ျမန္မာ-တရုတ္ႏြယ္ဖြား ဖခင္မွေမြးဖြားတဲ့ မေလးရွားရုပ္ရွင္မင္းသမီးႀကီး Tiara Jacquelina

0
290

သူကေတာ့ လက္ရွိမေလးရွား ရုပ္ရွင္ေလာကရဲ႕အေအာင္ျမင္ဆံုးမင္းသမီးတစ္ေယာက္ျဖစ္ပါတယ္။

ဖခင္ျဖစ္သူက ျမန္မာ-တရုတ္စပ္ျဖစ္ျပီး၊ မိခင္ျဖစ္သူက အင္ဒိုတရုတ္ ျဖစ္ပါတယ္။ မေလးရွားရုပ္ရွင္ေလာကရဲ႕ ထုတ္လုပ္သူ၊ အဆိုေတာ္အျဖစ္လည္း လူသိမ်ားပါတယ္။ နိုင္ငံတကာရုပ္ရွင္ေတြမွာ ပါဝင္ရတဲ့ မေလးအနုပညာရွင္ထဲကတစ္ေယာက္လဲျဖစ္ပါတယ္။
သူ႕ရဲ႕ အဘုိးျဖစ္သူက ျမန္မာျဖစ္ျပီး ဒုတိယကမာၻစစ္တုန္းက တရုတ္ကေန မေလးရွားကိုေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။ အဘြားျဖစ္သူကေတာ့ တရုတ္ပါ။
သူရဲ႕ေအာင္ျမင္မႈေတြကေတာ့

(၁၉၉၅) ခုနွစ္မွာ Malaysian Film Festival ဆု၊

(၂၀၀၅) မွာ Asian First Film Festival ရဲ႕Best Producer ဆု၊ Asia-Pacific Film Festival ရဲ႕ Best Actress ဆု၊ Malaysian PPFM Oscars 2005 ရဲ႕Best Producer ဆို နဲ႕ Malaysian PPFM Oscars 2005 ရဲ႕ Best Actess ဆုတို႕ကိုဆြတ္ခူးထားသူလည္းျဖစ္ပါတယ္။

(၂၀၀၉) ခုနွစ္မွာ Federation for Asian Cultural Promotion (FACP Malaysia) ဆုကိုလည္းထပ္မံရရွိထားပါတယ္။ သူက အနုပညာလုပ္ငန္းေတြကို ေက်ာင္းေနစဥ္ကတည္းက လုပ္ကိုင္ခဲ့သူပါ။

(၁၉၈၀) ဝန္းက်င္မွာ အနုပညာေလာကထဲသို႕ စတင္ဝင္ေရာက္ခဲ့ျပီး ေက်ာ္ၾကားေအာင္ျမင္လာတဲ့ ဇာတ္ကားေတြကေတာ့ A Legendary Love (2004)၊ Beyond Rangoon (1995) နဲ႕ High Society (1995) တို႔ျဖစ္ပါတယ္။
အသက္ (၅၀) ရွိျပီျဖစ္တဲ့ မေလးရွားမင္းသမီး Tiara Jacquelina ဟာ ကြာလာလမ္ပူျမိဳ႕မွာေနထိုင္လ်က္ရွိျပီး ကေလး(၅) ရဲ႕မိခင္လည္းျဖစ္ပါတယ္။
ေမာင္ညိဳ
MyanmarNote

Unicode Version
မြန်မာ-တရုတ်နွယ်ဖွား ဖခင်မှမွေးဖွားတဲ့ မလေးရှားရုပ်ရှင်မင်းသမီးကြီး Tiara Jacquelina

သူကတော့ လက်ရှိမလေးရှား ရုပ်ရှင်လောကရဲ့အအောင်မြင်ဆုံးမင်းသမီးတစ်ယောက်ဖြစ်ပါတယ်။

ဖခင်ဖြစ်သူက မြန်မာ-တရုတ်စပ်ဖြစ်ပြီး၊ မိခင်ဖြစ်သူက အင်ဒိုတရုတ် ဖြစ်ပါတယ်။ မလေးရှားရုပ်ရှင်လောကရဲ့ ထုတ်လုပ်သူ၊ အဆိုတော်အဖြစ်လည်း လူသိများပါတယ်။ နိုင်ငံတကာရုပ်ရှင်တွေမှာ ပါဝင်ရတဲ့ မလေးအနုပညာရှင်ထဲကတစ်ယောက်လဲဖြစ်ပါတယ်။

သူ့ရဲ့ အဘိုးဖြစ်သူက မြန်မာဖြစ်ပြီး ဒုတိယကမ္ဘာစစ်တုန်းက တရုတ်ကနေ မလေးရှားကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အဘွားဖြစ်သူကတော့ တရုတ်ပါ။
သူရဲ့အောင်မြင်မှုတွေကတော့

(၁၉၉၅) ခုနှစ်မှာ Malaysian Film Festival ဆု၊

(၂၀၀၅) မှာ Asian First Film Festival ရဲ့Best Producer ဆု၊ Asia-Pacific Film Festival ရဲ့ Best Actress ဆု၊ Malaysian PPFM Oscars 2005 ရဲ့Best Producer ဆို နဲ့ Malaysian PPFM Oscars 2005 ရဲ့ Best Actess ဆုတို့ကိုဆွတ်ခူးထားသူလည်းဖြစ်ပါတယ်။

(၂၀၀၉) ခုနှစ်မှာ Federation for Asian Cultural Promotion (FACP Malaysia) ဆုကိုလည်းထပ်မံရရှိထားပါတယ်။ သူက အနုပညာလုပ်ငန်းတွေကို ကျောင်းနေစဉ်ကတည်းက လုပ်ကိုင်ခဲ့သူပါ။

(၁၉၈၀) ဝန်းကျင်မှာ အနုပညာလောကထဲသို့ စတင်ဝင်ရောက်ခဲ့ပြီး ကျော်ကြားအောင်မြင်လာတဲ့ ဇာတ်ကားတွေကတော့ A Legendary Love (2004)၊ Beyond Rangoon (1995) နဲ့ High Society (1995) တို့ဖြစ်ပါတယ်။

အသက် (၅၀) ရှိပြီဖြစ်တဲ့ မလေးရှားမင်းသမီး Tiara Jacquelina ဟာ ကွာလာလမ်ပူမြို့မှာနေထိုင်လျက်ရှိပြီး ကလေး(၅) ရဲ့မိခင်လည်းဖြစ်ပါတယ်။
မောင်ညို
MyanmarNote