အေဝးေျပးလမ္းမေတြမွာ သားရဲတိရစာၦန္ေတြ အႏၱရာယ္ကင္းျဖတ္သန္းႏုိင္ဖုိ႕ ဖန္တီးထားၾကတဲ့ႏုိင္ငံမ်ား

ကြ်န္ေတာ္တုိ႕ ရွင္သန္ေနထုိင္ရာ ကမၻာႀကီးမွာ သက္ရွိ၊ သက္မဲ့ စသျဖင့္ တစ္ဦးကိုတစ္ဦး မွီသဟဲျပဳေနထုိင္ၾကရာပါ။ ထုိေဂဟစနစ္ႀကီးပ်က္စီး သြားပါက ကြွန္ေတာ္တုိ႕လူသားေတြလည္း ထိခုိက္မွာပါ။ တိုးတက္လာတဲ့ေခတ္နဲ႕အညီ တုိးပြားလာတဲ့လူဦးေရေၾကာင့္ သားရဲတိရစာၦန္ေတြရဲ႕ စားက်က္ေျမလည္းနည္းပါးလာသလုိ သူတုိ႕ေနထုိင္ရာေတာအုပ္ေတြထဲ ကားလမး္မွေတြေဖာက္လုပ္တဲ့အခါမွာ မေတာ္တဆမႈေတြေၾကာင့္ အသက္အႏၱရာယ္ထိခုိက္မႈေတြမ်ားလာပါတယ္။

ဒီလိုျပသာနာေတြကို ႏုိင္ငံအခ်ိဳ႕က စိတ္ကူးဥာဏ္သစ္ေတြနဲ႕ ေတာရုိင္းသဘာဝကိုထိန္းသိမ္းလာၾကပါတယ္။ ေတာအုပ္အနီးနားရွိ အေဝးေျပးလမ္းမေတြမွာ သားရဲတိရစာၦန္ေတြ ျဖတ္သန္းသြားလာမႈေတြရွိတာေၾကာင့္ ျဖတ္သန္းသြားလာတဲ့ ယာဥ္ေတြနဲ႕မတုိက္မိေအာင္လုပ္လာၾကပါတယ္။ အေဝးေျပးလမ္းမေတြရဲ႕ ေအာက္ေျခမွာ ေျမာင္းေဖာက္ၿပီး သားရဲတိရစာၦန္ေတြျဖတ္သန္းဖုိ႕လုပ္ထားသလုိ ၊ လမ္းမအထက္ ဂံုးေက်ာ္တံတားတည္ေဆာက္ၿပီး အေပၚကသြားႏုိင္ေအာင္ ႀကံေဆာင္ခဲ့ၾကပါတယ္။

ေနာေဝးႏုိင္ငံမွာဆုိလည္း ပ်ားေတြရွင္သန္ဖုိ႕အတြက္ ပ်ားအေဝးေျပးလမ္းကို ဖန္တီးထားခဲ့ပါတယ္။ အရြယ္ေရာက္သူေတာ္ေတာ္မ်ားက ေနၾကာပန္းႏွင့္ အျခားပန္းေတြကို ပ်ားေတြဝတ္ရည္စုပ္ယူဖုိ႕အတြက္ စိုက္ပ်ိဳးေပးထားသလုိ ပ်ားအံုေတြဖန္တီးေပးထားပါတယ္။ ေသးငယ္ေသာ အင္းဆက္ေလးေတြကလည္း ကြ်န္ေတာ္တုိ႕ ကမၻာႀကီးအတြက္အေရးပါပါတယ္။

ဲၾသစေၾတးလ်ႏုိင္ငံမွာဆုိရင္ ေအာက္တုိဘာလႏွင့္ ဒီဇင္ဘာလၾကားမွာ ဂဏန္းနီေတြျဖတ္သန္းသြားလာတတ္ၾကပါတယ္။ ဒီဂဏန္းနီေတြက အေရအတြက္ သန္း (၅၀) ခန္႕ရွိၿပီး သူတုိ႕ေနထုိင္တဲ့ေနရာကေန ပင္လယ္ကမ္းရုိးတန္းတစ္ေလွ်ာက္ ဥ ဥခ်ဖုိ႕အတြက္ ၾသစေၾတးလ်ရဲ႕ လမ္းေတြထက္ျဖတ္္သန္းသြားလာၾကရပါတယ္။ ဒီလုိမ်ိဳး ဂဏန္းေတြေရြ႕ေျပာင္းေနထုိင္တဲ့ ေနရာမွာ လူေတြက ၅ မီတာ အျမင့္ရွိတဲ့ တံတားထုိးေပးၿပီး အႏၱရယ္ကင္းေအာင္ လုပ္ေဆာင္ေပးၾကပါတယ္။

Lwin Phay Oo
MyanmarNote
Ref: Brightside

Unicode Version
အဝေးပြေးလမ်းမတွေမှာ သားရဲတိရစ္ဆာန်တွေ အန္တရာယ်ကင်းဖြတ်သန်းနိုင်ဖို့ ဖန်တီးထားကြတဲ့နိုင်ငံများ

ကျွန်တော်တို့ ရှင်သန်နေထိုင်ရာ ကမ္ဘာကြီးမှာ သက်ရှိ၊ သက်မဲ့ စသဖြင့် တစ်ဦးကိုတစ်ဦး မှီသဟဲပြုနေထိုင်ကြရာပါ။ ထိုဂေဟစနစ်ကြီးပျက်စီး သွားပါက ကွှန်တော်တို့လူသားတွေလည်း ထိခိုက်မှာပါ။ တိုးတက်လာတဲ့ခေတ်နဲ့အညီ တိုးပွားလာတဲ့လူဦးရေကြောင့် သားရဲတိရစ္ဆာန်တွေရဲ့ စားကျက်မြေလည်းနည်းပါးလာသလို သူတို့နေထိုင်ရာတောအုပ်တွေထဲ ကားလမ်းမှတွေဖောက်လုပ်တဲ့အခါမှာ မတော်တဆမှုတွေကြောင့် အသက်အန္တရာယ်ထိခိုက်မှုတွေများလာပါတယ်။

ဒီလိုပြသာနာတွေကို နိုင်ငံအချို့က စိတ်ကူးဉာဏ်သစ်တွေနဲ့ တောရိုင်းသဘာဝကိုထိန်းသိမ်းလာကြပါတယ်။ တောအုပ်အနီးနားရှိ အဝေးပြေးလမ်းမတွေမှာ သားရဲတိရစ္ဆာန်တွေ ဖြတ်သန်းသွားလာမှုတွေရှိတာကြောင့် ဖြတ်သန်းသွားလာတဲ့ ယာဉ်တွေနဲ့မတိုက်မိအောင်လုပ်လာကြပါတယ်။ အဝေးပြေးလမ်းမတွေရဲ့ အောက်ခြေမှာ မြောင်းဖောက်ပြီး သားရဲတိရစ္ဆာန်တွေဖြတ်သန်းဖို့လုပ်ထားသလို ၊ လမ်းမအထက် ဂုံးကျော်တံတားတည်ဆောက်ပြီး အပေါ်ကသွားနိုင်အောင် ကြံဆောင်ခဲ့ကြပါတယ်

နောဝေးနိုင်ငံမှာဆိုလည်း ပျားတွေရှင်သန်ဖို့အတွက် ပျားအဝေးပြေးလမ်းကို ဖန်တီးထားခဲ့ပါတယ်။ အရွယ်ရောက်သူတော်တော်များက နေကြာပန်းနှင့် အခြားပန်းတွေကို ပျားတွေဝတ်ရည်စုပ်ယူဖို့အတွက် စိုက်ပျိုးပေးထားသလို ပျားအုံတွေဖန်တီးပေးထားပါတယ်။ သေးငယ်သော အင်းဆက်လေးတွေကလည်း ကျွန်တော်တို့ ကမ္ဘာကြီးအတွက်အရေးပါပါတယ်။

ဲသြစတြေးလျနိုင်ငံမှာဆိုရင် အောက်တိုဘာလနှင့် ဒီဇင်ဘာလကြားမှာ ဂဏန်းနီတွေဖြတ်သန်းသွားလာတတ်ကြပါတယ်။ ဒီဂဏန်းနီတွေက အရေအတွက် သန်း (၅၀) ခန့်ရှိပြီး သူတို့နေထိုင်တဲ့နေရာကနေ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ဥ ဥချဖို့အတွက် သြစတြေးလျရဲ့ လမ်းတွေထက်ဖြတ်သန်းသွားလာကြရပါတယ်။ ဒီလိုမျိုး ဂဏန်းတွေရွေ့ပြောင်းနေထိုင်တဲ့ နေရာမှာ လူတွေက ၅ မီတာ အမြင့်ရှိတဲ့ တံတားထိုးပေးပြီး အန္တရယ်ကင်းအောင် လုပ်ဆောင်ပေးကြပါတယ်။

Lwin Phay Oo
MyanmarNote
Ref: Brightside