တစ္ရက္တည္းႏွင့္ ဆုသံုးႀကိမ္ကံထူးခဲ့တဲ့ အုိဟုိင္းရုိးက အမ်ိဳးသား

အုိဟုိင္ရုိးက အမ်ိဳးသားတစ္ေယာက္က ကန္ဇိုထီလက္မွတ္ကေန စုစုေပါင္း ေဒၚလာ ၃၂၅၄ ရရွိခဲ့ၿပီး တစ္ရက္တည္း ဆုသံုးႀကိမ္ကံထူးခဲ့ပါတယ္လုိ႕သိရပါတယ္။

ဒိုမီနစ္စတူဘာ အမည္ရွိအမ်ိဳးသားက အုိင္ဟုိင္းရုိးထီဌာနကို သူက ေအသင္မွာရွိတဲ့ ‘Go Mart’ မွာ ကန္ဇုိထီလက္မွတ္ေတြဝယ္ယူခဲ့ၿပီး အဲ့ထဲကမွ ထီလက္မွတ္သံုးေစာင္ က ကံထူးခဲ့တာျဖစ္တယ္လုိ႕ေျပာဆုိခဲ့ပါတယ္။

စတူဘာ ကံထူးခဲ့တဲ့ ထီလက္မွတ္ဆုေတြက ေဒၚလာ ၂၄၆၄၊ ေဒၚလာ ၆၁၀ ႏွင့္ ေဒၚလာ ၁၈၀ အသီးသီး ရရွိခဲ့တာျဖစ္ၿပီး စုစုေပါင္း ေဒၚလာ ၃၂၅၄ ရရွိခဲ့ပါတယ္။ သူက အုိင္ဟုိင္းရိုး တကၠသုိလ္က ေက်ာင္းသားတစ္ေယာက္ျဖစ္ၿပီး ပိုက္ဆံေတြက တစ္နည္းမဟုတ္တစ္နည္း သူဆီဝင္လာၾကတယ္လုိ႕ေျပာဆုိခဲ့ပါတယ္။

Lwin Phay Oo
MyanmarNote
Ref : upi

Unicode Version
တစ်ရက်တည်းနှင့် ဆုသုံးကြိမ်ကံထူးခဲ့တဲ့ အိုဟိုင်းရိုးက အမျိုးသား

အိုဟိုင်ရိုးက အမျိုးသားတစ်ယောက်က ကန်ဇိုထီလက်မှတ်ကနေ စုစုပေါင်း ဒေါ်လာ ၃၂၅၄ ရရှိခဲ့ပြီး တစ်ရက်တည်း ဆုသုံးကြိမ်ကံထူးခဲ့ပါတယ်လို့သိရပါတယ်။

ဒိုမီနစ်စတူဘာ အမည်ရှိအမျိုးသားက အိုင်ဟိုင်းရိုးထီဌာနကို သူက အေသင်မှာရှိတဲ့ ‘Go Mart’ မှာ ကန်ဇိုထီလက်မှတ်တွေဝယ်ယူခဲ့ပြီး အဲ့ထဲကမှ ထီလက်မှတ်သုံးစောင် က ကံထူးခဲ့တာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။

စတူဘာ ကံထူးခဲ့တဲ့ ထီလက်မှတ်ဆုတွေက ဒေါ်လာ ၂၄၆၄၊ ဒေါ်လာ ၆၁၀ နှင့် ဒေါ်လာ ၁၈၀ အသီးသီး ရရှိခဲ့တာဖြစ်ပြီး စုစုပေါင်း ဒေါ်လာ ၃၂၅၄ ရရှိခဲ့ပါတယ်။ သူက အိုင်ဟိုင်းရိုး တက္ကသိုလ်က ကျောင်းသားတစ်ယောက်ဖြစ်ပြီး ပိုက်ဆံတွေက တစ်နည်းမဟုတ်တစ်နည်း သူဆီဝင်လာကြတယ်လို့ပြောဆိုခဲ့ပါတယ်။

Lwin Phay Oo
MyanmarNote
Ref : upi