(၂၀၄၅)ခုႏွစ္ကေနလာခဲ့တယ္ဆုိတဲ့ အခ်ိန္ခရီးသြားတစ္ဦးကို အလိမ္အညာေဖာ္စက္ႏွင့္ စစ္ၾကည့္ေမးျမန္းတဲ့အခါ

အမ်ိဳးသားတစ္ေယာက္က သူက အခ်ိန္ခရီးသြားတစ္ဦျဖစ္ေၾကာင္း ေျပာဆုိခဲ့ၿပီး (၂၀၄၅) ခုႏွစ္မွာ အေမရိကန္သမၼတဘယ္သူျဖစ္မလဲဆုိတာကို ေျပာျပခဲ့ပါတယ္။

ဒီအေၾကာင္းအရာက ေျပာဖို႕ခက္ခက္ရယ္ပါ ၊ သိပံၸပညာမွာေတာ့ အခ်ိန္ခရီးသြားျခင္းနဲ႕သက္ဆုိင္တဲ့ သီအုိရီေတြရွိေနေသးေပမယ့္ လက္ေတြ႕မွာေတာ့ လုပ္ဖုိ႕မလြယ္ေသးပါဘူး။ ထုိအမ်ိဳးသားက စိတ္မမွန္တာျဖစ္ၿပီးေလွ်ာက္ေျပာတာမ်ိဳးလည္းျဖစ္ႏုိင္ပါတယ္။

အခ်ိန္ခရီးသြားတဲ့သူက ၂၀၁၉ ခုႏွစ္မွာ ေမြးဖြားခဲ့တာျဖစ္ေၾကာင္းႏွင့္ အနာဂတ္နဲ႕ပတ္သတ္တဲ့အေၾကာင္းအရာေတြကိုသူအကုန္သိရွိတယ္လုိ႕ဆိုပါတယ္။ သူရဲ႕လက္မွာလည္း ‘The One’ အမည္ရွိခ်ပ္္စ္ျပားတစ္ခုထည့္သြင္းထားၿပီး (၂၀၄၅) ခုႏွစ္မွာ ၿဂိဳလ္သားေတြကမၻာေျမကိုလာေရာက္မယ္လုိ႕လည္းေျပာဆုိခဲ့ပါတယ္။ ဒါေၾကာင့္ Apex ရုပ္သံလုိင္းတစ္ခုက အလိမ္အညာေဖာ္စက္နွင့္ အင္တာဗ်ဴးလုပ္ဖုိ႕ ထိုအမ်ိဳးသားကိုေျပာဆုိခဲ့ပါတယ္။

အခ်ိန္ခရီးသြားကလည္း လက္ခံခဲ့ၿပီး ဒုိင္ႏုိ္ေဆာေေတြ ကလုန္းပြားလုိ႕ရလားဆုိတဲ့ ေမးခြန္းကိုေတာ့ ဟုတ္ပါတယ္ လုိ႕ေျဖၾကားခဲ့ၿပီး ‘T-rex’ ႏွင့္ ‘Velociraptors’ ဒုိင္ႏုိေဆာေတြရွိတဲ့ ဒိုိင္ႏုိေဆာရံုေတြ အမွန္တကယ္ရွိတယ္လုိ႕ေျပာဆုိခဲ့ပါတယ္။ အေမရိကန္သမၼတဘယ္သူျဖစ္မလဲဆုိတဲ့ေမးခြန္းကို သူက မာတင္လူသာကင္္း ဂ်ဴနီယာရဲ႕ ေျမးမေလး ရုိလန္ဒါရီေနးကင္း ကအာဏာရလာမယ္လုိ႕ဆုိခဲ့ပါတယ္။

သူက ‘ ဟုတ္တယ္ ရုိလန္ဒါရီေနးကင္းက သမၼတျဖစ္လာၿပီး အေမရိကန္ႏုိင္ငံရဲ႕ အႀကီးက်ယ္ျမင့္္ျမတ္ဆုံုး သမၼတတစ္ေယာက္ အမွန္တကယ္ျဖစ္လာမွာပါ’ လုိ႕ေျဖခဲ့ပါတယ္။ အလိမ္အညာေဖာ္စက္ကလည္း သူရဲ႕အေျဖမွန္ကန္ေၾကာင္း ျပန္လည္တံု႕ျပန္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ရုိလန္ဒါ အသက္ (၉) ႏွစ္မွာ ဝါရွင္တန္ဒီစီရဲ႕ လက္နက္ကိုိင္ေဆာင္မႈထိန္းခ်ဳပ္ဖုိ႕ တုိက္တြန္းတဲ့လူအမ်ားထဲမွာ သူ(မ) လည္းပါဝင္ခဲ့ပါတယ္။ ရုိလန္ဒါက လည္း လက္နက္ကင္းစင္တဲ့ ကမၻာႀကီးကို ပံုေဖာ္ခ်င္ေနတဲ့သူတစ္ဦးျဖစ္ၿပီး ၂၀၄၅ ခုႏွစ္မွာ သူ(မ) အသက္ ၃၆ ႏွစ္ရွိမွာျဖစ္ပါတယ္။

အခ်ိန္ခရီးသြားေျပာဆုိသမွ်ေတြကို အလိမ္အညာေဖာ္စက္က မွန္ကန္ေၾကာင္းျပေနတာေၾကာင့္ သူေျပာဆုိသမွ်ေတြက ယံုရမလုိလုိပါပဲ။

Lwin Phay Oo
MyanmarNote
Ref : mirror.co.uk

Unicode Version
(၂၀၄၅)ခုနှစ်ကနေလာခဲ့တယ်ဆိုတဲ့ အချိန်ခရီးသွားတစ်ဦးကို အလိမ်အညာဖော်စက်နှင့် စစ်ကြည့်မေးမြန်းတဲ့အခါ

အမျိုးသားတစ်ယောက်က သူက အချိန်ခရီးသွားတစ်ဦဖြစ်ကြောင်း ပြောဆိုခဲ့ပြီး (၂၀၄၅) ခုနှစ်မှာ အမေရိကန်သမ္မတဘယ်သူဖြစ်မလဲဆိုတာကို ပြောပြခဲ့ပါတယ်။

ဒီအကြောင်းအရာက ပြောဖို့ခက်ခက်ရယ်ပါ ၊ သိပ္ပံပညာမှာတော့ အချိန်ခရီးသွားခြင်းနဲ့သက်ဆိုင်တဲ့ သီအိုရီတွေရှိနေသေးပေမယ့် လက်တွေ့မှာတော့ လုပ်ဖို့မလွယ်သေးပါဘူး။ ထိုအမျိုးသားက စိတ်မမှန်တာဖြစ်ပြီးလျှောက်ပြောတာမျိုးလည်းဖြစ်နိုင်ပါတယ်။

အချိန်ခရီးသွားတဲ့သူက ၂၀၁၉ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ကြောင်းနှင့် အနာဂတ်နဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကိုသူအကုန်သိရှိတယ်လို့ဆိုပါတယ်။ သူရဲ့လက်မှာလည်း ‘The One’ အမည်ရှိချပ်စ်ပြားတစ်ခုထည့်သွင်းထားပြီး (၂၀၄၅) ခုနှစ်မှာ ဂြိုလ်သားတွေကမ္ဘာမြေကိုလာရောက်မယ်လို့လည်းပြောဆိုခဲ့ပါတယ်။ ဒါကြောင့် Apex ရုပ်သံလိုင်းတစ်ခုက အလိမ်အညာဖော်စက်နှင့် အင်တာဗျူးလုပ်ဖို့ ထိုအမျိုးသားကိုပြောဆိုခဲ့ပါတယ်။

အချိန်ခရီးသွားကလည်း လက်ခံခဲ့ပြီး ဒိုင်နိုဆောေတွေ ကလုန်းပွားလို့ရလားဆိုတဲ့ မေးခွန်းကိုတော့ ဟုတ်ပါတယ် လို့ဖြေကြားခဲ့ပြီး ‘T-rex’ နှင့် ‘Velociraptors’ ဒိုင်နိုဆောတွေရှိတဲ့ ဒိုင်နိုဆောရုံတွေ အမှန်တကယ်ရှိတယ်လို့ပြောဆိုခဲ့ပါတယ်။ အမေရိကန်သမ္မတဘယ်သူဖြစ်မလဲဆိုတဲ့မေးခွန်းကို သူက မာတင်လူသာကင်း ဂျူနီယာရဲ့ မြေးမလေး ရိုလန်ဒါရီနေးကင်း ကအာဏာရလာမယ်လို့ဆိုခဲ့ပါတယ်။

သူက ‘ ဟုတ်တယ် ရိုလန်ဒါရီနေးကင်းက သမ္မတဖြစ်လာပြီး အမေရိကန်နိုင်ငံရဲ့ အကြီးကျယ်မြင့််မြတ်ဆုံး သမ္မတတစ်ယောက် အမှန်တကယ်ဖြစ်လာမှာပါ’ လို့ဖြေခဲ့ပါတယ်။ အလိမ်အညာဖော်စက်ကလည်း သူရဲ့အဖြေမှန်ကန်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ရိုလန်ဒါ အသက် (၉) နှစ်မှာ ဝါရှင်တန်ဒီစီရဲ့ လက်နက်ကိုင်ဆောင်မှုထိန်းချုပ်ဖို့ တိုက်တွန်းတဲ့လူအများထဲမှာ သူ(မ) လည်းပါဝင်ခဲ့ပါတယ်။ ရိုလန်ဒါက လည်း လက်နက်ကင်းစင်တဲ့ ကမ္ဘာကြီးကို ပုံဖော်ချင်နေတဲ့သူတစ်ဦးဖြစ်ပြီး ၂၀၄၅ ခုနှစ်မှာ သူ(မ) အသက် ၃၆ နှစ်ရှိမှာဖြစ်ပါတယ်။

အချိန်ခရီးသွားပြောဆိုသမျှတွေကို အလိမ်အညာဖော်စက်က မှန်ကန်ကြောင်းပြနေတာကြောင့် သူပြောဆိုသမျှတွေက ယုံရမလိုလိုပါပဲ။

Lwin Phay Oo
MyanmarNote
Ref : mirror.co.uk