

၁ Ben Affleck


၂ Halle Berry


၃ Josh Brolin


၎ Michael Keaton


၅ Michael Fassbender


၆ Tom Hardy


၇ Ryan Reynolds


၈ Zachary Levi

မင်းသား Zachary Levi က Shazam နေရာမှာသရုပ်ဆောင်ထားသလို နာမည်ကြီး Thor ကားထဲမှာလည်း Thor ရဲ့ ငယ်သူငယ်ချင်း စစ်သူရဲကောင်းနေရာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Lwin Phay Oo
MyanmarNote
Ref : Elite Readers

Unicode Version
Marvel နှင့် DC စူပါဟီရိုးရုပ်ရှင်နှစ်ခုလုံးမှာ သရုပ်ဆောင်ခဲ့ကြတဲ့ အနုပညာရှင်များ

လက်ရှိကာလမှာတော့ စူပါဟီရိုးရုပ်ရှင်တွေက အရမ်းကိုလူကြိုက်များပြီးအောင်မြင်မှုရရှိနေကြပါတယ်။ ဒီရုပ်ရှင်တွေက Marvel နှင့် DC ရုပ်ပြဇာတ်လမ်းတွေကို အခြေခံပြီးရိုက်ကူးတာပါ။ ဒီရုပ်ပြနှစ်ခုက စူပါဟီရိုးဇာတ်လမ်းတွေနဲ့ပတ်သတ်ပြီး သူထက်ငါ ပြိုင်ဆိုင်နေကြတာပါ။ အခုပြောပြမှာကတော့ ဒီရုပ်ပြနှစ်ခုစလုံးမှာ သရုပ်ဆောင်ခဲ့ကြတယ် အနုပညာရှင်တွေကိုဖော်ပြပေးသွားမှာပါ။

၁ Ben Affleck

Ben Affleck က DC ရဲ့ ‘Batman’ ဇာတ်ကောင်အနေနဲ့ နာမည်ကြီးလူသိများလာခဲ့ပေမယ့် တစ်ချိန်တုန်းက Marvel ရဲ့ မျက်မမြင်သူရဲကောင်း ‘Daredevil’ အဖြစ်နဲ့သရုပ်ဆောင်ဘူးပါတယ်။

၂ Halle Berry

မင်းသမီး Berry ကတော့ Marvel ရဲ့ X-Men ဇာတ်ကားတွေမှာ Storm အဖြစ်နာမည်ရခဲ့ပါတယ်။ ဒါပေမယ်သူ(မ)က အောင်မြင်မှုနည်းခဲ့တဲ့ DC ရဲ့ ‘Catwoman’ အဖြစ်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

၃ Josh Brolin

ပြောရမယ်ဆိုရင် မင်းသား Brolin က Marvel ဇာတ်ကောင်နှစ်နေရာမှာကို သရုပ်ဆောင်ထားတာပါ Thanosနေရာ နှင့် Cable နေရာမှာပါ။ DC မှာတော့ Jonah Hex ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ထားပါတယ်။

၄ Michael Keaton

၁၉၈၀ ခုနှစ်မှာတုန်းက မင်းသားကြီး Michael Keaton က Batman ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့ပါတယ်။ ယခုအချိန် Spider-Man: Homecoming ရုပ်ရှင်မှာတော့ Vulture ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

၅ Michael Fassbender

X-Men ကားတွေထဲမှာ Magneto ရဲ့လူလတ်ပိုင်းဘဝ နေရာမှာ Michael Fassbender ကသရုပ်ဆောင်ထားပြီး DC ရဲ့ Jonah Hex ကားမှာလည်း ‘Burke’ အဖြစ်ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

၆ Tom Hardy

Tom Hardy ကတော့ Marvel နှင့် DC ကားတွေ ခပ်ကြမ်းကြမ်းဇာတ်ကောင်နေရာတွေမှာသရုပ်ဆောင်ထားဖြစ်ပြီး DC က Bane နေရာနှင့် Marvel က Venom နေရာတွေမှာ သရုပ်ဆောင်ထားတာပါ။

၇ Ryan Reynolds

Deadpool ကားနှင့် လူကြိုက်များခဲ့တဲ့ Ryan Reynolds က DC ရဲ့ Green Lantern ဇာတ်ကောင်နေရာမှာလည်းသရုပ်ဆောင်ထားခဲ့ပါတယ်။

၈ Zachary Levi

မင်းသား Zachary Levi က Shazam နေရာမှာသရုပ်ဆောင်ထားသလို နာမည်ကြီး Thor ကားထဲမှာလည်း Thor ရဲ့ ငယ်သူူငယ်ချင်း စစ်သူရဲကောင်းနေရာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Lwin Phay Oo
MyanmarNote
Ref : Elite Readers