မိန္းမေတြနဲ႔ ေပ်ာ္ပါးျခင္းအပါအဝင္ ဆုိးခဲ့ေပခဲ့တဲ့အေၾကာင္းေတြ ဖြင့္ဟလုိက္တဲ့ ဂ်က္ကီခ်န္း

0
144

မင္းသားႀကီး ဂ်က္ကီခ်န္းအေၾကာင္းကုိေတာ့ ျမန္မာပရိသတ္ေတြကို အမ်ားႀကီး ရွင္းျပဖုိ႔ လိုမယ္မထင္ပါဘူး။ သူရဲ႕ ဂႏၳဝင္ေျမာက္တဲ့ ဇာတ္ကားေတြနဲ႔အတူ က်ေနာ္တုိ႔တစ္ေတြ ႀကီးျပင္းခဲ့ရၿပီး၊ အခု အသက္(၆၄)ႏွစ္ ေရာက္ေနၿပီျဖစ္တာေတာင္ အႏုပညာအလုပ္ေတြ လုပ္ေနဆဲ ကမာၻခ်စ္ မင္းသားႀကီးတစ္လက္ပါ။

ဂ်က္ကီရဲ႕ Never Grew Up အမည္ရ ပင္ကိုယ္ေရးအတၳဳပတၱိထဲမွာ သူ ငယ္ငယ္က ဆုိးခဲ့မုိက္ခဲ့တာေတြအေၾကာင္းကို အတြင္းက်က် ဖြင့္လွစ္ထားၿပီး၊ သူ႕ရဲ႕ လူမမယ္သားေလးကုိလည္း ဇနီးနဲ႔စကားမ်ား ရန္ျဖစ္ၿပီးေနာက္ ႐ိုက္ႏွက္ခဲ့မိေၾကာင္း စာအုပ္ထဲမွာ ဖြင့္ဟထားပါတယ္။

ဂ်က္ကီဆုိတာ ျဖစ္မလာခင္ကတည္းက ဂ်က္ကီဟာ ကြန္ဖူုးသင္တန္းေတြ၊ ကိုယ္ကာယသင္တန္းေတြအနီး ဝန္းက်င္မွာသာ က်င္လည္ေနသူျဖစ္ၿပီး၊ ေနာက္ပုိင္းမွာ အရက္ကို အလြန္အကၽြံႀကိဳက္ခဲ့မိေၾကာင္း၊ အလုပ္မရွိအကိုင္မရွိနဲ႔ အႏွိမ္ခံရလုိ႔ အမ်ိဳးေတြအေပၚမွာ အလြန္မခံခ်င္စိတ္ ျဖစ္ခဲ့ေၾကာင္း ဆုိပါတယ္။

ဒါေၾကာင့္ ဂ်က္ကီရဲ႕စိတ္ထဲမွာ ေငြဟာ အရာရာအားလုံးကို ေအာင္ျမင္ႏုိင္တယ္၊ ေငြက အရင္က ပိတ္ထားတဲ့ တံခါးေတြကို ပြင့္ေစတယ္၊ ေငြက ကိုယ့္ကို နင္းေခ်ထားတဲ့လူေတြကို ကိုယ့္ေျခေထာက္ေအာက္ ေရာက္ေစတယ္ဆုိတာကို သိရွိခဲ့ပါတယ္။ ဒါေၾကာင့္ သ႐ုပ္ေဆာင္နယ္ပယ္ဘက္မွာ ထင္မွတ္မထားဘဲ ေအာင္ျမင္မႈ ရခဲ့ၿပီးေနာက္ ေငြသန္းခ်ီပိုင္ဆုိင္တဲ့ သူေဌး ျဖစ္လာခဲ့ပါတယ္။

ဂ်က္ကီဟာ ေက်ာင္းမွာလည္း လူရႊတ္လူေနာက္တစ္ေယာက္ ျဖစ္ခဲ့ၿပီး၊ သူမ်ားေတြကို လုိက္ေလွ်ာက္ၿပီး ေနာက္ေနရတာနဲ႔ ေက်ာင္းသင္ခန္းစာေတြ ဘာေတြဆုိတာ မသိခဲ့ေၾကာင္း၊ စာအလြန္ညံ့သူျဖစ္လုိ႔ ေက်ာင္းရဲ႕ အည့ံဆုံးစာရင္းမွာေတာင္ ေအာင္ျမင္စြာ ရပ္တည္ႏုိင္ခဲ့ေၾကာင္း ဆုိပါတယ္။

ေအာင္ျမင္လာတဲ့အခါမွာလည္း အိမ္ေထာင္ေရး ေဖာက္ျပန္မႈေတြ က်ဴးလြန္ခဲ့လုိ႔ အိမ္ေထာင္ေရး မတည္ၿငိမ္ခဲ့ေၾကာင္း၊ ျပည့္တန္ဆာေတြ၊ အေပ်ာ္မယ္ေတြနဲ႔ ညလုံးေပါက္ အေပ်ာ္ၾကဴးေသာက္စားတာေတြ၊ ညလုံးေပါက္ ပါတီပြဲက်င္းပတာေတြ၊ ေဒၚလာသန္းနဲ႔ခ်ီ အကုန္အက်ခံၿပီး စားပြဲႀကီးေတြ ျပဳလုပ္ခဲ့တာေတြ ရွိခဲ့တယ္လုိ႔ ေျပာပါတယ္။

သူ႕မွာ ခ်ီးက်ဴးစရာအခ်က္က ဆင္းရဲႏြမ္းပါးသူေတြကုိ ျမင္ရင္ ေငြကို ရက္ရက္ေရာေရာ ထုတ္လွဴတတ္ၿပီး၊ အဝတ္အစားေတြ၊ အသုံးအေဆာင္ေတြ၊ စားစရာေတြ ဝယ္ေပးတတ္တဲ့ အက်င့္ကို လူေတြက အလြန္ခ်စ္ၾကပါတယ္။ သူဟာ ပရဟိတလုပ္ငန္းေတြမွာလည္း အိပ္စုိက္လုပ္ရတာေတြ ရွိေပမယ့္၊ သူ႕မွာ ဒီအခ်က္ေတြကသာ လူေတြ ခ်ီးက်ဴးဂုဏ္ယူစရာအျဖစ္ က်န္ရစ္မွာလုိ႔ ဆုိပါတယ္။

လင္းေဇာ္ကို (MyanmarNote)

source : nextshark.com

ယူနီကုဒ်ဖြင့် ဖတ်ရန်-

မင်းသားကြီး ဂျက်ကီချန်းအကြောင်းကိုတော့ မြန်မာပရိသတ်တွေကို အများကြီး ရှင်းပြဖို့ လိုမယ်မထင်ပါဘူး။ သူရဲ့ ဂန္ထဝင်မြောက်တဲ့ ဇာတ်ကားတွေနဲ့အတူ ကျနော်တို့တစ်တွေ ကြီးပြင်းခဲ့ရပြီး၊ အခု အသက်(၆၄)နှစ် ရောက်နေပြီဖြစ်တာတောင် အနုပညာအလုပ်တွေ လုပ်နေဆဲ ကမ္ဘာချစ် မင်းသားကြီးတစ်လက်ပါ။

ဂျက်ကီရဲ့ Never Grew Up အမည်ရ ပင်ကိုယ်ရေးအတ္ထုပတ္တိထဲမှာ သူ ငယ်ငယ်က ဆိုးခဲ့မိုက်ခဲ့တာတွေအကြောင်းကို အတွင်းကျကျ ဖွင့်လှစ်ထားပြီး၊ သူ့ရဲ့ လူမမယ်သားလေးကိုလည်း ဇနီးနဲ့စကားများ ရန်ဖြစ်ပြီးနောက် ရိုက်နှက်ခဲ့မိကြောင်း စာအုပ်ထဲမှာ ဖွင့်ဟထားပါတယ်။

ဂျက်ကီဆိုတာ ဖြစ်မလာခင်ကတည်းက ဂျက်ကီဟာ ကွန်ဖူုးသင်တန်းတွေ၊ ကိုယ်ကာယသင်တန်းတွေအနီး ဝန်းကျင်မှာသာ ကျင်လည်နေသူဖြစ်ပြီး၊ နောက်ပိုင်းမှာ အရက်ကို အလွန်အကျွံကြိုက်ခဲ့မိကြောင်း၊ အလုပ်မရှိအကိုင်မရှိနဲ့ အနှိမ်ခံရလို့ အမျိုးတွေအပေါ်မှာ အလွန်မခံချင်စိတ် ဖြစ်ခဲ့ကြောင်း ဆိုပါတယ်။

ဒါကြောင့် ဂျက်ကီရဲ့စိတ်ထဲမှာ ငွေဟာ အရာရာအားလုံးကို အောင်မြင်နိုင်တယ်၊ ငွေက အရင်က ပိတ်ထားတဲ့ တံခါးတွေကို ပွင့်စေတယ်၊ ငွေက ကိုယ့်ကို နင်းချေထားတဲ့လူတွေကို ကိုယ့်ခြေထောက်အောက် ရောက်စေတယ်ဆိုတာကို သိရှိခဲ့ပါတယ်။ ဒါကြောင့် သရုပ်ဆောင်နယ်ပယ်ဘက်မှာ ထင်မှတ်မထားဘဲ အောင်မြင်မှု ရခဲ့ပြီးနောက် ငွေသန်းချီပိုင်ဆိုင်တဲ့ သူဌေး ဖြစ်လာခဲ့ပါတယ်။

ဂျက်ကီဟာ ကျောင်းမှာလည်း လူရွှတ်လူနောက်တစ်ယောက် ဖြစ်ခဲ့ပြီး၊ သူများတွေကို လိုက်လျှောက်ပြီး နောက်နေရတာနဲ့ ကျောင်းသင်ခန်းစာတွေ ဘာတွေဆိုတာ မသိခဲ့ကြောင်း၊ စာအလွန်ညံ့သူဖြစ်လို့ ကျောင်းရဲ့ အည့ံဆုံးစာရင်းမှာတောင် အောင်မြင်စွာ ရပ်တည်နိုင်ခဲ့ကြောင်း ဆိုပါတယ်။

အောင်မြင်လာတဲ့အခါမှာလည်း အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ ကျူးလွန်ခဲ့လို့ အိမ်ထောင်ရေး မတည်ငြိမ်ခဲ့ကြောင်း၊ ပြည့်တန်ဆာတွေ၊ အပျော်မယ်တွေနဲ့ ညလုံးပေါက် အပျော်ကြူးသောက်စားတာတွေ၊ ညလုံးပေါက် ပါတီပွဲကျင်းပတာတွေ၊ ဒေါ်လာသန်းနဲ့ချီ အကုန်အကျခံပြီး စားပွဲကြီးတွေ ပြုလုပ်ခဲ့တာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

သူ့မှာ ချီးကျူးစရာအချက်က ဆင်းရဲနွမ်းပါးသူတွေကို မြင်ရင် ငွေကို ရက်ရက်ရောရော ထုတ်လှူတတ်ပြီး၊ အဝတ်အစားတွေ၊ အသုံးအဆောင်တွေ၊ စားစရာတွေ ဝယ်ပေးတတ်တဲ့ အကျင့်ကို လူတွေက အလွန်ချစ်ကြပါတယ်။ သူဟာ ပရဟိတလုပ်ငန်းတွေမှာလည်း အိပ်စိုက်လုပ်ရတာတွေ ရှိပေမယ့်၊ သူ့မှာ ဒီအချက်တွေကသာ လူတွေ ချီးကျူးဂုဏ်ယူစရာအဖြစ် ကျန်ရစ်မှာလို့ ဆိုပါတယ်။

လင်းဇော်ကို (MyanmarNote)

source : nextshark.com