ပါတယ္။

ဂရင္းနစ္အဖြဲ႕က အန္တုိနီယိုမြန္တီယုိ အမည္ရွိအမ်ိဳးသားတစ္ဦးကို ကမၻာ႕အႀကီးဆံုးဗီဒီယုိဂိမ္းစုေဆာင္းသူအျဖစ္ စာရင္းသြင္းခဲ့ပါတယ္။ အန္တိုနီယုိ က တကၠဆပ္ျပည္နယ္ ရစ္ခ်္မြန္ၿမိဳ႕မွာ ေနထုိင္သူတစ္ဦးျဖစ္ၿပီး ဗီဒီယုိဂိမ္းေခြ (၂၀၁၃၉) ေခြကို စုေဆာင္းထိန္းသိမ္းထားခဲ့တဲ့သူျဖစ္ၿပီး ေခြအကုန္လံုး ေဆာ့လုိ႕ရပါေသးတယ္။

ထုိအမ်ိဳးသား မြန္တီယုိက ‘ ဒီအေၾကာင္းကို ကမၻာႀကီးသိေအာင္ ခ်ျပရတာ တကယ္ကို စိတ္လႈပ္ရွားမိပါတယ္’ လို႕ဆုိပါတယ္။

သူစုေဆာင္းထားတဲ့အထဲမွာ ရွားပါးဂိမ္းေတြျဖစ္တဲ့ အေမရိကန္စစ္တပ္အတြက္ထုတ္လုပ္ထားတဲ့ နီတန္ဒုိး (Nintendo) ဂိမ္းေခြေတြႏွင့္ ခလုပ္ႏွင့္ေဆာ့ရတဲ့ ဂိမ္းေတြျဖစ္တဲ့ PlayStation 2 ၊PlayStation 3၊ Sega Dreamcast၊ PSP၊ PS Vita၊ Xbox၊ Xbox 360၊ Game Boy၊ Game Boy Advance၊ Game Cube၊ Wii ႏွင့္ Atari Jaguar ဂိမ္းအမ်ိဳးအစားေတြရဲ႕ အတြဲလုိက္ဂိမ္းေခြေတြပါ ပါဝင္ပါတယ္။

ဂရင္းနစ္အဖြဲ႕က သူရဲ႕ ေခြေတြကို ေရတြက္ဖုိ႕ (၈) ရက္တိတိအခ်ိန္ၾကာခဲ့ေၾကာင္းေျပာဆုိခဲ့ပါတယ္။

Lwin Phay Oo
MyanmarNote
Ref : Upi

Unicode Version
ဗီဒီယိုဂိမ်းခွေအများကြီးစုဆောင်းထားတာကြောင့် ဂရင်းနစ်စံချိန်ဝင်သွားတဲ့ အမျိုးသား

တက္ကဆပ်ပြည်နယ်က အမျိုးသားတစ်ယောက်ကတော့ ဗီဒီယိုဂိမ်းခွေ (၂၀၁၃၉) ခွေပိုင်ဆိုင်ထားတယ်လို့သိရပါတယ်။ ဂရင်းနစ်စံချိန်ဝင်ဖို့ အတွက် သူစုဆောင်းထားတဲ့ ဂိမ်းခွေကို ရေတွက်ရာမှာ (၈) ရက်ကြာခဲ့ပါတယ်။

ဂရင်းနစ်အဖွဲ့က အန်တိုနီယိုမွန်တီယို အမည်ရှိအမျိုးသားတစ်ဦးကို ကမ္ဘာ့အကြီးဆုံးဗီဒီယိုဂိမ်းစုဆောင်းသူအဖြစ် စာရင်းသွင်းခဲ့ပါတယ်။ အန်တိုနီယို က တက္ကဆပ်ပြည်နယ် ရစ်ချ်မွန်မြို့မှာ နေထိုင်သူတစ်ဦးဖြစ်ပြီး ဗီဒီယိုဂိမ်းခွေ (၂၀၁၃၉) ခွေကို စုဆောင်းထိန်းသိမ်းထားခဲ့တဲ့သူဖြစ်ပြီး ခွေအကုန်လုံး ဆော့လို့ရပါသေးတယ်။

ထိုအမျိုးသား မွန်တီယိုက ‘ ဒီအကြောင်းကို ကမ္ဘာကြီးသိအောင် ချပြရတာ တကယ်ကို စိတ်လှုပ်ရှားမိပါတယ်’ လို့ဆိုပါတယ်။

သူစုဆောင်းထားတဲ့အထဲမှာ ရှားပါးဂိမ်းတွေဖြစ်တဲ့ အမေရိကန်စစ်တပ်အတွက်ထုတ်လုပ်ထားတဲ့ နီတန်ဒိုး (Nintendo) ဂိမ်းခွေတွေနှင့် ခလုပ်နှင့်ဆော့ရတဲ့ ဂိမ်းတွေဖြစ်တဲ့ PlayStation 2 ၊PlayStation 3၊ Sega Dreamcast၊ PSP၊ PS Vita၊ Xbox၊ Xbox 360၊ Game Boy၊ Game Boy Advance၊ Game Cube၊ Wii နှင့် Atari Jaguar ဂိမ်းအမျိုးအစားတွေရဲ့ အတွဲလိုက်ဂိမ်းခွေတွေပါ ပါဝင်ပါတယ်။

ဂရင်းနစ်အဖွဲ့က သူရဲ့ ခွေတွေကို ရေတွက်ဖို့ (၈) ရက်တိတိအချိန်ကြာခဲ့ကြောင်းပြောဆိုခဲ့ပါတယ်။

Lwin Phay Oo
MyanmarNote
Ref : Upi