လမေစ့ဘဲေမြးခဲ့ေပမယ့္၊ ကမာၻ႕အသက္ႀကီးဆုံးျဖစ္လာတဲ့ ဂ်ပန္အဖြားအုိ

အသက္ရွည္ဆုံး လူမ်ိဳးစာရင္းမွာ ဂ်ပန္ေတြအမ်ားစုပါဝင္ေနတာဟာ ထူးဆန္းတဲ့တုိက္ဆုိင္မႈ ျဖစ္ေနပါတယ္။ အခုလည္း အသက္(၁၁၆)ႏွစ္အရြယ္ကို ေရာက္ေနၿပီျဖစ္တဲ့ ဂ်ပန္အဖြားအုိဟာ အမ်ိဳးသမီးထဲမွာ သက္ရွိထင္ရွားရွိေနသူေတြထဲမွာ အသက္ႀကီးဆုံးပုဂၢိဳလ္အျဖစ္ ဂင္းနစ္မွတ္တမ္းဝင္ခဲ့ၿပီ ျဖစ္ပါတယ္။ အဖြားရဲဲ႕နာမည္က Kane Tanaka ျဖစ္ၿပီး ဖူကူအုိမာမွာ ေနထိုင္ပါတယ္။

အဖြား Kane ဟာ (၁၉၀၃)ခုႏွစ္၊ ဇန္နဝါရီ (၂)ရက္ေန႔မွာ လမေစ့ဘဲ ေမြးလာခဲ့တာျဖစ္ၿပီး၊ ထုိစဥ္တုန္းကေတာ့ သူမကို လပုိင္းေလာက္ပဲ အသက္ရွင္လိမ့္မယ္လုိ႔ မိဘေတြက ခန္႔မွန္းခဲ့ၾကၿပီး၊ စုိးရိမ္မႈေတြနဲ႔ ေစာင့္ၾကည့္ေနခဲ့ရပါတယ္။ ဒါေပမယ့္ အခုဆုိ Kane ဟာ (၁၁၆)ႏွစ္နဲ႔၊ (၆၆)ရက္ ျဖစ္ေနပါၿပီ။ ကမာၻ႕အသက္ႀကီးဆုံးဘြဲ႕ကုိ သူမေနထုိင္တဲ့ ေစာင့္ေရွာက္ေရးေဂဟာမွာ လက္ခံရယူခဲ့ပါတယ္။

အသိအမွတ္ျပဳလက္မွတ္ လက္ခံပြဲမွာ အဖြားဟာ ေခ်ာကလက္ေသတၱာတစ္ဘူးကုိလည္း လက္ေဆာင္ရရွိခဲ့ၿပီး၊ တစ္ရက္ကို ေခ်ာကလက္ (၁၀၀)ေလာက္အထိ စားႏုိင္တယ္လုိ႔ ေျပာပါတယ္။ ဘာေၾကာင့္ အသက္ရွည္တာလဲဆုိတဲ့ ေမးခြန္းအေပၚ၊ သူမက ” ကၽြန္မက မနက္(၆)နာရီမွာ ႏုိးေလ့ရွိတယ္ … အခုထိ သခ်ၤာကုိလည္း ေလ့လာေနတုန္း”လုိ႔ ေျပာပါတယ္။

အဖြား Kane ဟာ မိဘေတြျဖစ္တဲ့ Kumakichi နဲ႔ Kuma Ota တုိ႔ျဖစ္ၿပီး၊ သတၱေျမာက္ သမီးျဖစ္ပါတယ္။ သူမအသက္(၁၉)ႏွစ္ျပည့္တဲ့ (၁၉၂၂) ဇန္နဝါရီ (၆)ရက္မွာ အိမ္ေထာင္ဘက္နဲ႔ မဂၤလာပြဲဆင္ႏႊဲခဲ့ပါတယ္။ အခုအခ်ိန္ထိလည္း Kane ရဲ႕ ေမာင္ညီမေတြက အသက္ထင္ရွား ရွိေနဆဲပါ။ သူမရဲ႕ ညီမေတြကေတာ့ Hana နဲ႔ Nao Sakai တုိ႔ျဖစ္ၿပီး၊ ေမာင္အငယ္ဆုံးကေတာ့ Kiyoshi Ota ျဖစ္ပါတယ္။

လင္းသူရိန္ (MyanmarNote)

source : mirror.co.uk

ယူနီကုဒ်ဖြင့် ဖတ်ရန်-

အသက်ရှည်ဆုံး လူမျိုးစာရင်းမှာ ဂျပန်တွေအများစုပါဝင်နေတာဟာ ထူးဆန်းတဲ့တိုက်ဆိုင်မှု ဖြစ်နေပါတယ်။ အခုလည်း အသက်(၁၁၆)နှစ်အရွယ်ကို ရောက်နေပြီဖြစ်တဲ့ ဂျပန်အဖွားအိုဟာ အမျိုးသမီးထဲမှာ သက်ရှိထင်ရှားရှိနေသူတွေထဲမှာ အသက်ကြီးဆုံးပုဂ္ဂိုလ်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။ အဖွားရဲဲ့နာမည်က Kane Tanaka ဖြစ်ပြီး ဖူကူအိုမာမှာ နေထိုင်ပါတယ်။

အဖွား Kane ဟာ (၁၉၀၃)ခုနှစ်၊ ဇန်နဝါရီ (၂)ရက်နေ့မှာ လမစေ့ဘဲ မွေးလာခဲ့တာဖြစ်ပြီး၊ ထိုစဉ်တုန်းကတော့ သူမကို လပိုင်းလောက်ပဲ အသက်ရှင်လိမ့်မယ်လို့ မိဘတွေက ခန့်မှန်းခဲ့ကြပြီး၊ စိုးရိမ်မှုတွေနဲ့ စောင့်ကြည့်နေခဲ့ရပါတယ်။ ဒါပေမယ့် အခုဆို Kane ဟာ (၁၁၆)နှစ်နဲ့၊ (၆၆)ရက် ဖြစ်နေပါပြီ။ ကမ္ဘာ့အသက်ကြီးဆုံးဘွဲ့ကို သူမနေထိုင်တဲ့ စောင့်ရှောက်ရေးဂေဟာမှာ လက်ခံရယူခဲ့ပါတယ်။

အသိအမှတ်ပြုလက်မှတ် လက်ခံပွဲမှာ အဖွားဟာ ချောကလက်သေတ္တာတစ်ဘူးကိုလည်း လက်ဆောင်ရရှိခဲ့ပြီး၊ တစ်ရက်ကို ချောကလက် (၁၀၀)လောက်အထိ စားနိုင်တယ်လို့ ပြောပါတယ်။ ဘာကြောင့် အသက်ရှည်တာလဲဆိုတဲ့ မေးခွန်းအပေါ်၊ သူမက ” ကျွန်မက မနက်(၆)နာရီမှာ နိုးလေ့ရှိတယ် … အခုထိ သချင်္ာကိုလည်း လေ့လာနေတုန်း”လို့ ပြောပါတယ်။

အဖွား Kane ဟာ မိဘတွေဖြစ်တဲ့ Kumakichi နဲ့ Kuma Ota တို့ဖြစ်ပြီး၊ သတ္တမြောက် သမီးဖြစ်ပါတယ်။ သူမအသက်(၁၉)နှစ်ပြည့်တဲ့ (၁၉၂၂) ဇန်နဝါရီ (၆)ရက်မှာ အိမ်ထောင်ဘက်နဲ့ မင်္ဂလာပွဲဆင်နွှဲခဲ့ပါတယ်။ အခုအချိန်ထိလည်း Kane ရဲ့ မောင်ညီမတွေက အသက်ထင်ရှား ရှိနေဆဲပါ။ သူမရဲ့ ညီမတွေကတော့ Hana နဲ့ Nao Sakai တို့ဖြစ်ပြီး၊ မောင်အငယ်ဆုံးကတော့ Kiyoshi Ota ဖြစ်ပါတယ်။

လင်းသူရိန် (MyanmarNote)

source : mirror.co.uk