စြန္႕ပစ္ပလပ္စတစ္ေတြအသံုးျပဳၿပီး လမ္းေဖာက္လုပ္မယ့္ ဓာတုေဗဒကုမၸဏီ

တုိးတက္လာတဲ့ ေခတ္မွာ ပလပ္စတစ္ေတြကိုပုိမုိအသံုျပဳလာၾကၿပီး ဖ်က္စီးရခက္ကာ သဘာပတ္ဝန္းက်င္ကိုထိခိုက္မႈေတြရွိလာၾကပါတယ္။ ပလပ္စတစ္ေတြကို မီးရိႈ႕ဖ်က္စီးတဲ့အခါ ထြက္လာတဲ့အေငြ႕ေတြကို ရႈရႈိက္မိတဲ့သူေတြရဲ႕ မ်ိဳးဆက္ျပန္႕ပြားမႈကိုထိခိုက္မႈႏွင့္အျခားေသာ က်န္းမာေရးျပသာနာေတြျဖစ္ေစႏုိင္ပါတယ္။ ဒါေၾကာင့္ ပလပ္စတစ္ကို ထုတ္လုပ္မႈေလ်ာ့ခ်ၿပီး ထြက္ရွိၿပီးသားပလပ္စတစ္ေတြကို ျပန္လည္အသံုးျပဳၾကပါတယ္။

အခုအခါမွေတာ့ ဓာတုေဗဒကုမၸဏီေတြက ေျခလွမ္းအသစ္စတင္တဲ့အေနနဲ႕ စြန္႕ပစ္ပလပ္စတစ္အမႈိက္ေတြကို လမ္းေဖာက္လုပ္ရမွာအသံုးခ်ေတာ့မယ္လုိ႕သိရပါတယ္။ ဒါေၾကာင့္ ပတ္ဝန္းက်င္ထိခိုက္မႈကို လေ်ာ့ခ်ႏုိင္ၿပီး သမုဒၵရာႏွင့္ကုန္းျေမအႏွံ႕အျပားမွာ စြန္႕ပစ္ထားတဲ့ ပလပ္စတစ္ (၂၂၀၀၀၀) ေပါင္ အေလးခိ်န္္ခန္႕ကို စုေပါင္းၿပီးအက်ိုဳးရွိရွိအသံုးခ်ႏုိင္ေတာ့မွာျဖစ္ပါတယ္။ ထုိကုမၸဏီေတြအေနနဲ႕ ဒီထက္ပုိမ်ားတဲ့ ပမာဏကိုအသံုးခ်ႏုိင္ဖုိ႕လည္း ႀကိဳးစားေနတယ္လုိ႕သိရပါတယ္။

ဒီလုိအသံုးျပဳမႈကို စတင္ခဲ့တာက အင္ဒုိနီရွားႏုိင္ငံမွာျဖစ္ၿပီး အဏၰဝါပလပ္စတစ္ညစ္ညမ္းမႈမွာ ကမၻာ့ဒုတိယအႀကီးဆံုး ႏုိင္င္ငံ ျဖစ္ပါတယ္။ ဒီျပသာနာကို ‘Dow Chemical’ ကုမၸဏီက ဒီျပသာနာကိုေျဖရွင္းဖုိ႕ နည္းလမ္းရွာခဲ့ပါတယ္။ ဒါေၾကာင့္ ကုမၸဏီက အင္ဒိုနီရွားႏုိင္ငံသားေတြကို ပလပ္စတစ္အမႈိက္ကေန လမ္း အျဖစ္ဘယ္လုိေျပာင္းလဲရမယ္ဆုိတာ ကူညီျပသေပးခဲ့ပါတယ္။

ပံုမွန္အားျဖင့္ လမ္းရဲ႕မ်က္ႏွာျပင္ကို ႏုိင္လြန္ကတၱရာ ဒါမွမဟုတ္ ကြန္ကရစ္နဲ႕ ျပဳလုပ္တာပါ ဒါေပမယ့္ ‘Dow Chemical’ က ပံုမွန္အသံုးျပဳတဲ့ ႏုိင္လြန္ကတၱရာႏွင့္ပလပ္စတစ္ကိုေပါင္းစပ္ဖုိ႕ နည္းလမ္းရွာေဖြခဲ့ပါတယ္။ ဒီလုိမ်ိဳးေပါင္းစပ္လုိက္တာက သာမန္အသံုးျပဳေနၾက ပစၥည္းေတြထက္ပိုၿပီး လမ္းေဖာ္ကလုပ္ရမွာ ေကာင္းမြန္တယ္လုိ႕ သိရပါတယ္။

‘Dow Chemical’ ကုမၸဏီက ၂၀၁၇ ခုႏွစ္မွာ အင္ဒိုနီရွားႏွင့္ အိႏိၵယမွာရွိတဲ့ လမ္းေတြကို ပလပ္စတစ္ေပါင္းစပ္ၿပီး ေဖာက္လုပ္ခဲ့ပါတယ္။ ပလပ္စတစ္ႏွင့္လမ္းေဆာက္လုပ္မႈက ေအာင္ျမင္လာၿပီး ထုိင္းႏုိင္ငံကလည္း အင္ဒိုနီရွားႏုိင္ငံအတုိင္းလုိက္လုပ္ခဲ့ပါတယ္။

ဒီပလပ္စတစ္ႏွင့္လမ္းေဖာက္လုပ္တာေၾကာင့္ ပလပစ္တစ္ညစ္ညမ္းကို ကိုေလ်ာ့ခ်ႏို္င္ၿပီး ထုိလမ္းေတြက သာမန္ႏုိင္လြန္ကတၱရာနဲ႕ ခင္းတဲ့ လမ္းထက္ပုိၿပီး ခံႏုိင္ရည္ရွိတယ္လုိ႕သိရပါတယ္။ ‘Dow Chemical’ က ပလပ္စတစ္လမ္းေတြက ႏုိင္လြန္ကတၱရာထက္ ရာသီဥတုဒဏ္ႏွင့္ကားဘီးေတြရဲ႕ ပြတ္တုိက္မႈကို ပုိၿပီးခံႏုိင္ရည္ရွိတယ္လုိ႕ေျပာဆုိခဲ့ပါတယ္။

ထုိလမ္းေတြက အပူခ်ိန္ကုိ အႏႈတ္ ၄၀ ဒီဂရီဖာရင္ဟုိက္ကေန ၁၇၆ ဒီဂရီဖာရင္ဟုိက္ အထိခံႏုိ္င္ၿပီး ဒီပမာဏက ကြန္ကရစ္ထက္ သံုးဆပိုၿပီးခံႏုိင္တဲ့သေဘာျဖစ္ပါတယ္။ ‘Dow Chemical’ က ႏုိင္လြန္ကတၱရာႏွင့္ပလပ္စတစ္ေပါင္းစပ္ၿပီး လမ္းေဖာက္လုပ္ဖုိ႕ ေျပာဆုိထားေပမယ့္ ပစၥည္းေတြရဲ႕ ပါဝင္တဲ့အခ်ိဳးအစားကုိေတာ့ မေျပာျပထားပါဘူး။

Lwin Phay Oo
MyanmarNote
Ref: Elitereaders

Unicode Version
စွန့်ပစ်ပလပ်စတစ်တွေအသုံးပြုပြီး လမ်းဖောက်လုပ်မယ့် ဓာတုဗေဒကုမ္ပဏီ

တိုးတက်လာတဲ့ ခေတ်မှာ ပလပ်စတစ်တွေကိုပိုမိုအသုံပြုလာကြပြီး ဖျက်စီးရခက်ကာ သဘာပတ်ဝန်းကျင်ကိုထိခိုက်မှုတွေရှိလာကြပါတယ်။ ပလပ်စတစ်တွေကို မီးရှို့ဖျက်စီးတဲ့အခါ ထွက်လာတဲ့အငွေ့တွေကို ရှုရှိုက်မိတဲ့သူတွေရဲ့ မျိုးဆက်ပြန့်ပွားမှုကိုထိခိုက်မှုနှင့်အခြားသော ကျန်းမာရေးပြသာနာတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပလပ်စတစ်ကို ထုတ်လုပ်မှုလျော့ချပြီး ထွက်ရှိပြီးသားပလပ်စတစ်တွေကို ပြန်လည်အသုံးပြုကြပါတယ်။

အခုအခါမှတော့ ဓာတုဗေဒကုမ္ပဏီတွေက ခြေလှမ်းအသစ်စတင်တဲ့အနေနဲ့ စွန့်ပစ်ပလပ်စတစ်အမှိုက်တွေကို လမ်းဖောက်လုပ်ရမှာအသုံးချတော့မယ်လို့သိရပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုကို လျော့ချနိုင်ပြီး သမုဒ္ဒရာနှင့်ကုန်းြမေအနှံ့အပြားမှာ စွန့်ပစ်ထားတဲ့ ပလပ်စတစ် (၂၂၀၀၀၀) ပေါင် အလေးချိန်ခန့်ကို စုပေါင်းပြီးအကျိုုးရှိရှိအသုံးချနိုင်တော့မှာဖြစ်ပါတယ်။ ထိုကုမ္ပဏီတွေအနေနဲ့ ဒီထက်ပိုများတဲ့ ပမာဏကိုအသုံးချနိုင်ဖို့လည်း ကြိုးစားနေတယ်လို့သိရပါတယ်။

ဒီလိုအသုံးပြုမှုကို စတင်ခဲ့တာက အင်ဒိုနီရှားနိုင်ငံမှာဖြစ်ပြီး အဏ္ဏဝါပလပ်စတစ်ညစ်ညမ်းမှုမှာ ကမ္ဘာ့ဒုတိယအကြီးဆုံး နိုင်င်ငံ ဖြစ်ပါတယ်။ ဒီပြသာနာကို ‘Dow Chemical’ ကုမ္ပဏီက ဒီပြသာနာကိုဖြေရှင်းဖို့ နည်းလမ်းရှာခဲ့ပါတယ်။ ဒါကြောင့် ကုမ္ပဏီက အင်ဒိုနီရှားနိုင်ငံသားတွေကို ပလပ်စတစ်အမှိုက်ကနေ လမ်း အဖြစ်ဘယ်လိုပြောင်းလဲရမယ်ဆိုတာ ကူညီပြသပေးခဲ့ပါတယ်။

ပုံမှန်အားဖြင့် လမ်းရဲ့မျက်နှာပြင်ကို နိုင်လွန်ကတ္တရာ ဒါမှမဟုတ် ကွန်ကရစ်နဲ့ ပြုလုပ်တာပါ ဒါပေမယ့် ‘Dow Chemical’ က ပုံမှန်အသုံးပြုတဲ့ နိုင်လွန်ကတ္တရာနှင့်ပလပ်စတစ်ကိုပေါင်းစပ်ဖို့ နည်းလမ်းရှာဖွေခဲ့ပါတယ်။ ဒီလိုမျိုးပေါင်းစပ်လိုက်တာက သာမန်အသုံးပြုနေကြ ပစ္စည်းတွေထက်ပိုပြီး လမ်းဖော်ကလုပ်ရမှာ ကောင်းမွန်တယ်လို့ သိရပါတယ်။

‘Dow Chemical’ ကုမ္ပဏီက ၂၀၁၇ ခုနှစ်မှာ အင်ဒိုနီရှားနှင့် အိန္ဒိယမှာရှိတဲ့ လမ်းတွေကို ပလပ်စတစ်ပေါင်းစပ်ပြီး ဖောက်လုပ်ခဲ့ပါတယ်။ ပလပ်စတစ်နှင့်လမ်းဆောက်လုပ်မှုက အောင်မြင်လာပြီး ထိုင်းနိုင်ငံကလည်း အင်ဒိုနီရှားနိုင်ငံအတိုင်းလိုက်လုပ်ခဲ့ပါတယ်။

ဒီပလပ်စတစ်နှင့်လမ်းဖောက်လုပ်တာကြောင့် ပလပစ်တစ်ညစ်ညမ်းကို ကိုလျော့ချနိုင်ပြီး ထိုလမ်းတွေက သာမန်နိုင်လွန်ကတ္တရာနဲ့ ခင်းတဲ့ လမ်းထက်ပိုပြီး ခံနိုင်ရည်ရှိတယ်လို့သိရပါတယ်။ ‘Dow Chemical’ က ပလပ်စတစ်လမ်းတွေက နိုင်လွန်ကတ္တရာထက် ရာသီဥတုဒဏ်နှင့်ကားဘီးတွေရဲ့ ပွတ်တိုက်မှုကို ပိုပြီးခံနိုင်ရည်ရှိတယ်လို့ပြောဆိုခဲ့ပါတယ်။

ထိုလမ်းတွေက အပူချိန်ကို အနှုတ် ၄၀ ဒီဂရီဖာရင်ဟိုက်ကနေ ၁၇၆ ဒီဂရီဖာရင်ဟိုက် အထိခံနိုင်ပြီး ဒီပမာဏက ကွန်ကရစ်ထက် သုံးဆပိုပြီးခံနိုင်တဲ့သဘောဖြစ်ပါတယ်။ ‘Dow Chemical’ က နိုင်လွန်ကတ္တရာနှင့်ပလပ်စတစ်ပေါင်းစပ်ပြီး လမ်းဖောက်လုပ်ဖို့ ပြောဆိုထားပေမယ့် ပစ္စည်းတွေရဲ့ ပါဝင်တဲ့အချိုးအစားကိုတော့ မပြောပြထားပါဘူး။

Lwin Phay Oo
MyanmarNote
Ref: Elitereaders