0
26
Ribo
MyanmarNote
Ref: Indian Express
၂၂.၂.၂၀၁၉ တွင်ရုံတင်ပြသမည် ဟီရိုးရုပ်ရှင်ကားကြီး
Unicode Version
အချစ်ဇာတ်လမ်းတစ်ကားရိုက်ရန်အတွက်ပြန်ပေါင်းစည်းမည့် ဘောလိဝုဒ်မင်းသား ဆဲလ်မန်ခန်နှင့် ဒါရိုက်တာဆန်ဂျေလီလာ ဘဟမ်းစလီ
ဘောလိဝုဒ်နာမည်ကြီးသရုပ်ဆောင် ဆဲလ်မန်ခန်နှင့် ဒါရိုက်တာဆန်ဂျေလီလာ ဘဟမ်းစလီတို့က ၂၀၂၀ မှာ ထုတ်လွှင့်မယ့် ရုပ်ရှင်ကားအတွက်ပြန်ပေါင်းစည်းကြမယ်လို့သိရပါတယ်။ ဒီရှပ်ရှင်က အချစ်ပုံပြင် ဇာတ်လမ်းမျိုးဖြစ်ပြီး ဆယ်စုနှစ် ၂ ခုနီးပါကြာပြီးမှာ သူတို့နှစ်ယောက်ပြန်လက်တွဲဖြစ်ခဲ့တာပါ။ ၁၉၉၉ ခုနှစ်မှာ Hum Dil De Chuke Sanam ရုပ်ရှင်ကို အတူလက်တွဲပြီး ရိုက်ကူးခဲ့ကြပါတယ်။
‘Bhansali’ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ စီအီးအို ပရီရာနာဆင်းချ်က ပြောဆိုချက်အရ ‘ ဒါရိုက်တာဆန်ဂျေလီလာ ဘဟမ်းစလီရဲ့ ထွက်ရှိလာမယ့် ရုပ်ရှင်အပေါ် ကို အမြဲတမ်းသိချင်စိတ်ပြင်းပြတာတွေမျိုးတွေရှိပါတယ်။တစ်နှစ်တာအကောင်းဆုံးအဲလ်ဘမ်ဆုနှင့် ‘SLB’ ကရတဲ့သီချင်းထုတ်လုပ်သူဆုတွေကို သိမ်းယူရရှိခဲ့တဲ့ Padmaavat ရုပ်ရှင် နှင့်အတူ ပရိသတ်တွေက ‘Mirchi Music’ ကနေ အောင်မြင်မှုတွေရရှိခဲ့ လို့ ဂုဏ်ပြုနေစဉ်မှာ နောက်ထွက်မယ့်ကားတွေအကြောင်း အသေးစိတ်သိချင်နေကြပါတယ်။ ဒါရိုက်တာဆန်ဂျေလီလာ ဘဟမ်းစလီ ကသူရဲ့ မွေးနေ့မှာ နောက်ထပ်ရိုက်ကူးရေးနဲ့ပတ်သတ်ပြီး ထင်မြင်ချက်အမျိုးမျိုးကို ပြောဆိုခဲ့ပါတယ်။ ‘Hum Dil De Chuke Sanam ‘ ရုပ်ရှင်ရဲ့ ရသကိုနောက်ထပ်မရရှိခဲ့တာ ၁၉ နှစ်ရှိခဲ့ပြီး သူတို့နှစ်ယောက်တွဲရိုက်ကူးမှာကို ကြည့်ဖို့မစောင့်နိုင်တာ့ပါဘူး။ Hum Dil De Chuke Sanam ရုပ်ရှင်အပြီး ဒါရိုက်တာဆန်ဂျေလီလာ ဘဟမ်းစလီနှင့် ဆဲလ်မန်ခန်တို့ အချစ်ဇာတ်လမ်းတစ်ကားမှာပြန်လည်တွေ့ရပါပြီ’ လို့ပြောဆိုခဲ့ပါတယ်။
‘Dabangg 3’ ရုပ်ရှင်မှာ ဆဲလ်မန်ခန်ရဲ့အဖြစ်သရုပ်ဆောင် ရိုက်ကူးရေးအပြီး စက်တင်ဘာလလောက်မှာ စတင်ရိုက်ကူးဖြစ်မယ်လို့သိရပါတယ်။ အခြားပါဝင်သရုပ်ဆောင်မယ့်သူတွေကို မရွေးချယ်ရသေးပေမယ့် အချစ်ဇာတ်လမ်းအတွက် အမျိုးသမီးအဓိကဇာတ်ဆောင်နေရာမှာ နာမည်ကြီးတစ်ယောက်ကို ခေါ်ယူရိုက်ကူးမှာလို့သိရပါတယ်။ ရုပ်ရှင်အတွက် သီချင်းကိုတော့ ဘဟမ်းစလီကိုယ်တိုင်ဖန်တီး တီးခတ်မယ်လို့သိရပါတယ်။
Ribo
MyanmarNote
Ref: Indian Express