တတိယေျမာက္ ဇာတ္ကားအတြက္ ျပင္ဆင္ထားၿပီဆိုတဲ့ ဇဏ္ခီ

0
478

မႏၱေလး -ေမလ ၂၁

သ႐ုပ္ေဆာင္ဇာဏ္ခီက အခုမိုးတြင္းအကုန္မွာ တတိယေျမာက္ ဇာတ္ကား႐ိုက္ဖို႔ ျပင္ဆင္ထားၿပီလို႔ ဆိုပါတယ္။
ဥပၸါယ္တံမွ်င္ ၊ မုျဒာရဲ႕ေခၚသံ ဇာတ္ကားေတြနဲ႔ ပရိသတ္ရဲ႕ခ်စ္ခင္အားေပးမႈကို ရ႐ွိထားတဲ့ ဇဏ္ခီက “တတိယတစ္ကားကေတာ့ အရင္က ႏွစ္ကား႐ိုက္ဖို႔ ျပင္ဆင္ထားၾကတာ။ ဒါေပမယ့္ ဘယ္ကား စ႐ိုက္ျဖစ္မလဲေတာ့ မက်ိန္းေသေသးဘူး။ “သီတာ” ႐ွိတယ္။ “Now and Ever” ႐ွိတယ္။ ဘယ္ကားအရင္စရုိက္ျဖစ္မလဲ။ ဒါမွမဟုတ္ တစ္ကားၿပီးရင္ ေနာက္တစ္ကား ဆက္သြားမလားေပါ့။ အဲဒါမွလည္း ကြၽန္ေတာ္တို႔ ႏွစ္ကားေလာက္ သြားလို႔ရမွာ။ ဒီမိုးတြင္းမွာ ကြၽန္ေတာ္တို႔ ညႇိနႉိင္းတိုင္ပင္ၿပီးေတာ့ ဆံုးျဖတ္ခ်က္ ခ်သြားမွာ။ မိုးတိတ္တာနဲ႔ ကြၽန္ေတာ္တို႔ စ႐ိုက္ႏိုင္ပါၿပီ။ “လို႔ ဇဏ္ခီက ေျပာပါတယ္။
သီတာ ဇာတ္ကားကေတာ့ မင္းသမီးဇာတ္ျဖစ္ကာ ေခတ္လြန္ဇာတ္ကားျဖစ္ေပမယ့္ အရမ္းႀကီးေခတ္လြန္တဲ့ ပံုစံမ်ိဳးမဟုတ္ဘူးလို႔ ဆိုပါတယ္။ သီတာဇာတ္ကားမွာေတာ့ ဇဏ္ခီက supporting အေနနဲ႔ ပါဝင္သြားမယ္လို႔ သိရတယ္။
Now and Ever ဇာတ္ကားကေတာ့ Romance အခ်စ္ဇာတ္ကားျဖစ္ကာ ေခါင္းေဆာင္အေနနဲ႔ ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔ ဆိုပါတယ္။

လတ္တေလာမွာေတာ့ မုျဒာရဲ႕ေခၚသံ ႐ုပ္႐ွင္ဇာတ္ကားကို လာမယ့္ (၂၅)ရက္ေန႔ စကာၤပူႏိုင္ငံမွာ ျပသဖို႔ ျပင္ဆင္ေနတယ္လို႔ဆိုၿပီး US၊ ၾသစေၾတးလ် နဲ႔ ထိုင္းႏိုင္ငံတို႔မွာ ဆက္လက္ျပသသြားႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ ဇဏ္ခီက ေျပာပါတယ္။
Kyar Phyu
MyanmarNote

Unicode Version
တတိယမြောက် ဇာတ်ကားအတွက် ပြင်ဆင်ထားပြီဆိုတဲ့ ဇဏ်ခီ

မန္တလေး -မေလ ၂၁

သရုပ်ဆောင်ဇာဏ်ခီက အခုမိုးတွင်းအကုန်မှာ တတိယမြောက် ဇာတ်ကားရိုက်ဖို့ ပြင်ဆင်ထားပြီလို့ ဆိုပါတယ်။

ဥပ္ပါယ်တံမျှင် ၊ မုဒြာရဲ့ခေါ်သံ ဇာတ်ကားတွေနဲ့ ပရိသတ်ရဲ့ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ဇဏ်ခီက “တတိယတစ်ကားကတော့ အရင်က နှစ်ကားရိုက်ဖို့ ပြင်ဆင်ထားကြတာ။ ဒါပေမယ့် ဘယ်ကား စရိုက်ဖြစ်မလဲတော့ မကျိန်းသေသေးဘူး။ “သီတာ” ရှိတယ်။ “Now and Ever” ရှိတယ်။ ဘယ်ကားအရင်စရိုက်ဖြစ်မလဲ။ ဒါမှမဟုတ် တစ်ကားပြီးရင် နောက်တစ်ကား ဆက်သွားမလားပေါ့။ အဲဒါမှလည်း ကျွန်တော်တို့ နှစ်ကားလောက် သွားလို့ရမှာ။ ဒီမိုးတွင်းမှာ ကျွန်တော်တို့ ညှိနှိူင်းတိုင်ပင်ပြီးတော့ ဆုံးဖြတ်ချက် ချသွားမှာ။ မိုးတိတ်တာနဲ့ ကျွန်တော်တို့ စရိုက်နိုင်ပါပြီ။ “လို့ ဇဏ်ခီက ပြောပါတယ်။

သီတာဇာတ်ကားကတော့ မင်းသမီးဇာတ်ဖြစ်ကာ ခေတ်လွန်ဇာတ်ကားဖြစ်ပေမယ့် အရမ်းကြီးခေတ်လွန်တဲ့ ပုံစံမျိုးမဟုတ်ဘူးလို့ ဆိုပါတယ်။ သီတာဇာတ်ကားမှာတော့ ဇဏ်ခီက supporting အနေနဲ့ ပါဝင်သွားမယ်လို့ သိရတယ်။

Now and Ever ဇာတ်ကားကတော့ Romance အချစ်ဇာတ်ကားဖြစ်ကာ ခေါင်းဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားကို လာမယ့် (၂၅)ရက်နေ့ စကာၤပူနိုင်ငံမှာ ပြသဖို့ ပြင်ဆင်နေတယ်လို့ဆိုပြီး US၊ သြစတြေးလျ နဲ့ ထိုင်းနိုင်ငံတို့မှာ ဆက်လက်ပြသသွားနိုင်ဖို့ ကြိုးစားနေတယ်လို့ ဇဏ်ခီက ပြောပါတယ်။
Kyar Phyu
MyanmarNote