ဗာမောက်မြို့ငယ်လေးရဲ့ မြို့တော်ဝင်ဖြစ်သွားတဲ့ လင်ကွန်းအမည်ရှိဆိတ်ကလေး

ဒီဆိတ်ကလေးက ကြောင်တွေ ၊ ခွေးတွေကို ကျော်ဖြတ်ပြီး ‘FAIR HEAVEN’ မှာ မြို့တော်ဝင်ဖြစ်သွားပါပြီ။

အသက် ၃ နှစ်အရွယ် လင်ကွန်းမည်ရှိ နူဘီရံမျိုး ဆိတ်ကလေးက ဗာမောက်မြို့က Fair Heaven မှာ ပမထဦးဆုံးတိရစ္ဆာန် မြို့တော်ဝင်ဖြစ်သွားပါပြီ။ ဒီဆိတ်မလေးက မြို့ခံပြည်သူတွေက ရွေးချယ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့မှာ လင်ကွန်းဆိတ်မလေးက ရုံးထိုင်နေပြီဖြစ်ပါတယ်။

ဒီသမ္မတရွေးကောက်ပွဲမှာ အိမ်မွေးတိရစ္ဆာန် (၁၆) ကောင်ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ ရွေးကောက်ခံကိုယ်စားလှည်အများစုကတော့ အများစုကတော့ ခွေးတွေ၊ ကြောင်တွေဖြစ်ပြီး ခရစ်စ်တယ်လ်အမည်ရှိ Gerbil (နောက်ခြေထောက်ရှည်ပြီး ကြွက်နှင့်တူသော သတ္တဝါတစ်မျိုး) လည်း ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ကြတယ်လို့သိရပါတယ်။

ဆိတ်မလေး လင်ကွန်းက မဲအရေအတွက် (၁၃) မဲနှင့် မဲအရေအတွက် (၁၀) မဲရခဲ့တဲ့ ဆန်မီအမည်ရှိခွေး ကိုအနိုင်ယူခဲ့ပြီး အခြားကိုယ်းစားလှယ်တွေရဲ့မဲစုစုပေါင်းကတော့ (၃၀) မဲဖြစ်ပါတယ်။

မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်တဲ့ ကာလအတွင်း ဆိတ်မကလေးလင်ကွန်းကို မြို့တွင်းပွဲတွေဖြစ်တဲ့ အထိမ်းအမှတ်နေ့တွေမှာ ပါဝင်တက်ရောက်မယ်လို့ သိရပါတယ်။

Lwin Phay Oo
MyanmarNote
Ref : huffpost

Unicode Version





Lwin Phay Oo
MyanmarNote
Ref : huffpost